
ဟစ်ဟော့ပ်ဂီတမျိုးဆက်များအနက် ပထမဆုံးမျိုးဆက်အဖြစ် စတင်လျှောက်လှမ်းခဲ့သည့် ACID အဖွဲ့ဖွဲ့စည်းခြင်းနှစ် ၂၀ ပြည့်အမှတ်တရအဖြစ် ဖျော်ဖြေပွဲတစ်ပွဲ တင်ဆက်နိုင်ရန်စီစဉ်လျက်ရှိကြောင်း သိရသည်။ ACID အဖွဲ့၏နှစ် ၂၀ ပြည့်အမှတ်တရဖျော်ဖြေပွဲကို ၂၀၂၀ ပြည့်နှစ်အတွင်းပြုလုပ်ရန် စီစဉ်ထားသော်လည်း ကိုဗစ်ကပ်ရောဂါ ပြန့်ပွားလျက်ရှိသည့်အခြေအနေကြောင့် မကျင်းပနိုင်ဘဲ လက်ရှိ ၂၀၂၁ နှစ်ဆန်းတွင် ကျင်းပရန် စီစဉ်ထားခြင်းဖြစ်သည်။
“ACID ရဲ့ နှစ် ၂၀ ပြည့်အမှတ်တရအနေနဲ့ အမိုက်စားပွဲတစ်ပွဲ လုပ်ဖို့စီစဉ်ထားတယ်။ မနှစ်ကတည်းကလုပ်ချင်ပေမဲ့ ကိုဗစ်ကပ် ရောဂါအခြေအနေကြောင့်ပွဲတွေ အားလုံးလည်းနားထားရတဲ့အခါကျတော့ မလုပ်ဖြစ်ခဲ့ဘူး။ ဒီနှစ်ဆန်းမှာတော့ New Normal အနေအထားနဲ့ ပွဲတစ်ပွဲလုပ်ဖို့ပြင်ဆင်နေတယ်။ နေပြည်တော်ကနေ ဇေယျာသော်လည်းပြန်ရောက်နေပြီ။ သီချင်းတွေစပြီးပြင်ဆင်တိုင်ပင်တာတွေ လုပ်နေတယ်။ ACID အနေနဲ့ သီချင်းသစ်တစ်ပုဒ်လည်းထွက်ဖို့ ရှိတယ်။ အားလုံးအတွက်ထူးခြားတဲ့ အကြောင်းအရာမျိုးလည်းဖြစ်မှာပါ။ ကျွန်တော်တို့ နှစ် ၂၀ ပြည့်ပွဲကလည်း နှစ် ၂၀ လုံး အားပေးလာတဲ့ ပရိသတ်တွေအတွက် ကျေနပ်စေမယ့်ပွဲမျိုးဖြစ်အောင် ပြင်ဆင်သွားမှာပါ။ အသေးစိတ်အချက်တွေ အားလုံးကို ထုတ်ပြန်အသိပေးသွားပါမယ်” ဟု ACID အဖွဲ့ဝင်တစ်ဦးဖြစ်သူ တေးသံရှင်ရန်ရန်ချမ်းက ဆိုသည်။
ACID အဖွဲ့မှာတေးသံရှင် အနဂ္ဂ၊ ရန်ရန်ချမ်း၊ ဇေယျာသော်၊ ဟိန်းဇော်တို့လေးဦးဖြင့်စတင်ဖွဲ့စည်းကာ ‘စတင်ခြင်း’ ဟစ်ဟော့ပ်တေးအယ်လ်ဘမ်ထွက် ရှိခဲ့ပြီး ၂၀၀၀ ပြည့်နှစ်တွင် ဂီတလမ်းကြောင်းပေါ်သို့ စတင်လျှောက်လှမ်းခဲ့ခြင်းဖြစ်သည်။ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဟိန်းဇော်ကွယ်လွန်သွားပြီးနောက်တွင်လည်း ကျန်ရှိသည့်အဖွဲ့ဝင်သုံးဦး ပူးပေါင်းဖန်တီးမှုဖြင့် တေးသီချင်းများ ဆက်လက်ဖန်တီးခဲ့သည်။ ယခုအခါ ACID အဖွဲ့၏ နှစ် ၂၀ ပြည့်အမှတ်တရ ဖျော်ဖြေပွဲကျင်းပနိုင်ရန် စီစဉ်နေခြင်းဖြစ်သည်။ ဖျော်ဖြေပွဲပြုလုပ်မည့်အစီအစဉ်အသေးစိတ်ကို ထုတ်ပြန်သွားမည်ဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်