
မန္တလေးပွဲစား၊ ကုန်သည်စက်ပိုင်များ ကထိန်တော်အသင်း (မန္တလေးကုန်စည်ဒိုင်) စျေးကွက်တွင် အညာပဲတီစိမ်း ရွှေဝါများ ပစ္စည်း လှိုင်လှိုင်ဝင်ရောက်နေသာ်လည်း ပြီးခဲ့သည့်နှစ် ကာလတူအချိန်နှင့် နှိုင်းယှဉ်ပါက စျေးကောင်းရနေကြောင်း သိရသည်။
ယခင်နှစ်က လက်ရှိအချိန်တွင် သုံးတင်း ဝင်တစ်အိတ်လျှင် ကျပ် ၁၀၀၀၀၀ စျေးသာ ရှိပြီး လက်ရှိအချိန်တွင် ကျပ် ၁၂၀၀၀၀၀ စျေးရှိသောကြောင့် ကျပ်၂၀၀၀၀ ခန့် စျေး ပိုရနေကြောင်း၊ ပဲတီစိမ်းအညာရွှေဝါများကို စစ်ကိုင်းတိုင်း မြင်းမူ၊ မြောင်၊ ရွှေဘိုနှင့် မန္တလေးတိုင်း မတ္တရာ၊ စဉ့်ကူးနယ်များမှ ဝင်ရောက်နေကြောင်း ဆောင်းပဲတီစိမ်း အညာ စ နောက်လကုန်အထိ ဝင်ရောက်မည်ဖြစ်ကြောင်း ဦးစိုးဝင်းမြင့် (စိုးဝင်းမြင့်ပွဲရုံ) က ပြောကြားသည်။
“ အခုရက်ပိုင်း မန္တလေး စျေးကွက်ထဲ ဆောင်းပဲတီစိမ်း အညာရွှေဝါတွေ လှိုင်လှိုင် ဝင်ရောင်နေတယ်။ ဆောင်းပဲတီစိမ်း အညာ ရွှေဝါက ပဲထွက်တာ တစ်လလောက်ရှိပါပြီ။ နောက်လ ဇနန်ဝါရီလကုန်ဆို ပဲထွက်သက်တမ်းကုန်ပါပြီ။ ပဲမထွက်တော့ပါဘူး။ အညာရွှေဝါပဲထွက်တဲ့ရက်က နည်းပါတယ်။ ဇန်နဝါရီ လကုန်ဆို မန္တလေးဘက်ခြမ်းက မထွက်တော့ဘူး။ ရန်ကုန်ဘက်က ခရမ်းရွှေဝါတွေ စျေးကွက်ထဲ ဝင်ရောက်တော့မယ်။ အခုရက်ပိုင်းက စစ်ကိုင်းတိုင်းဘက်က ရွှေဘို၊ မုံရွာ၊ မြောင်၊ မြင်းမူ၊ မန္တလေးတိုင်းဘက်က မတ္တရာ စဉ့်ကူးနယ်တွေက အညာပဲတီစိမ်းတွေ စျေးကွက်ထဲ ဝင်ရောက်နေပါတယ်။ အခုရက်ပိုင်း ပဲတီစိမ်းစျေးက စျေးမတက်ပါဘူး။ ထိပ်စ စျေး ၁၂၀၀၀၀ စျေးရှိပါတယ်။ အလုံးစျေးက ၁၀၀၀၀၀ စျေး ပေါက်ပါတယ်။ ပြီးခဲ့သည့်နှစ်က ကာလတူရက်က ဒီအချိန်မှာ ၁၀၀၀၀၀ စျေးရှိတာပါ။ ဒီနှစ်အနေနဲ့က စျေးပိုမြင့်တယ်လို့ ပြောလို့ရတယ်။ နိုဝင်ဘာလ ၂၆ ရက်ကစပြီး နယ်စပ်ဂိတ်တွေ တရားဝင် ပြန်ဖွင့်လိုက်တဲ့အတွက် အရောင်းအဝယ်က စျေးမတက်ပေမဲ့ စျေးရောင်းချမှု သွက်လက်ပါတယ်။ စိုက်တဲ့ တောင်သူနဲ့ ကုန်သည်တို့ ပြန်ရောင်းချတဲ့အခါမှာ အဆင်ပြေကြတယ်။ ပဲတီစိမ်းစျေးက ဒီထက်အများကြီး စျေးနှုန်း ပြန်မကျဆင်းနိုင်ဘူးလို့ ခန့်မှန်းလို့ရတယ်။ နောက်တစ်ချက်က နယ်စပ်ဂိတ်ပြန်ဖွင့်တာက တစ်ကြောင်း၊ မကြာမီကာလမှာ တရုတ်ငွေနဲ့ မြန်မာကျပ်ငွေ တိုက်ရိုက်လဲလှယ်ဖို့ အစီအစဉ် ရှိတယ်ကြားတယ်။ တရုတ်ပြည်ကို ပို့တဲ့ နှမ်း၊ မြေပဲဆန်၊ ထောပတ်ပဲ၊ ပဲလွန်းဖြူ ၊ မြေထောက်ပဲတို့လည် စျေးကွက်အနေအထား ကောင်းနိုင်တယ်လို့ ခန့်မှန်းရပါတယ်” လို့ ၎င်းက ပြောကြားသည်။
တရုတ်ပြည်ကို အဓိက ပို့ကုန်ဖြစ်သည့် နှမ်းအနက် ကျပ် ၁၉၅၀၀၀၊ ဂျပန်နှမ်းအဖြူ ကျပ် ၁၄၈၀၀၀၊ ရိုးရိုးနှမ်းအဖြူ ၁၃၅၀၀၀၊ စျေးပဲလွန်းဖြူ ၁၃၅၀၀၀ စျေး၊ မြေပဲဆန် လုံးဆံ တစ်ပိဿာ ၂၉၅၀ ၊ ဖူးစားပြောင်းစျေး တစ်အိတ်ကို ကျပ် ၃၅၀၀၀ စျေး ၊အထွက်တိုး ပြောင်း အနေနှင့် တစ်အိတ်ကို ၃၀၀၀၀ စျေး ဆိုပြီး ပြောင်းမှာ လောလောဆယ် တရုတ်ဘက်မသွားဘဲ ထိုင်းနိုင်ငံဘက်ကို တင်ပို့နေကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်