
အုပ်ချုပ်ရေးပိုင်းတွင် ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်ဖြင့်သာ ဆောင်ရွက်လျက်ရှိ၍ ဥပဒေအရပေးထားသည့် လုပ်ပိုင်ခွင့်များ အတိုင်းဆောင်ရွက်ရန်လိုကြောင်း ဖေဖော်ဝါ ရီ ၁၀ ရက်က မကွေးတိုင်းဒေသကြီးအစိုးရအ ဖွဲ့ဝင်များ၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများအား နယ်မြေခံတပ်ဌာနချုပ် ဧည့်ခန်းမဆောင်၌တွေ့ဆုံရာ၌ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထည့်သွင်းမှာကြားခဲ့ခြင်း ဖြစ်သည်။
တိုင်းဒေသကြီးအတွင်း မြို့ပြ၊ ကျေးလက်ကွာဟမှုများ လျော့နည်းစေရေးဆောင် ရွက်ပေးကြရန်လိုကြောင်း၊ ထို့ကြောင့် ကျေး လက်ဒေသများ ဖွံ့ဖြိုးရေးအတွက် ဆောင် ရွက်ပေးပြီး လိုအပ်ချက်များကို တတ်နိုင်သလောက်ဖြည့်ဆည်းပေးရန်လိုကြောင်း၊ အုပ် ချုပ်ရေးပိုင်း၌ ဒီမိုကရေစီအုပ်ချုပ်ရေးစနစ် ဖြင့်သာ ဆောင်ရွက်လျက်ရှိ၍ ဥပဒေအရပေး ထားသည့် လုပ်ပိုင်ခွင့်များအတိုင်း ဆောင် ရွက်ရန်လိုကြောင်း၊ အုပ်ချုပ်သည့်အစိုးရအ ဖွဲ့အနေဖြင့် မြို့နယ်၊ ခရိုင်၊ ပြည်နယ်နှင့် တိုင်း ဒေသကြီးအဆင့်ဆင့်တို့တွင် ဥပဒေနှင့်အညီ ပြည်သူများ၏ ကောင်းကျိုးအတွက်ဆောင် ရွက်ပေးရန်လိုသဖြင့် လုပ်သင့်သည့်အရာ အားလုံး လုပ်ဆောင်ရန်လိုကြောင်း ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။
ထို့ပြင်မြစ်ချောင်းများအတွင်း ငါးများစနစ်တကျစိုက်ထည့်ရန်လိုအပ်ကြောင်း၊ နွွား နှင့် ဆိတ်များ မွေးမြူရာတွင်လည်း လှောင် မွေးသည့်စနစ်ဖြင့် မွေးမြူမည်ဆိုပါက မွေးမြူ ရေးပိုင်းတွင်သာမက စိုက်ပျိုးရေးလုပ်ငန်းများ အတွက်လိုအပ်သည့် သဘာဝဓာတ်မြေသြ ဇာများပါ ရရှိမည်ဖြစ်သဖြင့် ပိုမိုအကျိုးဖြစ် ထွန်းမည်ဖြစ်ကြောင်း၊ မကွေး တိုင်းဒေသကြီး အတွင်း အသားတိုးကြက်များသာမက ဥစား ကြက်များကိုပါ အရေအတွက်များများ မွေးမြူ သင့်ကြောင်း၊ ကြက်များမွေးမြူရာတွင် ခေတ် မီမွေးမြူရေးစနစ်ဖြစ်သည့် လေအေးပေးစနစ် နလစေသမအေငသည ွှပစန ဖြင့်မွေးမြူပါက ပိုမိုဖြစ် ထွန်း သည်ကို တွေ့ရှိရကြောင်း၊ အဆိုပါလေ အေးပေးစနစ်ကို နေသာသည့်ရက်များတွင် ဆိုလာစနစ်ဖြင့်လည်းအသုံးပြု၍ရကြောင်း၊ ပြည်သူများ အာဟာရပြည့်ဝစွာစားသုံးနိုင် ရေး အသား၊ ငါးနှင့် ဥများစျေးနှုန်းသက်သာ စွာဖြင့် ဝယ်ယူရရှိနိုင်အောင် ဆောင်ရွက်ပေး ရန်လိုကြောင်း၊ သာမာန်လူ တစ်ဦးအနေဖြင့် တစ်ရက်လျှင် အသား ၁၀ ကျပ်သားခန့်၊ ကြက်ဥ သုံးလုံးခန့်စားသုံးရန် လိုအပ်ကြောင်း၊ ထို့ကြောင့် နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံ တစ်ဝှမ်းရှိ မြစ်ချောင်းများအတွင်း ငါးမျိုးများ စိုက်ထည့်ပေးလျက်ရှိကြောင်း ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင်က ပြောကြားသည်။
ထို့အတူ သစ်တောသစ်ပင်များ ပေါများ စေရေးအတွက် အမျိုးသားရေးတာဝန်တစ်ရပ် အနေဖြင့် စိုက်ပျိုးကြရန်လိုကြောင်း၊ စိုက်ပျိုး ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ဧက ကွက်များဖြင့်စိုက်ပျိုး၍ စက်မှုလယ်ယာစနစ် ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ရန်လို ကြောင်း၊ နိုင်ငံတော်ပိုင်လယ်ထွန်စက် စက်ရုံ များမှ လယ်ထွန်စက်များ ထုတ်လုပ်ရန်လိုသ ကဲ့သို့ ပုဂ္ဂလိကပိုင်စက်ရုံများကိုလည်း မြေ တောင်မြောက်ပေးရန်လိုကြောင်း၊ ထိုသို့ ထုတ်လုပ်ရာတွင်လည်း အရည်အသွေး ကောင်းမွန်ပြီး စျေးနှုန်းသက်သာစွာဖြင့် တောင်သူများသုံးစွဲနိုင်ရေး ဆောင်ရွက်ပေး ရန်လိုကြောင်း၊ စက်မှုလယ်ယာစနစ်အား ဖော်ဆောင်ရာတွင် ကုန်ထုတ်လမ်းများပါ ထည့်သွင်းဆောင်ရွက်ပေးရန်လိုကြောင်း၊ စက်မှုလယ်ယာစနစ်ကို အကောင်အထည် ဖော်ဆောင်ရွက်ခြင်းဖြင့် အလုပ်သမားရှားပါးမှုပြဿနာများကိုလည်း ပြေလည်စေမည် ဖြစ်ကြောင်း ၎င်းင်းက ပြောကြားသည်။
တိုင်းဒေသကြီးအတွင်း မော်တော်ယာဉ် မတော်တဆမှုများ လျော့နည်းစေရေးအတွက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို လိုက်နာစေရေး ထိန်းသိမ်းရန်လိုကြောင်း၊ စည်း ကမ်းများမသိရှိခြင်းနှင့် သတိလက်လွတ်ဖြစ် မှုများကြောင့် ယာဉ်မတော်တဆမှုများဖြစ်ပွား လျက်ရှိကြောင်း၊ လမ်းညွှန်အမှတ်အသား များနှင့် လမ်းညွှန်ဆိုင်းဘုတ်များကို စနစ်တ ကျဖြင့် စိုက်ထူထားရန်လိုကြောင်း၊ အလားတူ တရားမဝင် မော်တော်ယာဉ်များ စီးနင်းမှုမ ရှိစေရေးအတွက်လည်း ကြပ်မတ်ဆောင်ရွက် ရန်လိုကြောင်း၊ မော်တော်ဆိုင်ကယ်စီးနင်းသူများအနေဖြင့်လည်း ဆိုင်ကယ်စီးဦးထုပ် များ စနစ်တကျ အသုံးပြုစေရေးကြပ်မတ် ဆောင်ရွက်ရန်လိုကြောင်း၊ ယာဉ်မောင်းလိုင် စင်များကိုလည်း စနစ်တကျဖြင့်ထုတ်ပေးရန် လိုကြောင်း၊ လမ်းများပျက်စီးမှု မရှိစေရေး အတွက် ကုန်တန်ယာဉ်များ တန်ပိုတင်ဆောင် မှုမရှိစေရေးနှင့် ကုန်များအား စနစ်တကျဖြင့် တင်ဆောင်မှုရှိစေရေး သတ်မှတ်စည်းကမ်း များအတိုင်း ကြပ်မတ်ဆောင်ရွက်ရန်လို ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်