
အမေရိကန်သမ္မတဂျိုးဘိုင်ဒင်အနေဖြင့် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ခေါင်းဆောင်များနှင့် တွေ့ဆုံရာတွင် မြန်မာ့နိုင်ငံ၏အခြေအနေနှင့် ပတ်သက်၍ အလေးထားဆွေးနွေးသွားမည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က ဖေဖော်ဝါရီ ၁၁ ရက် တွင် ပြောကြားခဲ့သည်။
မြန်မာနိုင်ငံတွင် တပ်မတော်က ဖိနှိပ်မှု များနှင့် အကြမ်းဖက်မှုများကို လုပ်ဆောင်နေဆဲ ဖြစ်သည်ဟုလည်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်က စွပ်စွဲ ပြောကြားခဲ့သည်။
“မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေက အလွန်ပင် အကျပ်ရိုက်စရာ အခြေအနေဖြစ်နေတယ်ဆိုတာက စိတ်ပျက်ဖွယ် ကောင်းလောက်အောင် ထင်ထင်ရှားရှား ရှိနေတယ်လို့ ကျွန်တော်ထင်ပါတယ်”ဟု အမေရိကန်ပြည်ထောင်စု၊ သြစတြေးလျ၊ အိန္ဒိယနှင့် ဂျပန်နိုင်ငံတို့ပါဝင်သော Quadအဖွဲ့၏ အစည်းအဝေးအပြီး၌ မဲဘုန်းမြို့တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ဘလင်ကန် က ပြောကြားခဲ့သည်။
အမေရိကန် အစိုးရအနေဖြင့် ယမန်နှစ်က သဘောတူညီခဲ့သည့် မြန်မာ့အရေး အာဆီယံဘုံသဘောတူညီချက်ငါးရပ်ကို ထောက်ခံကြောင်းနှင့် ယင်းသဘောတူညီ ချက်များကို အကောင်အထည်ဖော်ရန် လိုအပ်ကြောင်းလည်း ဘလင်ကန်က ပြောကြားခဲ့သည်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်သည် မကြာမီအချိန်အတွင်း ၀ါရှင်တန်၌ အာဆီယံ နိုင်ငံများ၏ ခေါင်းဆောင်များကို လက်ခံတွေ့ဆုံရာတွင် အဆိုပါ အရေးကိစ္စသည် အလေးထား ဆွေးနွေးစရာကိစ္စရပ်တစ်ခု ဖြစ်သည်ဟုလည်း ဘလင်ကန်က ပြောကြားခဲ့သည်ဟု ရိုက်တာသတင်းတွင်ဖော်ပြထားသည်။
Ref : Reuters
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်