Top News

Miss Grand International 2024 ပြိုင်ပွဲတွင် အလှမယ်သဲစုညိမ်းရရှိခဲ့သည့် 2nd Runner-Up ဆုကို ရုပ်သိမ်းကြောင်း MGI ထုတ်ပြန် 
24htopnews | December 4, 2024 12:12 AM CST

Miss Grand International 2024 ပြိုင်ပွဲတွင် အလှမယ်သဲစုညိမ်းရရှိခဲ့သည့် 2nd Runner-Up ဆုကို ရုပ်သိမ်းကြောင်း Miss Grand International Organization က အောက်တိုဘာ ၂၈ ရက်တွင်ထုတ်ပြန်ခဲ့သည်။

 2nd Runner-Up ဆုရှင် အလှမယ်သဲစုညိမ်းအနေဖြင့် မသင့်လျော်သော အပြုအမူများနှင့် စည်းကမ်းချိုးဖောက်မှုများကြောင့် ရုပ်သိမ်းရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Miss Grand International 2024 ပြိုင်ပွဲ၏ Grand Final ကို ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့ရှိ MGI Hall တွင် အောက်တိုဘာ ၂၅ ရက်က ကျင်းပခဲ့ခြင်းဖြစ်သည်။

Miss Grand International ဥက္ကဋ္ဌ နာဝပ်အစ်ဆာရာဂရီဆေးလ်က သဲစုငြိမ်း ဆုပြန်ပေးမည်ဟူသော ဆုံးဖြတ်ချက်ကို လက်ခံခဲ့ပြီး Miss Grand Myanmar နှင့် လည်းလက်တွဲဖြုတ်လိုက်သည်ဟုဘန် ကောက်သတင်းစာရှင်းလင်းပွဲတွင် ပြော ကြားခဲ့သည်။

''သူ့ကိုလှည့်ဖြားခဲ့တဲ့အရာကဘာလဲ။ ပထမနေရာကို ဆန္ဒရှိတယ်ဆိုရင် အဲဒါကို ရအောင်လုပ်ရပါမယ်။ အလှမယ်ဆုတိုင်း ဆွတ်ခူးနိုင်အောင်လို့ သူ့ကိုယ်ပိုင်အလှမယ် ပြိုင်ပွဲကို သူပဲဖန်တီးပါလို့ အကြံပြုပါတယ်'' ဟု ၎င်းက ပြောကြားခဲ့သည်။    

အဆိုပါပြိုင်ပွဲတွင် ပထမဆုကို အိန္ဒိယ အလှမယ်၊ ဒုတိယဆုကို ဖိလစ်ပိုင်အလှမယ် ၊ တတိယဆုကို မြန်မာအလှမယ် သဲစုငြိမ်းတို့ ဆွတ်ခူးရရှိခဲ့သည်။

မြန်မာအလှမယ် သဲစုငြိမ်းက ၎င်း၏ သရဖူကို ပြန်ပေးလိုက်ပြီဖြစ်ကြောင်း လူသိရှင်ကြား ထုတ်ပြန်လိုက်ပြီးနောက် Miss Grand International သည် တတိယဆုရှင်ကို လက်လွှတ်ဆုံးရှုံးခဲ့ရသည်။ 

National Costome နှင့် Country's Power of The Year ဟူသော အကောင်းဆုံးဆုတို့ကို ဆွတ်ခူးခြင်းမရှိဖြစ်ခဲ့ပြီး နောက်မိမိသည် လုယူခံရသည်ဟု ခံစားရသောကြောင့် မိမိ၏ဆုကိုလက်လွှတ်လိုက်ပြီဟု သဲစုငြိမ်းက အင်စတာဂရမ်တွင် တိုက်ရိုက်လွှင်ခဲ့သောဗီဒီယို၌ ပြောကြားခဲ့သည်။

    

အမျိုးသား ဝတ်စုံဆုကို ဘရာဇီး၊ အီကွေဒေါ၊ ဟွန်ဒူးရပ်စ်တို့ကရရှိသွားခဲ့ပြီး Country's Power of The Year ဆုကို ထိုင်းကဆွတ်ခူးခဲ့သည်။

'' ကျွန်မတို့နဲ့ထိုက်တန်တာကို ကျွန်မတို့မရခဲ့တာကြောင့် ကျွန်မရဲ့တတိယဆုကို  ပြန်ပေးလိုက်ပါတယ်။ အဲဒီဆုဟာ အလှမယ် သရဖူဆုလိုမဟုတ်ဘဲ National Costome နှင့် Country's Power of The Year တို့လို ဆုမျိုးဖြစ်ပါတယ်''ဟု ၎င်းက ပြောကြားခဲ့သည်။


READ NEXT
Cancel OK