
ဟင်းသီးဟင်းရွက်ဆီ (Vegatable Oil, Cooking Oil) များ၏ ပမာဏနှင့် အရွယ်အစားတို့အား မြန်မာ့အလေးချိန်ယူနစ်၊ ပင်ရင်းပါဝင်ပစ္စည်းအခြေခံသော ကုန်စည်၏အမျိုးအမည်များကို မြန်မာဘာသာဖြင့် ဖော်ပြရမည်ဖြစ်ပြီး လိုက်နာမှုမရှိပါက အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ညွှန်ကြားချက်အမှတ် (၁/ ၂၀၂၁) ဖြင့် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၂၂ ရက်တွင် ထုတ်ပြန်ထားခြင်းဖြစ်သည်။
စားသုံးသူများ ထင်ယောင်ထင်မှားမဖြစ်စေရေးနှင့် အခြေခံလိုအပ်ချက်အပေါ်တွင် စိတ်ကျေနပ်မှုရှိစေရေးအတွက် သက်ဆိုင်ရာ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စျေးကွက်အတွင်း ဖြန့်ဖြူးရောင်းချသည့် ဟင်းသီးဟင်းရွက်ဆီ (Vegatable Oil, Cooking Oil) အမျိုးအစားနှင့်စပ်လျဉ်း၍ ကုန်အညွှန်းအမှတ်အသား ဖော်ပြရမည်ဖြစ်သည်။
ယင်းသို့ ဖော်ပြရာတွင် (က)ပင်ရင်းပါဝင်ပစ္စည်းကို အခြေခံသောကုန်စည်၏ အမျိုးအမည်ကို တိကျစွာ မြန်မာဘာသာဖြင့် ဖော်ပြရမည်။ (ဥပမာ- ဟင်းသီးဟင်းရွက်ဆီ (စားအုန်းဆီ)၊ ဟင်းသီးဟင်းရွက်ဆီ (အဆင့် မြင့်စားအုန်းဆီ) (ခ) ကုန်စည်၏ အသားတင်ပမာဏနှင့် အရွယ်အစားတို့အား မြန်မာ့အလေးအချိန်ယူနစ်ဖြစ်သော ပိဿာ၊ ကျပ်သားတို့ကို မြန်မာဘာသာဖြင့် ဖော်ပြရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
လက်ရှိစျေးကွက်အတွင်း စားသုံးဆီအများအနက် အချို့သောစားသုံးဆီများကို ဟင်းသီးဟင်းရွက်ဆီ (Vegatable Oil, Cooking Oil) ဟူ၍ ဖော်ပြပြီး ထုတ်လုပ်ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း စိစစ်တွေ့ ရှိရကြောင်း ဖော်ပြထားသည်။
သို့ဖြစ်ရာ “ဟင်းသီးဟင်းရွက်ဆီ (Vegatable Oil, Cooking Oil)” ဟူသည့် ဖော်ပြချက်သည် ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ ပြဋ္ဌာန်းချက်များအရ ကုန်စည်တစ်ခုခု၏ အမျိုးအမည်မဟုတ်သည့်အပြင် ပင်ရင်းပါဝင်ပစ္စည်းကို အခြေခံဖော်ပြထားခြင်းမရှိသော ယေဘုယျဆန်သည့် အမျိုးအမည်တစ်ခုသာဖြစ်သည်။
အထက်ပါ ညွှန်ကြားချက်သည် စတင်ထုတ်ပြန်ပြီး ခြောက်လပြည့်မြောက်သည့်နေ့ရက် (လာမည့် ၂၀၂၂ ခုနှစ် ဇွန်လ)မှစတင် အာဏာသက်ရောက်မည်ဖြစ်သည်။
စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် အဆိုပါညွှန်းကြားချက်ကို လိုက်နာမှုမရှိပါက စားသုံးသူကာကွယ်ရေးဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
စားသုံးသူကာကွယ်ရေးဥပဒေပုဒ်မ ၁ ပုဒ်မခွဲ (ခ) အရ အဆိုပါဥပဒေ၏ အခန်း (၁၈) ပါ ကုန်အညွှန်းအမှတ်အသားဆိုင်ရာ ပြဋ္ဌာန်းချက်များသည် ဥပဒေပြဋ္ဌာန်းပြီး တစ်နှစ်ပြည့်မြောက်သည့် နေ့ရက်ဖြစ်သော ၂၀၂၀ ပြည့်နှစ်၊ မတ် ၁၆ ရက်မှ စတင်၍ အာဏာတည်ပြီး ဖြစ်သည်။
ကုန်အညွှန်းအမှတ်အသားဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့် စပ်လျဉ်း၍ စီးပွားရေးလုပ်ငန်းရှင်းများအနေဖြင့် လိုက်နာဆောင်ရွက်ရာတွင် အခက်အခဲမရှိစေရန် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်သည် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာ ၃ ရက်စွဲပါ ညွှန်ကြားချက်အမှတ် ၂/၂၀၁၉ ဖြင့် “ကုန်စည်များတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ဖော်ပြရာ၌” စီးပွားရေးလုပ်ငန်းရှင်များ “လိုက်နာဆောင်ရွက်ရန် ညွှန်ကြားချက်” ကို ကုန်စည်အုပ်စုအလိုက် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြရမည့် အသေးစိတ် စိစစ်ချက်နှင့်တကွ ထုတ်ပြန်ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ယင်းညွှန်ကြားချက်၏ အသေးစိတ်စိစစ်ချက်ပါ ကုန်စည်အုပ်စု ရှစ်ခုအနက် အစားအသောက်ကုန်စည်အုပ်စုတွင် ပါဝင်သည့် စားသုံးဆီအမျိုးမျိုးနှင့် စပ်လျဉ်း၍ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှု အညွှန်းတို့ကို မဖြစ်မနေဖော်ပြရန် လိုအပ်ကြောင်း သတ်မှတ်ထုတ်ပြန်ထားပြီးဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်