
Forever Star သရုပ်ဆောင်ရွေးချယ်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ရင်း ပရိသတ်သတိပြု အားပေးမှုကို စတင်ရရှိခဲ့ပြီးနောက် အနုပညာလုပ်ငန်းတွေမှာ ဆက်တိုက်တွေ့မြင်လာခဲ့ရသူ တစ်ဦးကတော့ သရုပ်ဆောင် မင်းသွေးခန့်ပဲ ဖြစ်ပါတယ်။ တေးသံရှင် Ar-T ရဲ့တေးသီချင်း Music Video တွေ အပါအဝင် ထင်ရှားတဲ့တေးသီချင်း Music Video အများအပြားမှာ ပါဝင်ခဲ့သလို Frequency ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားမှာလည်း ပါဝင်ခွင့်ရရှိခဲ့သူ ဖြစ်ပါတယ်။ သရုပ်ဆောင် မင်းသွေးခန့်က မိန်းကလေးပရိသတ် အများအပြားချစ်ခင်မှု ရရှိထားတာလည်း ဖြစ်ပါတယ်။ ဒီတစ်ပတ်မှာတော့ သရုပ်ဆောင် မင်းသွေးခန့်ပြောပြတဲ့ ငယ်စဉ်ကာလရဲ့ အမှတ်တရပုံရိပ်တချို့နဲ့ အနုပညာနယ်ပယ်အတွင်း ဖြတ်သန်းခဲ့တဲ့ အမှတ်တရတွေကို ပြန်လည် ဖော်ပြပေးချင်ပါတယ်။
သရုပ်ဆောင် မော်ဒယ်လ် မင်းသွေးခန့်ကို ၁၉၉၄ ခုနှစ် အောက်တိုဘာလမှာ မွေးဖွားခဲ့တာဖြစ်ပြီး တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့မှာ မွေးဖွားခဲ့တာ ဖြစ်ပါတယ်။ မွေးချင်း ညီမငယ် တစ်ယောက်ရှိပြီး အသက် လေးနှစ်လောက် ကွာခြားတယ်လို့ ဆိုပါတယ်။ ငယ်စဉ်ဘဝ အမှတ်တရအနေနဲ့ ထူးထူးခြားခြား မရှိပေမယ့် ပညာရေးနဲ့ ပတ်သက်လို့ Government Technology of University ဆိုတဲ့ကျောင်းမှာ mechanical မေဂျာနဲ့ စိတ်မပါတဲ့ ဘာသာရပ်ကို တက်ရောက်ရင်း ပထမနှစ်ကို သုံးနှစ်ကျခဲ့တာက အမှတ်တရပါပဲလို့ သရုပ်ဆောင် မင်းသွေးခန့်က ပွင့်ပွင့်လင်းလင်း ပြောပြခဲ့ပါတယ်။
“ငယ်ငယ်ကတည်းကတော့ အနုပညာကို အရမ်းဝါသနာပါခဲ့တာ။ သီချင်းနားထောင်ရတာ၊ ဆိုတာ၊ တီးရတာ၊ ကရတာ အကုန်ဝါသနာပါတယ်။ ပန်းချီဆွဲရတာ ၀ါသနာမပါပေမယ့် ပန်းချီကားတွေကိုလည်း ကြိုက်တယ်။ ရှုခင်းပုံတွေ ကြည့်ရတာ၊ ရှုခင်းနောက်ခံ ဓာတ်ပုံရိုက်ရတာ ၀ါသနာပါတယ်။ editing လုပ်ရတာ၊ ဇာတ်ညွှန်းရေးတာ အနုပညာနဲ့ဆက်စပ်ပြီး အကုန်ဝါသနာပါတယ်လို့ ပြောရမှာပါ”လို့ မင်းသွေးခန့်က အနုပညာဝါသနာဗီဇအကြောင်းကိုလည်း ပြောပြခဲ့ပါတယ်။
ငယ်စဉ်ကတည်းက ကျောင်းတက်စဉ်တစ်လျှောက်မှာ အနုပညာဝါသနာဗီဇရှိခဲ့ပေ မဲ့ မပါဝင်ဖြစ်ခဲ့ဘူးလို့ဆိုပါတယ်။ ကျောင်းကပွဲတွေ၊ လှုပ်ရှားမှုတွေမှာ ကိုယ်ပါဝင်ချင်တဲ့ ပုံစံနဲ့မကိုက်ညီတာကြောင့်မပါဖြစ်ခဲ့ပေမဲ့ သီချင်းတွေရေးကြည့်တာ၊ edit ဆက် ကြည့်တာ၊ ကိုယ့်ဘာသာရိုက်ကြည့်တာမျိုးတွေတော့ငယ်စဉ်ကတည်းက လုပ်ဖြစ် ခဲ့တယ်လို့ဆိုပါတယ်။ ဇာတ်ညွှန်းတွေကိုလည်း ကိုယ့်ဘာသာလေ့လာပြီး ရေး ကြည့်ဖြစ်ခဲ့တယ်လို့ဆိုခဲ့ပါသေးတယ်။ ကျောင်းပညာရေးအနေနဲ့တော့ ကျောင်း စာတော်တဲ့အထဲပါဝင်ပေမယ့် ထိပ်ဆုံးရောက်တဲ့အထိတော့ မဟုတ်ဘူးလို့ဆို ပါတယ်။ ဂုဏ်ထူးမှတ်နားလေးမှာ ရမှတ်တွေက အမြဲတမ်းရှိနေတတ်ပြီး တက္က သိုလ်ဝင်တန်းအောင်မြင်တဲ့အခါမှာတော့ ၀ါသနာပါတဲ့ဆေးကျောင်းတက်ဖို့ အမှတ်မမီခဲ့ဘူးလို့လည်း အမှတ်တရဆိုခဲ့ပါသေးတယ်။
“ပထမဆုံး အနုပညာလှုပ်ရှားမှုအနေနဲ့တော့ ၂၀၁၇ ဒီဇင်ဘာလောက်က လုပ်ခဲ့တဲ့ Forever Star ဆိုတဲ့ပြိုင်ပွဲမှာ ဝင်ပြိုင်ခဲ့တယ်။ အဲဒီပြိုင်ပွဲမှာ achievement တစ်ခုအနေနဲ့ ဖြစ်ခဲ့တယ်။ ပရိသတ်မှတ်မှတ်ထင်ထင် ဖြစ်စေခဲ့တဲ့အရာလည်း ဖြစ်တယ်ပေါ့။ ပြီးတော့ “ချစ်နေဖို့” ဆိုတဲ့သီချင်းလေးမှာ ပါဝင်ခွင့်ရတယ်။ ပြီးတော့ Frequency ဆိုတဲ့ ရုပ်ရှင်ကားကြီးတစ်ကားရိုက် ခွင့်ရပါတယ်။ ၂၀၁၉ မှာတော့ The Promice လို့နာမည်ပေးထားတဲ့ ရုပ် ရှင်ကားကြီးထပ်မံရိုက်ကူးခွင့်ရခဲ့ပါတယ်။ ၂၀၁၉ အကုန်မှာတော့ The Silence လို့ နာမည်ပေးထားတဲ့သီချင်း Music Video ကိုစရိုက်တယ်။ ၂၀၂၀ မှာထွက်လာတယ်။ ပြီးတော့ အိပ်မက်လေးသီချင်း Music Video ၊ အဲဒါပြီးတော့မှ မက်ခွင့်မရှိိလို့ နာမည်ပေးထားတဲ့ Music Video တွေပေါ့။ အဲဒီကနေမှ ဒီနယ်ပယ်ထဲက စီနီယာအစ်ကို အစ်မတွေရဲ့ Music Video တွေ အပုဒ် ၅၀ ဝန်းကျင်လောက်ကို ရိုက်ခွင့်ရခဲ့ပါတယ်” လို့ မင်းသွေးခန့်က ဆိုပါတယ်။
သရုပ်ဆောင် မင်းသွေးခန့်က လက်ရှိမှာ Innocent Series လို့နာမည်ပေး ထားတဲ့ BL ဇာတ်လမ်းတွဲမှာ ဇာတ်ကောင်တစ်ဦးအနေနဲ့ ပါဝင်ခွင့်ရထားတယ်လို့ ဆိုပါတယ်။ ကိုဗစ်ကာလ ပြီးသွားချိန်မှာတော့ Online Platform နဲ့ရုပ်သံလိုင်းကနေ ပြသသွားမယ့် ဇာတ်ကားနှစ်ကားမှာ ထပ်မံရိုက်ကူးသွားဖို့လည်း လက်ခံထားတယ်လို့ ဆိုပါတယ်။
စိန်ခေါ်မှုနဲ့ အခက်အခဲတွေနဲ့ ပတ်သက်လို့ “ကျွန်တော် နယ်ပယ်အသစ်တစ်ခုကို ဝင်မယ်ဆိုတဲ့အခါ အခက်အခဲတွေ ရှိပါတယ်။ အထူးသဖြင့်တော့ အနုပညာမျိုးရိုးလည်း မရှိတော့ ကိုယ့်စိတ်ကူးထဲကအရာနဲ့ လက်တွေ့လုပ်လိုက်တဲ့အခါ ကွာခြားတာမျိုးတွေ ကြုံရတာရှိပါတယ်။ ကျွန်တော် ဒီလောကထဲ ရောက်လာကတည်းက တွေ့ကြုံခွင့်ရခဲ့သူတွေကလည်း လက်တွဲကူညီကြပါတယ်”လို့ ဆိုပါတယ်။
သရုပ်ဆောင် မင်းသွေးခန့်က ပရိသတ်အားပေးမှု ရလာတာနဲ့ ပတ်သက်လို့ အတိုင်းမသိပျော်ရသလို ခင်ပွန်းကြီးဆယ်ပါး တစ်ပါးအနေနဲ့လည်း ပရိသတ်တွေကို ထည့်သွင်းထားတယ်လို့ ဆိုခဲ့ပါတယ်။ ပရိသတ်တွေရှိလို့လည်း မိဘတွေကို လုပ်ကျွေးနိုင်သလို ကိုယ်ဝါသနာပါရာ လုပ်ငန်းတွေ လုပ်နိုင်ပြီး ကိုယ်ဝယ်ချင်တာ သုံးချင်တာလည်း သုံးခွင့်ရတာကြောင့် ဘုရားရှိခိုးတိုင်းမှာ ပရိသတ်များနဲ့ လုပ်ဖော်ကိုင်ဖက်တွေကို မေတ္တာပို့ပေးတယ်လို့လည်း မင်းသွေးခန့်က ဆိုပါတယ်။
ဒီတစ်ပတ်မှာ ဖတ်ရှုခဲ့ကြရတာကတော့ အပြုံးချိုချိုလေးတွေကို ပိုင်ဆိုင်ထားတဲ့ လူငယ်မျိုးဆက်သစ် သရုပ်ဆောင် မင်းသွေးခန့်ရဲ့ ငယ်ဘဝ အမှတ်တရပုံရိပ်တချို့ပဲ ဖြစ်ပါတယ်။ နောက်တစ်ပတ်တွေမှာလည်း ဘယ်အနုပညာရှင်ရဲ့ ငယ်ဘဝအမှတ်တရ ပုံရိပ်တွေကို မေးမြန်း တင်ဆက်သွားမလဲဆိုတာ စောင့်မျှော် ဖတ်ရှုပေးစေချင်ပါတယ်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်