
တောင်ကိုရီးယားတွင် အငြင်းပွားဖွယ်အချက်များဖြင့် လတ်တလော လူပြောများလျက်ရှိသည့် Snowdrop ရုပ်သံဇာတ်လမ်းတွဲမှ မင်းသမီး ကင်မီဆူ ရုတ်တရက်ကွယ် လွန်သွားပြီဖြစ်ကြောင်း သူမ၏ အေဂျင်စီ Landscape က ဇန်နဝါရီ ၅ ရက်တွင် ကြေညာလိုက်သည်။
သေဆုံးသည့်အကြောင်းရင်းကိုမူ အေဂျင်စီက မထုတ်ပြန်ဘဲ ပူဆွေးနေသည့်ကျန်ရစ်သူမိသားစုကို စာနာသောအားဖြင့် ခန့်မှန်းပြောဆိုခြင်းများ မပြုလုပ်ကြရန်လည်း ပရိသတ်ကို မေတ္တာရပ်ခံထားသည်။
အသက် ၂၉ နှစ်ရှိပြီဖြစ်သည့် ကင်မီဆူသည် Disney+တွင် လက်ရှိထုတ်လွှင့်ပြသနေသည့် Snowdrop ဇာတ်လမ်းတွဲတွင် ခေါင်းဆောင်မင်းသမီး၏အခန်းဖော်၊ တက်ကြွလှုပ်ရှားရေးကျောင်းသူ ယိုဂျောင်မင် ဇာတ်ရုပ်ဖြင့် လူသိများနေပြီး Blackpink အဖွဲ့ဝင် ဂျီဆူနှင့် မင်းသားဂျောင်ဟေအင်းတို့အဓိကပါဝင်ထားသည့် ၎င်းဇာတ်လမ်းတွဲသည် ၁၉၈၇ တောင်ကိုရီးယားနိုင်ငံ၏ဒီမိုကရေစီလှုပ်ရှားမှုသမိုင်းကြောင်းကို မမှန်မကန်ပြင်ဆင်ရိုက်ကူးထားမှု၊ သီချင်းရွေးချယ်မှုအချက်တို့ဖြင့် ဒီဇင်ဘာတွင်ဇာတ်ကား စမပြမီရော ပြသနေစဉ်အတွင်းမှာပါ ဝေဖန်မှုဂယက်များနှင့် ကြုံခဲ့ရသည်။
ဇာတ်ကားကိုပံ့ပိုးထားသည့် စပွန်ဆာကုမ္ပဏီများကပင် ၎င်းတို့၏ပံ့ပိုးမှုများကိုပြန်ရုပ်သိမ်းလာကြပြီး ဇာတ်ကားဆက်မပြရေး လူသုံးသိန်းကျော်လက်မှတ်ထိုးကာ သမ္မတရုံးသို့ တင်ပြလာသည်အထိ ကန့်ကွက်ခံခဲ့ရ သည်။ ထို့ပြင်ဇာတ်ကားထုတ်လုပ်သည့်စတူဒီယိုနှင့် Blackpink အေဂျင်စီ၏ ရှယ်ယာများလည်း ထိခိုက်ခဲ့သည်။
ကင်သည် ၂၀၁၉ တွင် ထွက်ထားသည့် Memories နှင့် Kyungmi’s World ဇာတ်ကားတို့တွင် ပါဝင်ထားပြီး Squid Game နည်းတူ Netflix တွင် လူကြိုက်များခဲ့သည့် Hellbound သည်းထိတ်ရင်ဖို ဇာတ်လမ်းတွဲတွင်လည်း ပါဝင်ထားသည်။ Snowdrop ဇာတ်လမ်းတွဲကမူ ကင်မီဆူကို နောက်ဆုံး မြင်တွေ့ရသည့် ဇာတ်ကားဖြစ်သွားသည်။
JTBC ရုပ်သံလိုင်းက Snowdrop ကို ဒီဇင်ဘာ ၁၈ ရက်မှစတင်ကာ အပတ်စဉ်စနေ၊ တနင်္ဂနွေတိုင်း ပြသလာခဲ့သည်။ ကာယကံရှင်မိသားစု၏ဆန္ဒအရ ကင်၏စျာပနကို Taeneung Sungsim စျာပနရုံတွင် သိုသိပ်စွာ ပြုလုပ်သွားမည်ဖြစ်သည်။
ကင်သည် သရုပ်ဆောင်လောကသို့ ဝင်ရောက်ရန် ကိုရီးယားအနုပညာတက္ကသိုလ်သို့ တက်ရောက်ခဲ့ပြီး မော်ဒယ်အလုပ်တွင်လည်း အောင်မြင်ထားသည်။
JTBC ရုပ်သံလိုင်းမှပြခဲ့သည့် Human Luwak၊ tvNမှ ပြသည့် Hi Bye, Mama နှင့် KBS မှပြခဲ့သည့် Into the Ring ဒရာမာဇာတ်လမ်းတွဲများ၌လည်း ပါဝင်ခဲ့သည်။
ကင်မီဆူသည် Disney+ မှ ပြသမည့် Sixth Sense Kiss အချစ်ဇာတ်မြူးဒရာမာ ဇာတ်လမ်းတွဲတွင်လည်း ပါဝင်ရိုက်ကူးလျက်ရှိပြီး ယခုလို သူမ ရုတ်တရက်ကွယ်လွန်သွားသည့်အတွက် ရိုက်ကူးမှုများကို ဖျက်သိမ်းထားကြသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်