
တောင်ကိုရီးယားစိတ်ကူးယဉ်သိပ္ပံဇာတ်လမ်းတွဲ The Silent Sea က Netflix ၏ လတ်တလော လူကြည့်အများဆုံးဇာတ်ကားစာရင်းတွင် နံပါတ် (၃) နေရာရထားသည်။ သို့သော်လည်း ၎င်းရှေ့တွင်ပြထားသည့် Squid Game နှင့် Hellbound ခြေရာတို့ကိုတော့ မလိုက်နိုင်ခဲ့ပေ။
ဒီဇင်ဘာ ၂၄ ရက်က စတင်ထုတ်လွှင့်ပြီးနောက် The Silent Sea ဇာတ်လမ်းတွဲသည် Netflix ၏ လူကြည့်အများဆုံး နံပါတ် (၇)နေရာမှ နံပါတ်(၃) နေရာသို့ ခုန်တက်လာခြင်းဖြစ်သည်။
Squid Game နှင့် Hellbound ပြသစဉ်ကမူ နံပါတ် (၁) နေရာတွင်ရပ်တည်ခဲ့ပြီး Squid Game က Netflix ၏ လူကြည့်အများဆုံးဇာတ်လမ်းတွဲဖြစ်လာသည်အထိ အောင်မြင်ခဲ့သည်။
အန္တရာယ်များသည့်၂၄ နာရီကြာ လကမ္ဘာခရီးစဉ်အတွင်း အာကာသယာဉ်မှူးများက စွန့်ပစ်ခံသုတေသနခန်းတစ်ခုမှ နမူနာ sample များကို ကြိုးစားယူရသည့်ဇာတ်လမ်းဖြစ်ပြီး အပိုင်းရှစ်ပိုင်းရိုက်ကူးထားသည်။
၂၀၁၄ ခုနှစ်က အလားတူနာမည်ဖြင့် ထွက်ခဲ့သည့်ဇာတ်လမ်းတိုကို ပြန်လည်မှီငြမ်းရိုက်ကူးထားခြင်းဖြစ်ပြီး ၃၇ မိနစ်ကြာယခင်ဇာတ်လမ်းတိုကို Netflix သဘောတူညီချက်ဖြင့် ပြန်လည်ရိုက်ကူးလိုက်ခြင်းဖြစ်သည်။
ဇာတ်လိုက်နေရာမှ ပါဝင်ထားသူများက မင်းသမီး Bae Doo-na၊ မင်းသား Gong Yoo နှင့် Lee Joon တို့ဖြစ်သည်။
Bae Doo-na သည်၂၀၁၉ ခုနှစ်က တောင်ကိုရီးယား၏ ပထမဆုံး Netflix ဇာတ်လမ်းတွဲအဖြစ်ပြသခဲ့သည့် zombie သည်းထိတ်ရင်ဖိုရုပ်ရှင် Kingdom မှ မင်းသမီးဖြစ်ပြီး Gong Yoo က မနှစ်က Netflix တွင် ဝက်ဝက်ကွဲအောင်မြင်ထားသည့် Squid Game တွင် ပါဝင်ထားသည်။
Train To Busan မင်းသားအဖြစ် ထင်ရှားလာသူ Gong သည် ဒီဇင်ဘာ ၁ ရက်ကမှ အင်စတာဂရမ်အကောင့် ဖွင့်လိုက်ပြီး ၂၄ နာရီအတွင်း ဖော်လိုဝါ ၁.၄ သန်းရခဲ့သည်။ သူသည် မင်းသမီး Kim Tae Ri နှင့်လည်း ဒရာမာဇာတ်လမ်းသစ်ရိုက်ကူးရန် ကမ်းလှမ်းခံထားရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်