
မြန်မာနိုင်ငံ၏နိုင်ငံရေးအခြေအနေသည် အမေရိကန်ပြည်ထောင်စုအပေါ် အမျိုးသားလုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှု ရှိနေဆဲဖြစ်ပြီး အမျိုးသားအရေးပေါ်အခြေအနေတစ်ရပ်အဖြစ် အကျုံးဝင်သည်ဟု အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ဖေဖော်ဝါရီ ၇ ရက်တွင် ပြောကြားခဲ့သည်။
“မြန်မာနိုင်ငံရဲ့အခြေအနေနဲ့ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ အခြေအနေတွေဟာ အထူးသဖြင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ကနေ စတင်ခဲ့ပြီး အမေရိကန်ပြည်ထောင်စုရဲ့ အမျိုးသားလုံခြုံရေးနဲ့ နိုင်ငံခြားရေး မူဝါဒအပေါ် ပုံမှန်မဟုတ်ဘဲ ထူးကဲတဲ့ခြိမ်းခြောက်မှုတစ်ရပ် ဆက်ရှိနေဆဲဖြစ်ပါတယ်။ ဒီအကြောင်းအချက်ကြောင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်က အမျိုးသားအရေးပေါ်အခြေအနေတစ်ရပ် ကြေညာခဲဲ့ရပြီး ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက် ကျော်လွန်သွားတဲ့တိုင်အောင်လည်း ဆက်ပြီးသက်ဝင်နေဆဲ ဖြစ်နေမှာပါ” ဟု ဘိုင်ဒင်၏ပြောကြားချက်ကို ကိုးကား၍ Sputnik News Agency က ဖော်ပြခဲ့သည်။
ဘိုင်ဒင်သည် အမျိုးသားအရေးပေါ်အခြေအနေကို တစ်နှစ်တရားဝင်သက်တမ်းတိုးခဲ့ပြီး ယင်းကြေညာချက်ကို ကွန်ဂရက်သို့ လွှဲပြောင်းပေးခဲ့သည်။
မြန်မာနိုင်ငံ၌ လွန်ခဲ့သည့်နှစ်တွင် တပ်မတော်က နိုင်ငံတော်အာဏာကို ထိန်းသိမ်းခဲ့ပြီးနောက်ပိုင်း ကလေးငယ် ၁၁၄ ဦးထက်မနည်း သေဆုံးခဲ့ပြီး ဇန်နဝါရီတစ်လတည်း၌ပင် ကလေးငယ် ၁၈ ဦး သေဆုံးခဲ့သည်ဟု ကုလသမဂ္ဂမှ ပြောရေးဆိုခွင့်ရှိသူ ဖာဟန်ဟက်က ဖေဖော်ဝါရီ ၇ ရက်တွင် ပြောကြားခဲ့သည်။ ဒဏ်ရာရရှိသည့် ကလေးငယ်အရေအတွက်မှာလည်း သိသိသာသာ ပို၍များပြားလာနေခဲ့သည်ဟုလည်း ၎င်းက ပြောကြားခဲ့သည်။
မြန်မာနိုင်ငံက ၂၀၁၉ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့သော ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂပဋိညာဉ်အောက်၌ ကလေးသူငယ်တို့၏ အခွင့်အရေးကို ထိန်းသိမ်းရန် ၎င်းတို့၌ တာဝန်ရှိကြောင်းလည်း ဖာဟန်ဟက်က လုံခြုံရေးတပ်ဖွဲ့ဝင်များကို သတိပေးခဲ့သည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် တပ်မတော်က နိုင်ငံတော်အာဏာကို ထိန်းသိမ်းခဲ့ပြီးနောက် မြန်မာနိုင်ငံတစ်လွှားတွင် ဆန့်ကျင်ဆန္ဒပြပွဲများ ဖြစ်ပေါ်ခဲ့သည်။ ယင်းကိစ္စနှင့်ပတ်သက်၍ အာဏာရပါတီသည် မဲမသမာမှုများ ပြုလုပ်ခဲ့သောကြောင့်ဖြစ်သည်ဟု တပ်မတော်က ပြောကြားခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အကြီးတန်းအစိုးရအရာရှိများကို ဖမ်းဆီးထိန်းသိမ်းခဲ့သည်။
ဆန္ဒပြပွဲများနှင့် ဆန့်ကျင်မှုများကို နှိမ်နင်းရာတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များကြောင့် အရပ်သား ၁၀၀၀ ထက်မနည်းသေဆုံးခဲ့ပြီး ထောင်နှင့်ချီလျက် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည်ဟု ကုလသမဂ္ဂ၏ ထုတ်ပြန်ချက်အရ သိရသည်။
မြန်မာနိုင်ငံတစ်လွှား (အထူးသဖြင့် နိုင်ငံအနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသများ)တွင် တိုက်ပွဲများ မြင့်တက်လာခြင်းနှင့်အတူ လွန်ခဲ့သည့်လအတွင်း ပဋိပက္ခမှာ ပို၍ပြင်းထန်လာခဲ့သည်ဟု ကုလသမဂ္ဂဒုက္ခသည်များ ဆိုင်ရာအေဂျင်စီဖြစ်သော UNHCR ၏ မကြာသေးမီက ထုတ်ပြန်ချက်အရ သိရသည်။
Ref: ANI
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်