
ဂျပန်ရုပ်ရှင်ဇာတ်ကားပေါင်း ၂၇ ကားကို အွန်လိုင်းမှ အလွယ်တကူ အားပေးကြည့်ရှုနိုင်မည့် JFF: Plus Online Festival ကို ဇန်နဝါရီ ၁၃ ရက်မှ ၂၂ ရက်အထိ ကျင်းပမည်ဖြစ်ရာ ရုပ်ရှင်ပွဲတော် စတင်ဖွင့်လှစ်မည့် ဇန်နဝါရီ ၁၃ ရက်တွင် ဂျပန်ရုပ်ရှင်ဇာတ်ကားသစ် သုံးကားကို ပြသမည်ဖြစ်ကြောင်း သိရသည်။ ဇန်နဝါရီ ၁၃ ရက် မွန်းတည့် ၁၂ နာရီအချိန်တွင် Moon of a sleepness night ဇာတ်ကားကိုပြသမည်ဖြစ်ပြီး ယင်းဇာတ်ကားမှာ ရှဉ့်ကလေးတစ်ကောင်နှင့် ကောင်လေးတစ်ဦးတို့ကို အခြေခံထားသည့်ဇာတ်ကားတစ်ကားဖြစ်သည်။ မွန်းလွဲ ၂ နာရီတွင် Project Dreams-How to Build Mazinger Z’s Hanger ဇာတ်ကားကိုပြသမည် ဖြစ်သည်။ ယင်းဇာတ်ကားတွင် ကုမ္ပဏီဝန်ထမ်းများ၏ လှုပ်ရှားရုန်းကန်ရသည့်ဘဝရပ်တည်မှုများကို အခြေခံပုံဖော်ထားသည့် ဇာတ်ကားဖြစ်သည်။ ညနေ ၄ နာရီတွင် Dance with me ဇာတ်ကားကို ပြသမည် ဖြစ်ပြီး ယင်းဇာတ်ကားမှာ musical comedy ဇာတ်ကားအဖြစ် ပျော်ရွှင်ရယ်မြူးဖွယ် ဖန်တီးထားခြင်းဖြစ်သည်။
မတူကွဲပြားသည့်ရသမျိုးစုံဖြင့် ဖန်တီးထားသော ဂျပန်ရုပ်ရှင်ဇာတ်ကားကောင်းများကို အဆိုပါ ရုပ်ရှင်ပွဲတော်တွင် ရွေးချယ်အားပေးနိုင်မည်ဖြစ်ကာ အိမ်တွင် နေထိုင်ရင်း website မှ အခမဲ့အားပေး ကြည့်ရှုနိုင်မည်ဖြစ်သည်။ နှစ်စဉ်နှစ်တိုင်းတွင် မြန်မာနိုင်ငံ၌ ကျင်းပလေ့ရှိသည့် ဂျပန်ရုပ်ရှင်ပွဲတော်များကို ယခုနှစ်တွင် ကိုဗစ်ကပ်ရောဂါ ပြန့်ပွားလျက်ရှိသည့်အခြေအနေအရ အွန်လိုင်းရုပ်ရှင်ပွဲတော်အဖြစ် ပြောင်းလဲကျင်းပရန် စီစဉ်ထားခြင်းဖြစ်သည်။ ရုပ်ရှင်ပွဲတော်နှင့်ပတ်သက်သည့် အသေးစိတ် အချက်အလက်များကို Japanses Film Festival Myanmar Facebook Page တွင် လွှင့်တင်ထားကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်