
ကိုဗစ်ကူးစက်မှုများနှင့် နိုင်ငံရေးအခြေအနေများကြောင့် ဓာတ်မြေသြဇာနှင့် စိုက်ပျိုးရေးဆေးများ အဆမတန်စျေးမြင့်တက်ခဲ့ပြီး အညာဒေသကျေးရွာများမှ တောင်သူများ သဘာဝမြေဝဇာများကို ကိုယ်တိုင်ပြုလုပ်၍ အသုံးပြုသူများရှိလာကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။
မကွေးတိုင်းဒေသကြီးအတွင်း မြို့နယ်များမှ ယာမြေ၊ မြေနုကျွန်း၊ ကိုင်းစိုက်ခင်းနှင့် ဥယျာဉ်ခြံမြေ စိုက်ပျိုးရေးလုပ်ငန်းများတွင် ဓာတ်မြေသြဇာနှင့် ဓာတုဆေးဝါးများကို အဓိကထား အသုံးပြုလာခဲ့ကြသည်မှာ ဆယ်စုနှစ် သုံးစုကျော် ကြာခဲ့ပြီဖြစ်ကြောင်း၊ ၂၀၂၁ ခုနှစ်အတွင်း ကိုဗစ်ရောဂါကူးစက်ပြန့်ပွားမှုနှင့် နိုင်ငံရေးအအခြေအနေများကြောင့် ကုန်စည်မျိုးစုံစျေးနှုန်း မြင့်တက်ခြင်းနှင့်အတူ စိုက်ပျိုးရေးသုံးဆေးဝါးများလည်း အဆမတန်စျေး မြင့်တက်ခဲ့ကြောင်း၊ တောင်သူများ အဓိက ထားသုံးစွဲလေ့ရှိသည့် ဓာတုဆေးဝါးများသည် မူလစျေးနှုန်းထက် သုံးဆမက စျေးမြင့်တက်ခဲ့သောကြောင့် ဆိတ်ချေး၊ နွားချေး၊ ကြက်ချေး စသည့် တိရစ္ဆာန်စွန့်ပစ်ပစ္စည်းများနှင့် သစ်ရွက်၊ ကောက်ရိုး၊ မြက်စသည့် သဘာဝအမှိုက်များကို မြေဆွေးပြုလုပ်၍ သဘာဝမြေသြဇာကို အသုံးပြုသူများလာကြောင်း သိရသည်။
“ဓာတ်မြေသြဇာနဲ့ ဓာတုဆေးဝါးေတွက သုံးသင့်တဲ့ပမာဏနဲ့ အသုံးပြုရင် ဖြစ်တတ်တဲ့ ဘေးထွက်ဆိုးကျိုးတွေ ရှိတယ်။ အဲဒီလိုဆေးတွေကို လိုအပ်သလောက် သုံးသင့်သလောက်ပဲ အသုံးပြုဖို့နဲ့ သဘာဝမြေသြဇာတွေကို လက်ဖြစ်ပြုလုပ်ပြီး အဓိကထားသုံးဖို့ တောင်သူတွေကို ပညာပေးမှု နည်းပညာပေးမှုတွေ လုပ်ခဲ့ပေမဲ့ တောင်သူတွေက အလွယ်သုံးလို့ ရတဲ့ဓာတုဆေးတွေကိုပဲ အသုံးများခဲ့ကြတယ်။ အခု ဓာတုဆေးဝါးတွေ အဆမတန်စျေးမြင့်တက်လာတော့မှ သဘာဝမြေသြဇာတွေကို စိတ်ဝင်စားလာတော့ အဆိုးထဲက အကောင်းလို့ ပြောရမှာပါ” ဟု မကွေးတိုင်းဒေသကြီး သြဂဲနစ်စိုက်ပျိုးရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့ နယ် ဥသျှစ်ကုန်းကျေးရွာမှ တောင်သူတစ်ဦးက “ငါးအမိုင်နိုအက်ဆစ်ကို ကြက်သွန်ခင်းမှာ စမ်းသုံးကြည့်မိရာက အပင်အတွက် ထိရောက်တာကိုသိပြီး မြေဆွေးလုပ်နည်းတွေကို လေ့လာခဲ့တာပါ။ အခုလို ဓာတုဆေးတွေ စျေးမြင့်လာတော့ ဝယ်သုံးဖို့လည်း မတတ်နိုင်တော့လို့ သဘာဝမြေဆွေးကို ပြုလုပ်သုံးကြည့်နေတာပါ” ဟု ပြောကြားသည်။
မကွေးတိုင်းဒေသကြီးအတွင်းမှ တောင်သူများသည် ငါးအမိုင်နိုအက်ဆစ်ကဲ့သို့ အပင်အားဆေးများကို ကိုယ်တိုင်ပြုလုပ်အသုံး ပြုလာသည့်အပြင် ကောင်းကျိုးပြုအဏုဇီဝပိုးများပါဝင်သည့် EM အရည်ဖြင့် သဘာဝမြေဆွေးများအား ကိုယ်တိုင်ပြုလုပ်အသုံးပြုလာကြောင်း သဘာဝမြေဆွေးများကို ထုတ်လုပ်ရောင်းချသည့်ကုမ္ပဏီများလည်း ရှိလာကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်