Top News

Asean International Film Festival & Awards ၏ ဆန်ခါတင်ဆုများ စာရင်းတွင် ဒါရိုက်တာဏကြီး၊ အကယ်ဒမီပိုင်ဖြိုးသု၊ အလင်းရောင်နှင့် Best Film အတွက် ‘မီ’ ဇာတ်ကားများပါဝင်
24htopnews | December 3, 2024 10:12 AM CST

Asean International Film Festival & Awards တွင် မြန်မာအနုပညာရှင်များဖြစ်သည့် ဒါရိုက်တာဏကြီးနှင့် အကယ်ဒမီ ဒါရိုက်တာဝိုင်းတို့ တက်ရောက်လျက်ရှိပြီး ဆန်ခါတင်ဆုစာရင်းများအား ကြေညာထားရာတွင် ဒါရိုက်တာဏကြီး၊ အကယ်ဒမီပိုင်ဖြိုးသု၊ သရုပ်ဆောင်အလင်းရောင်နှင့် Best Film အတွက် ‘မီ’ ဇာတ်ကားများ ပါဝင်လျက်ရှိကြောင်း သိရသည်။ Asean International Film Festival & Awards ကို ဧပြီ ၂၅ ရက်မှ ၂၇ ရက်အထိကျင်းပနေခြင်းဖြစ်ပြီး မြန်မာနိုင်ငံမှ ‘မီ’ ရုပ်ရှင်ဇာတ်ကားနှင့် ‘ရွှေကြာ’ ဇာတ်ကားနှစ်ကားအား ပြသခွင့်ရရှိခြင်း ဖြစ်သည်။

Asean International Film Festival & Awards အတွက် ဆန်ခါတင်ဆုများ စာရင်းအား ကြေညာထားရာတွင် Best Director of Photography ဆုအတွက် ဒါရိုက်တာဏကြီးက ‘မီ’ ဇာတ်ကားဖြင့်သော် လည်းကောင်း၊ Best Actress ဆုအတွက် အကယ်ဒမီပိုင်ဖြိုးသုက ‘မီ’ ဇာတ်ကားဖြင့်သော်လည်းကောင်း၊ Best Supporting Actor ဆုအတွက် သရုပ်ဆောင်အလင်းရောင်က ‘ရွှေကြာ’ ဇာတ်ကားဖြင့်သော်လည်းကောင်း ၊ Best Film ဆုအတွက် ‘မီ’ ဇာတ်ကားကလည်းကောင်း ရွေးချယ်ခံထားရခြင်းဖြစ်သည်။ ဆုရွေးချယ်ပေးအပ်မှုများကို ဧပြီ ၂၇ ရက်ညပိုင်းတွင် ပြုလုပ်သွားမည့် ဆုပေးအပ်ချီးမြှင့်ပွဲတွင် တစ်ပါတည်း ကြေညာပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ဒါရိုက်တာဏကြီးနှင့် အကယ်ဒမီဒါရိုက်တာဝိုင်းတို့သည် ဧပြီ ၂၅ ရက်ညပိုင်းတွင်ပြုလုပ်ခဲ့သည့် ရုပ်ရှင်ပွဲတော်ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

Asean International Film Festival & Awards ရုပ်ရှင်ပွဲတော်တွင် ပြသခွင့်ရရှိကာ ဆန်ခါတင်ဆုများအတွက် ရွေးချယ်ခံထားရသည့် ‘မီ’ နှင့် ‘ရွှေကြာ’ ဇာတ်ကားနှစ်ကားလုံးမှာ အင်္ဂလိပ်စာတန်းရေးထိုးထားပြီး ၂၀၁၈ ခုနှစ်အတွင်း ရုံတင်ပြသခဲ့သည့် ဇာတ်ကားများဖြစ်သည်။ ယင်းဇာတ်ကားများအနက် ‘မီ’ ဇာတ်ကားမှာ Star Awards ဆုပေးပွဲတွင် Best Cinematography ဆုနှင့် Best Leading role in actress, Special Award (Costume and Make-up) ဆုများအား ဒါရိုက်တာဏကြီး၊ အကယ်ဒမီပိုင်ဖြိုးသု၊ မိတ်ကပ်မေဦးနှင့် ကိုဇော်ဇော်တို့က ရရှိထားသည်။ ‘ရွှေကြာ’ ဇာတ်ကားမှာလည်း အကယ်ဒမီထူးချွန်ဆုပေးပွဲတွင် အကောင်းဆုံး ဇာတ်ညွှန်းဆု၊ အကောင်းဆုံး ဇာတ်ကားဆု၊ အကောင်းဆုံး အမျိုးသမီးသရုပ်ဆောင်ဆု၊ ရုပ်ရှင်တည်းဖြတ်ဆု လေးဆုရရှိထားခြင်းဖြစ်သည်။

 


READ NEXT
Cancel OK