
ဂီတလောကအတွင်း နှစ် ၂၀ ခန့်ဖြတ်သန်းခဲ့သည့်ကာလအတွင်း အောင်မြင်သည့် တေးသီချင်းပေါင်းများစွာ သီဆိုကာ ပရိသတ်ချစ်ခင်အားပေးမှုကို ယနေ့တိုင် ခိုင်မာစွာရယူထားနိုင်သူတစ်ဦးမှာ တေးသံရှင် R ဇာနည်ဖြစ်သည်။ တေးသံရှင် R ဇာနည် Coach ပြုလုပ်ပေးခဲ့သည့် Team မှ ပြိုင်ပွဲဝင် N Oo L မှာ The Voice Myanmar ပြိုင်ပွဲ၏ Winner ဆုကို ရရှိခဲ့ပြီးဖြစ်သည်။ ဖေဖော်ဝါရီ ၆ ရက်တွင်ကျရောက်မည့် တေးသံရှင် R ဇာနည်၏ မွေးနေ့တွင် ငါးခွေမြောက် တစ်ကိုယ်တော်အယ်လ်ဘမ် Old Skool ထွက်ရှိရန်စီစဉ်ထားခြင်း ဖြစ်သည်။ တေးသံရှင် R ဇာနည်နှင့်တွေ့ဆုံ၍ ငါးခွေမြောက်တစ်ကိုယ်တော် အယ်လ်ဘမ်ဖန်တီးမှုအတွက် ပြင်ဆင်ထားသည်များ၊ The Voice Myanmar တွင် Coach အဖြစ် ပါဝင်ခဲ့သည့်အမှတ်တရများကို မေးမြန်းဖြစ်ခဲ့သည်။
မေး ■ အခွေအသစ် Old Skool နာမည်နဲ့ ထွက်တော့မယ်ဆိုတော့ အဲဒီအကြောင်းလေး အရင်ဆုံးပြောပြပေးပါဦး။
ဖြေ ■ အခွေက ဖေဖော်ဝါရီ ၆ ရက်မှာထွက်ဖို့ မှန်းထားတယ်။ အစ်ကို့မွေးနေ့မှာ Audio CD ရယ်၊ Online Platform မှာရယ် နားဆင်ခွင့်ရပါမယ်။ လောလောဆယ်က တေးသံသာမှာ exculsive အနေနဲ့ သီချင်းသစ် ခြောက်ပုဒ် ထွက်ထားပါတယ်။
မေး ■ အခွေသစ်က တော်တော်လေး စောင့်ခဲ့ရတယ်နော်။
ဖြေ ■ ဟုတ်တယ်။ လေး၊ ငါးနှစ်လောက် စောင့်လိုက်ရတယ်။ ထုံးစံလိုဖြစ်သွားတာပေါ့နော်။ ၂၀၀၀ နဲ့ ၂၀၀၁ မှာ ငါ့ကိုချစ်တဲ့သူထွက်တယ်။ လေး၊ ငါး နှစ်ကြာတော့ စည်းတစ်ဖက်ခြားထွက်တယ်။ နောက်လေးငါးနှစ်ထပ်ကြာတော့ အဆိပ်တက်အိပ်မက်၊ နောက်ငါးနှစ်လောက်ကြာတော့ ကမ္ဘာသား ထွက်တယ်။ အခု ငါးနှစ်လောက်ထပ်ကြာတော့ Old Skool အယ်လ်ဘမ်လေးထွက်မယ်ပေါ့။
မေး ■ Totle ကို Old Skool လို့ နာမည်ပေးဖြစ်တာကရော။
ဖြေ ■ အယ်လ်ဘမ်ထဲမှာပါတဲ့သီချင်းနာမည်ကိုပဲ Title ပေးနေကျပါပဲ။ အခုလည်း သီချင်းနာမည်ပဲပေးမယ်လို့ စိတ်ကူးတာ။ သီချင်း ၁၀ ပုဒ်ရှိတဲ့အထဲမှာမှ Old Skool ဆိုတာလေး ပေးဖြစ်သွားတာပေါ့။ ဒီသီချင်းက ကျားပေါက် ရေးတာ။ ငါနဲ့လိုက်ဖက်မယ့် သီချင်းလေးရေးပေးပါဆိုပြီး တောင်းထားတာ။ စာသားတွေကလည်း ကိုယ့်ခံစားမှုနဲ့ငြိတဲ့အခါကျတော့ အဲဒါကြောင့် ပေးဖြစ်တာပါ။ ဒီသီချင်းလေးက လမ်းသရဲဆန်တယ်။ ကျွန်တော်တို့က လမ်းသရဲ ဆန်တဲ့ခံစားမှုကိုကြိုက်တယ်လေ။ ဒါကြောင့် Title ရွေးဖြစ်တာပါ။
မေး ■ တေးရေးတွေကရော ဘယ်သူတွေပါလဲ။
ဖြေ ■ ကိုဖိုးကာပါမယ်။ ကျားပေါက်၊ ဝေကြီး၊ နေချို၊ ကျော်ကျော်လွင်၊ အာကာကျော် စတဲ့ တေးရေးတွေရဲ့သီချင်းလေးတွေပါပါမယ်။
မေး ■ အခွေနဲ့ပတ်သက်လို့ ဘာတွေမျှော်လင့်ထားလဲ။
ဖြေ ■ ဒီအခွေလေးဖေဖော်ဝါရီမှာထွက်လာတဲ့အခါ ကျွန်တော့်ကိုချစ်တဲ့ ပရိသတ်တွေက အားပါးတရအားပေးကြမယ်လို့ ထင်ပါတယ်။ Music Video လေးတွေလည်း အကောင်းဆုံးဖန်တီးသွားမှာပါ။
မေး ■ သီချင်းခွေဖန်တီးမှုက ကြားထဲမှာကာလကြာမြင့်ပေမဲ့ သီချင်းတိုင်းက လက်ရှိအချိန် ခံစားမှုတွေနဲ့ထပ်တူကျဖို့ ကြိုစဉ်းစားပြီး ဖန်တီးခဲ့တာလား။
ဖြေ ■ ဟုတ်တယ်။ ဒီအချိန်မှာ နားဆင်ခွင့်ရတဲ့အခါ သီချင်းတွေကလတ်ဆတ်နေတယ်လို့ ယုံကြည်တယ်။ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု ရှိပါတယ်။
မေး ■ ကိုဗစ်ကာလမှာ ဒီအခွေကို အပြီးသတ်ဖန်တီးလိုက်နိုင်တယ်လို့ ပြောရမှာပေါ့။
ဖြေ ■ ဟုတ်တယ်။ အရင်ကတည်းကတော့ လုပ်နေတာပဲ။ ဒါပေမယ့်ပုံမှန်အချိန်မှာက ပွဲတွေနဲ့ဆိုတော့ အခွေအတွက် အရမ်းအာရုံမစိုက်နိုင်ဘူး။ အခုကတော့ အိမ်မှာလည်း စတူဒီယိုလုပ်ဖြစ်သွားတယ်။ အခွေအတွက်လည်း အပြည့်အဝ အာရုံစိုက်လိုက်နိုင်တဲ့အခါကျတော့ အပြီးသတ်သွားတာပေါ့။ ကိုဗစ်ကာလကျတော့ အိမ်မှာပဲနေတယ်ဆိုတော့ Player တွေလည်း စည်းကမ်းတကျလေး လာပြီး လုပ်ဖြစ်သွားတာပေါ့။
မေး ■ ငါးခွေမြောက်အယ်လ်ဘမ်ရဲ့ အဓိကထူးခြားချက်ဆိုရင်ရော။
ဖြေ ■ သီချင်းကတော့ ၁၀ ပုဒ်ပဲဖြစ်သွားတယ်။ Platform တွေကနေ ထုတ်ရတာမျိုး ပိုသိသာလာတယ်။ ကမ္ဘာသားအယ်လ်ဘမ်တောင် Audio CD တွေ၊ Music Video တွေ ထွက်ဖြစ်သေးတယ်။ အခုဒီအခွေကတော့ Online Platform ကနေပဲ သီချင်းတွေရော၊ Music Video ပါ နားဆင်အားပေးရမှာဆိုတော့ အဲဒါလေးက ထူးခြားပါတယ်။
မေး ■ ကို R ဇာနည်ရဲ့ Team က N Oo L က Winnwe ရသွားတာဆိုတော့ ဘာတွေထပ်လုပ်ပေးဖြစ်မလဲ။
ဖြေ ■ သူ့အတွက် လိုအပ်တာတွေလုပ်ပေးဖို့တော့ အဆင်သင့်ပါပဲ။ ပြောလည်းပြောထားတယ်။ သူ့ဆန္ဒပါပဲ။ Winner ဖြစ်ထားတယ်ဆိုတော့ The Voice နဲ့လုပ်ရမှာတွေတော့ သူရှိသေးတာပေါ့။ ဒါက တစ်ပိုင်းပေါ့။ The Voice မှာ ပြိုင်မှမဟုတ်ဘူးပေါ့။ အရင်ကတည်းကလည်း သူကအနုပညာမှာစီးမျောနေတဲ့သူဆိုတော့ စိတ်ချပါတယ်။ တစ်မိသားစုလုံးက အနုပညာကိုချစ်တဲ့သူတွေဆိုတော့ ဒါကိုပဲ တောက်လျှောက် ဆက်လုပ်နေမှာပဲလေ။
မေး ■ သူနဲ့အတူ အလုပ်လုပ်ဖြစ်ခဲ့တဲ့ အမှတ်တရဆိုရင်ရော။
ဖြေ ■ ထင်တာက ကိုယ်နဲ့ လေးငါးခြောက်နှစ်လောက်ပဲ ကွာမယ်ထင်ထားတာ။ သူက တော်တော်လေး အသက်ငယ်သေးတယ်။ ညီလေးလောက်ထင်တာ။ တူလေးလောက်ဖြစ်နေတာပေါ့။ သူက အနုပညာကို တော်တော်လေးရူးသွပ်ပြီး အရမ်းချစ်တဲ့သူပေါ့။ အစစအရာရာ အလုပ်လုပ်ရတာလည်း အဆင်ပြေပါတယ်။
မေး ■ သီချင်းဆိုပြိုင်ပွဲတွေရှိလာတယ်။ ပရိသတ်တွေရလာတယ်။ ဒါက လူငယ် ၀ါသနာရှင်တွေအတွက် အခွင့်အလမ်းတစ်ခု ဖြစ်လာတယ်လို့ထင်လား။
ဖြေ ■ ဒါကကောင်းပါတယ်။ ပြိုင်ပွဲတွေရှိလာတယ်။ တစ်ကမ္ဘာလုံးမှာလည်း ဒီအတိုင်းပဲလေ။ အဲဒီအတွက်ဝမ်းသာပါတယ်။ Season တစ်ခုမှာအောင်မြင်တယ်ဆိုရင် ဒီအောင်မြင်မှုကိုဆက်ထိန်းနိုင်ဖို့ပဲ မျှော်လင့်ရပါတယ်။ The Voice မှာ Coach လုပ်ရတယ်ဆိုတာက ပြိုင်ပွဲဝင်ရဲ့အားနည်းချက် အားသာချက်ကို ပံ့ပိုးပေးရတာဆိုတော့ လွတ်လွတ်လပ်လပ်လည်း ရှိတယ်။
မေး ■ ပရိသတ်တွေကို ပြောချင်တဲ့ စကားလက်ဆောင်လေးရှိရင် ပြောပေးပါဦး။
ဖြေ ■ ဒီအချိန်ထိ ချစ်ခင်အားပေးနေတဲ့ပရိသတ်အားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်။ နှစ်သစ်မှာ ပရိသတ်များအားလုံး ကျန်းမာပျော်ရွှင်ပြီး ၂၀၂၁ မှာစိတ်ညစ်စရာတွေ၊ မကျန်းမာတာတွေထားခဲ့ပြီး နှစ်သစ်မှာ ကျန်းမာပျော်ရွှင်စေဖို့ ဆုတောင်းပေးပါတယ်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်