Top News

တေးသံရှင် G-Fattနှင့် တွေ့ဆုံခြင်း
24htopnews | December 3, 2024 9:12 AM CST

လူငယ်ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုတွေ အများကြီးရရှိထားတဲ့ တေးသံရှင်တွေထဲမှာ G-Fatt လည်း တစ်ဦးအပါအဝင်ဖြစ်ပါတယ်။ ဇန်နဝါရီ ၁၃ ရက်မှာလည်း သူ့ရဲ့တတိယမြောက် တစ်ကိုယ်တော်ဖျော်ဖြေပွဲကို ILLUSION PARADISE ဆိုတဲ့ အမည်နဲ့ ကျင်းပမှာဖြစ်တာကြောင့် တစ်ကိုယ်တော်ဖျော်ဖြေပွဲနဲ့ပတ်သက်ပြီး G-Fatt နဲ့တွေ့ဆုံ မေးမြန်းဖြစ်ခဲ့တာတွေကို ဖော်ပြပေးလိုက်ပါတယ်။

 

မေး- တစ်ကိုယ်တော်ဖျော်ဖြေပွဲလေးကို ဒီလိုအချိန်မှာ လုပ်ဖြစ်သွားတဲ့အကြောင်းလေး သိပါရစေ။

ဖြေ- ကျွန်တော့်အနေနဲ့ ဒီပွဲလေးကျင်းပနိုင်ဖို့အတွက် လွန်ခဲ့တဲ့ခြောက်လ လောက်ကတည်းက စဉ်းစားခဲ့ပြီး ကျွန်တော့်ရဲ့အဖွဲ့တွေနဲ့ တိုင် ပင်ခဲ့တာပါ။ ကျွန်တော့်အနေနဲ့ ဒီကိုဗစ်ကာလအတွင်းမှာ Live တွေလွှင့်ပြီး ပရိသတ်တွေနဲ့ စကားတွေပြောတာ၊ သီချင်းတွေဆိုပြတာတွေလုပ်ဖြစ်တယ်။ အဲဒီအချိန် ကတည်းက ပရိသတ်တွေဆီမှာလည်း စိတ်ပင်ပန်း မှုတွေရှိနေမှာပဲဆိုတဲ့အတွေးနဲ့ သူတို့ကို ဒီထက်ပိုတဲ့ ဖျော်ဖြေမှုလေးတွေလုပ်ပေးချင်ခဲ့တယ်။ ဒီလိုအချိန်မှာလည်း လူတွေအားလုံးက မွန်း ကျပ်လာကြပြီ။ ဖျော်ဖြေမှုလေးတွေလိုလာ ပြီလို့တွေးမိတယ်။  အားလုံးစိတ်ပင်ပန်းနေ တဲ့အချိန်မှာ ကျွန်တော့်သီချင်းလေးတွေ ကို တစ်နာရီလောက်ပဲဖြစ်ဖြစ် နား ထောင်ပြီး သူတို့တွေရဲ့ စိတ်ပင်ပန်းမှု တွေ ပြေပျောက်သွားစေချင်တဲ့စိတ်နဲ့ ကျွန်တော့်ရဲ့ တစ်ကိုယ်တော်ဖျော် ဖြေပွဲကို လုပ်ဖြစ်တာပါ။

မေး- တတိယမြောက်တစ်ကိုယ်တော်ဖျော်ဖြေပွဲဖြစ်တဲ့ ဒီပွဲမှာရော ဘယ်လိုပုံစံမျိုးနဲ့တင်ဆက်သွားမလဲ။

ဖြေ- ဒီပွဲက ကျွန်တော်ရဲ့ တတိယမြောက် ဖျော်ဖြေပွဲလေးပါ။ အရင်ပွဲတွေလိုတော့ သီချင်း တွေ အပုဒ် ၃၀ လောက်အထိဆိုဖြစ်မှာ မဟုတ်ပါ ဘူး။ အရင်လို ပရိသတ်တွေနဲ့အတူ အော်ဟစ်ခုန်ပေါက် ပြီး ဆိုရတာမျိုးလည်း မလုပ်နိုင်တဲ့အတွက် ကျွန်တော်တို့က ကိုယ်လုပ်ချင်တဲ့ ပုံစံလေးတစ်မျိုးနဲ့ ဖျော်ဖြေဖို့စီစဉ်ဖြစ်ခဲ့ပါ တယ်။ ဒီပွဲမှာ ကျွန်တော်က စတိတ်စင်ပေါ်ကနေ ဖျော်ဖြေနေ တဲ့ပုံစံမျိုးနဲ့ တင်ဆက်မှာမဟုတ်ဘဲ Live ဆိုတာကိုပဲ ဇာတ်လမ်းသွားပိုဆန်တဲ့ တင်ဆက်မှုလေးတွေနဲ့ တင်ဆက်မှာပါ။ ဒီတင်ဆက်မှုတွေကိုလည်း Live လွှင့်ဖို့စီစဉ်ပေမဲ့ တချို့ သော ကျွန်တော်တို့လုပ်ချင်တဲ့ တင်ဆက်မှုလေးတွေကြောင့် ရိုက် ကူးရေးကိုပဲ အရင်လုပ်ထားပြီး ဇန်နဝါရီ ၁၃ ရက်မှာ ထုတ် လွှင့်ပြသသွားမှာပါ။

မေး- ILLUSION PARADISE ဖျော်ဖြေပွဲအတွက် ဘယ်လိုတွေ ပြင်ဆင်ထားလဲ။

ဖြေ- ဒီဖျော်ဖြေပွဲက အရမ်းအားရဖို့ကောင်းပါတယ်။ ပွဲတင်ဆက်မှုအတွက် စိတ်ကူးကြတာ၊ စဉ်းစားကြတာရော၊ ရိုက်ကူး ရေးအဖွဲ့သားတွေရော အားလုံးက ကျွန်တော့်ထက် ငယ်တဲ့သူတွေချည်းပဲ။ ပုံမှန်ဆိုရင် ပွဲအတွက် စတိတ်စင်တွေပြင်ဆင်၊ လက်မှတ်တွေရောင်းပေါ့။ ဒါပေမဲ့ ကျွန်တော်က ဒီလိုအချိန်မှာ လက်မှတ်ရောင်းတာမျိုးမလုပ်ချင်ဘူး။ ကျွန်တော့်ရဲ့ ပရိသတ်တွေကတော့ တန်ကြေးလေးတစ်ခုသတ်မှတ်ပြီး လုပ်စေချင်တာရှိတယ်။ ဒါပေမဲ့ သူတို့တွေအနေနဲ့ ဒီပွဲမှာ တစ်နည်းနည်းနဲ့ ပါဝင်ပတ်သက်ခွင့်ရစေဖို့အတွက်လည်း တစ်မျိုး တော့ စဉ်းစားပါဦးမယ်။ ကိုဗစ်စင်တာတွေကို လှူဖို့ပဲဖြစ်ဖြစ်စီစဉ်ပေးဖို့တော့ စဉ်းစားထားပါတယ်။ ဒီပွဲရဲ့ တင်ဆက်မှုတွေဆိုရင်ကတော့ ကျွန်တော်တို့ရဲ့ စိတ်ကူးဉာဏ် ကွန့်မြူးလို့ရသမျှထဲကနေပြီး ကျွံထွက် မသွားအောင်ရော လုပ်နိုင်တဲ့ အင်အားထဲကနေပြီး အတတ်နိုင်ဆုံးကြိုးစားပြီး တင်ဆက်ဖို့ စီစဉ်ထားတဲ့ ပွဲလေးပါ။ ဒီပွဲလေးကို စီစဉ်ချိန်နဲ့ လုပ်ချိန်ကိုက ခြောက်လလောက်ကြာပါတယ်။ New Year မတိုင်ခင် နှစ်လလောက်တည်းက အားလုံးပြီးနေပါပြီ။ ဒီပွဲရဲ့ ရိုက်ကူးရေးမှာလည်း အဆိုပိုင်းတွေကို ကျွန်တော်က Live ဆိုခဲ့ထားတယ်။ ရိုက်ကူးမှုပိုင်းမှာလည်း ကိုဗစ်စည်းကမ်းချက်တွေနဲ့အညီ ကျွန်တော်တို့ သေချာလေးကြိုးစားပြီး ရိုက်ကူးထားပါတယ်။

မေး- ဒီဖျော်ဖြေပွဲလေးက ဇာတ်လမ်းသွားပုံစံမျိုးလေးနဲ့သွားမှာဆိုတော့ သီချင်းတွေကို ဘယ်လိုရွေးချယ်ဖြစ်ခဲ့လဲ။ သီချင်း အသစ်တွေရော ပါမလား။

ဖြေ- ဒီဖျော်ဖြေပွဲအတွက် သီချင်းတွေကို ကျွန်တော့်အိမ်မှာပဲ Production Team  ကအဖွဲ့ သားတွေနဲ့ Zoom Chat နဲ့တိုင်ပင်တယ်။ ပြီးတော့ကျွန်တော့်ညီနဲ့ အိမ်မှာပဲ ကျွန် တော့်သီချင်းတွေဖွင့်ပြီးတော့ ပွဲကို ဘယ်သီချင်းနဲ့စမလဲ။ ပြီးရင် ဘယ်လိုလေးတင် ဆက်မလဲဆိုတာကို စိတ်ကူးယဉ်ကြည့်ကြတယ်။ အဲဒီလိုပဲရွေးချယ်ခဲ့တဲ့ အစပိုင်း တုန်းကတော့ သီချင်းက ၁၂ ပုဒ် ရွေးချယ်ခဲ့တာပါ။ အဲဒီသီချင်း ၁၂ ပုဒ်က ဖြုတ် လို့လည်းမရပဲ ကွက်တိပေါ့။ ဒါပေမဲ့လည်း ကျွန်တော့်ရဲ့ ပရိသတ်တွေက သီချင်းတွေကို အကြာကြီးအများကြီးနားထောင်ချင်ကြတာဆိုတော့ နောက် ထပ်သုံးပုဒ်လောက် ထပ်ပြီး ထည့်ဖြစ်သွားတယ်။ အဲဒီသီချင်းသုံးပုဒ်မှာ သီ ချင်းအသစ်စက်စက်တစ်ပုဒ်ကိုလည်း ထည့်သွင်းတင်ဆက်ထားပါတယ်။

မေး- ဒီပွဲမှာ ဧည့်သည်အနုပညာရှင်တွေရော ပါမလား။ ဘယ်သူတွေပါဝင််ဖို့ ရှိမလဲ။

ဖြေ- ဒီပွဲမှာ ဧည့်သည်အဆိုတော်တွေပါဝင်မှာပါ။ ကျွန်တော့်ရဲ့ အစ်ကို တွေဖြစ်တဲ့ Snare  အဖွဲ့ကလည်း ဒီပွဲမှာ ပါဝင်ကူညီသီဆိုပေးထားပါ တယ်။ နောက်ပြီး ရွယ်ရွယ်ပါတယ်။ ရွယ်ရွယ်က ကျွန်တော့်ရဲ့ သီချင်း တွေမှာ အရင်တည်းက မိန်းကလေး Featuting အဖြစ်ပါဝင်သီဆိုပေး ထားတာပါ။  ပြီးရင် Minuts ဆိုတဲ့ လူငယ်အဆိုတော်သစ်တစ်ယောက် ပါဝင်ပါမယ်။ သူကတော့ လက်ရှိမှာ အခွေ မထွက်ရသေးပေမဲ့ ကျွန် တော်တို့တွေက သူအခွေထွက်နိုင်ဖို့ ၀ိုင်းဝန်းကူညီပေးနေတာပါ။

မေး- ပရိသတ်တွေကို ဒီဖျော်ဖြေပွဲလေးနဲ့ပတ်သက်ပြီး ပြောချင်တာဘာရှိမလဲ။

ဖြေ- ကျွန်တော့်ရဲ့ ဖျော်ဖြေပွဲလေးကို ဇန်နဝါရီ ၁၃ ရက် ည ၇ နာရီမှာ Channel K ရုပ်သံလိုင်းနဲ့အတူ အွန်လိုင်းကနေကြည့်ဖို့အတွက်လည်း V 7 Entertainment , Mytel Myanmar နဲ့ ကျွန်တော့်ရဲ့ Official fan page တွေမှာ တင်ဆက်မှာပါ။ အဓိက မှာချင်တာကတော့ ကျွန်တော့်ရဲ့ ဖျော်ဖြေပွဲလေးကို အစကနေစပြီး ကြည့်ရှုပေးစေချင်ပါတယ်။ ဒါမှလည်း ပရိသတ်တွေအနေနဲ့ ကျွန်တော်ပေးချင်တဲ့ရသကို အပြည့်အဝရရှိမှာဖြစ်ပါတယ်။ ပွဲကို တစ်ဝက်လောက်က ဝင်ကြည့်ရင်တော့ ပြီးသွားတဲ့အခါ ဘာလဲဆိုတာ သိ လိုက်မှာမဟုတ်ပါဘူး။ အစကနေကြည့်မှသာ ပွဲပြီးသွားတဲ့အချိန်မှာ ကျွန်တော် တင်ဆက်ချင်တာဘာလဲဆိုတာကို သိမှာပါ။ ဒီဖျော်ဖြေပွဲလေးက ကျွန်တော့် အတွက်လည်း တော်တော်ထူးဆန်းပါတယ်။ ကျွန်တော့်အတွက် ပုံမှန် လုပ်နေကျပွဲမျိုး မဟုတ်ပဲ ကလိထားတာလေးတွေများပါတယ်။ ဒါကလည်း ဒီလိုကာလမျိုးမှာမို့ ဖန်တီးတင် ဆက်နိုင်တာပါ။ ဒီပွဲလေးက ကျွန်တော့်အတွက်ရော ပရိသတ်တွေ အတွက်ရော အမှတ်တရကျန်ရစ်တဲ့ပွဲလေးတစ်ပွဲလည်းဖြစ်စေချင်တယ်။ ပြန်ကြည့်မယ်ဆိုရင် ကိုဗစ်ကာလမှာ ကျွန်တော့်အနေနဲ့ ဘယ်လိုသီချင်းတွေလုပ်ခဲ့တယ်။ ပရိသတ်ကို ဘယ်လိုတင် ဆက်ခဲ့တယ်ဆိုတာ မျိုး အမှတ်တရဖြစ်ရသလို ပရိသတ်တွေအတွက်ဆိုရင်လည်း ILLUSION PARADISE  ဆိုတဲ့ပွဲလေးက G-Fatt လုပ်ခဲ့ဖူးတာပဲ ဆိုတာမျိုးလေးလည်း အမှတ်တရဖြစ်ချင်တဲ့အတွက် အ ကောင်းဆုံး ကြိုးစားတင်ဆက်ထားပါတယ်။ ဖျော်ဖြေချိန် တစ်နာရီလောက်အတွင်းမှာပဲ ကြည့်ရှု သူတွေရဲ့ ဘဝအမောတွေပြေစေချင်ပါတယ်။ အဲဒီခဏတာအတွင်းမှာ ကြည့်ရတဲ့သူတွေ စိတ် ချမ်းသာတယ်ဆိုရင်လည်း ကျွန်တော်ကျေနပ်ပါတယ်။                                          

 

 


READ NEXT
Cancel OK