
သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်း တစ်ပုဒ်အဖြစ်ပုံဖော်ထားသည့်’ကြာ တော့သည်လည်း မောင့်စကား’ ရုပ် ရှင်ဇာတ်ကားကို Canal+Zat Lan Channal တွင် ဇန်နဝါရီ ၃၁ ရက်၌ပြသရန်စီစဉ် ထားသည်ဟုသိ ရသည်။ စာရေးဆရာမဂျူး၏ထင် ရှားသောလုံးချင်းဝတ္ထုကို အကယ် ဒမီဒါရိုက်တာမီး ပွားကပြန်လည်ပုံ ဖော်ထားကာ ရုံတင်ပြသစဉ်က လည်း ပရိသတ်အားပေးမှုများပြားခဲ့သည့်ဇာတ်ကားတစ် ကားဖြစ်သည်။
ယင်းဇာတ်ကားတွင် သရုပ်ဆောင် စိုင်းစိုင်းခမ်းလှိုင်၊ အကယ်ဒမီထွန်းထွန်း၊ အကယ်ဒမီဖွေးဖွေးနှင့်သရုပ် ဆောင်များစွာပါဝင်ထားသည်။ Canal+Zat Lan Channal တွင် လစဉ်တိုင်း၌ ရုံတင်ပြသပြီးမြန်မာ ဇာတ်ကားများပြန်လည်ရွေးချယ်ပြ သလျက်ရှိရာတွင် ယခုဇာတ်ကား လည်းအပါအဝင် ဖြစ်သည်။
‘ကြာတော့သည်လည်းမောင့် စကား’ ရုပ်ရှင်ဇာတ်ကားတွင်ငယ် စဉ်ကလေးဘဝတည်းကခင်မင် တွယ်တာခဲ့ရသည့်သူငယ်ချင်းနှစ် ဦးကြားသို့ အထက်တန်းကျောင်းသားဘဝတွင် စာတော်ကာထက် မြက်သည့်ကျောင်းသားသစ်တစ်ဦး ရောက်ရှိလာပြီးနောက် ခင်မင်သွားခဲ့ကြရာ အဆိုပါကျောင်းသားသစ် မှာမြို့သို့ပြောင်းရွှေ့သွားချိန်တွင် ကွဲကွာသွားခဲ့ကြပြီး ကျန်ရစ်ခဲ့သည့် သူငယ်ချင်းနှစ်ဦးမှာ အခင်မင်မ ပျက် ဆက်ရှိနေကြသော်လည်း မိန်းကလေးမှာဆရာဝန်တစ်ဦးဖြစ်လာပြီးနောက် အထက်တန်းကျောင်း သားဘဝတွင်ဆုံစည်းခွင့်ရခဲ့သူ နှင့် ချစ်သူများအဖြစ်ရောက်ရှိသွားကြပုံ၊ ငယ်စဉ်ကပင် သံယောဇဉ်ကြီး လွန်းလှသူငယ်သူငယ်ချင်းလေးမှာ ၁၀ တန်းကျပြီးစီးပွားရေးနယ်ပယ် တွင်သာလှုပ်ရှားရပ်တည်နေကာ မိန်းကလေးဖြစ်သူအပေါ်တိတ်တ ခိုးမြတ်နိုးနေသော်လည်း ဖွင့်ဟမပြောဘဲ မိမိချစ်ရလွန်းသူမိန်းကလေး မှာ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုမြင့်မားကာ တစ်ပါးသူအပေါ်လွှမ်းမိုးတတ်သည့် ခဏတာဆုံစည်းခဲ့ဖူးသူ ကောင်လေးနှင့်ချစ်သူဖြစ်နေကြောင်း သိရချိန်တွင် စိုးရိမ်စိတ်လွန်ကဲရပုံနှင့် မိန်းကလေးတစ်ဦးနှင့် ယောကျ်ားလေးနှစ်ဦးကြားမှ သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းဖြစ်သည်။ စာရေးဆရာမဂျူး၏ဝတ္ထုအား ဒုတိ ယအကြိမ် ဖန်တီးထားသည့်ဇာတ်ကား တစ်ကား ဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်