
စွမ်းသဘင်၏ “ဟေမန္တ သဘင်ပွဲတော်” ဖျော်ဖြေပွဲအတွက် ရိုက်ကူးမှုများ ပြုလုပ်လျက်ရှိသည်ဟု သိရသည်။
‘‘ဟေမန္တ သဘင်ပွဲတော်က ကျွန်တော် အနုပညာဖျော်ဖြေမှုတွေ နားထားတဲ့အချိန်မှာတည်းက ချိတ်ထားတဲ့ အလုပ်လေးပါ။ အဓိက ကဖြစ်တဲ့အကြောင်းကတော့ ကျွန်တော့်ရဲ့ဇာတ်သဘင်အဖွဲ့သားတွေ အလုပ်ရရှိရေးအတွက်ရယ် တစ်နိုင်ငံလုံးမှာရှိတဲ့ ကျွန်တော့်ရဲ့ ပရိသတ်တွေအားလုံးအတွက်ရော နိုင်ငံရပ်ခြားမှာရှိနေကြတဲ့ ကျွန်တော့်ရဲ့ ပရိသတ်တွေရောအတွက် အလွမ်းပြေလေး ကြည့်လို့ရအောင် စီစဉ်ကပြဖြစ်တာပါ။ ဖျော်ဖြေချိန်က တစ်ပွဲကို ၂ နာရီနဲ့ ၂ နာရီခွဲလောက်တော့ ကပြဖြစ်မှာပါ။ ဖျော်ဖြေမှုအချိန် အတိုင်းအတာနည်းပေမယ့်လည်း သမားစဉ်တွေဖြစ်တဲ့ ဘုရားကန်တော့၊ အပျိုတော်၊ နတ်က၊ ဇာတ်သဘင်အဖွဲ့ရဲ့ အင်အားကို ပြသတဲ့ ပဏာမဖျော်ဖြေမှုတွေနဲ့အတူ ဟာသကပွဲ၊ မြန်မာမှုကပွဲ၊ အော်ပရာ၊ ပြဇာတ်စတာတွေကို တင်ဆက်မှာဖြစ်ပြီး နှစ်ပါးသွားကဏ္ဍနဲ့ နောက်ဆုံးပိတ်ဖျော်ဖြေတင်ဆက်ဖို့ စီစဉ်ထားပါတယ်။ ပဏာမဖျော်ဖြေမှုပြီးရင် တင်ဆက်မယ့်အစီအစဉ်တွေမှာ ရှေ့ပိုင်းကပြမယ့် ပွဲတွေမှာတော့ ဟာသကပွဲနဲ့ မြန်မာမှုကပွဲတွေကို တစ်လှည့်စီတင်ဆက်သွားမှာပါ။ တင်ဆက်မှုရဲ့ ရက်သတ္တပတ် နှစ်ပတ်ကျော်ရင်တော့ အော်ပရာနဲ့ ပြဇာတ်ကဏ္ဍတွေကိုလည်း အလှည့်ကျထည့်သွင်းတင်ဆက်ဖို့ စီစဉ်ထားပါတယ်။ အခုတော့ ကျွန်တော်တို့ ရိုက်ကူးရေးတွေ ဆက်တိုက်လုပ်ဖြစ်နေပါတယ်’’ ဟု စွမ်းဇာနည်က ဆိုသည်။
“ဟေမန္တသဘင်ပွဲတော်” ဖျော်ဖြေပွဲများကို အွန်လိုင်းမှကြည့်ရှုရန်အတွက် Mahar Mobile App နှင့် မဟာရုပ်သံလိုင်းများတွင် ပြသရန် စီစဉ်ထားသည်ဟု သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်