
Netflix မှပြသလိုက်သည့် Squid Game ဇာတ်လမ်းတွဲဖြင့် တစ်ရှိန်ထိုးအောင်မြင်လာသူ တောင်ကိုရီးယားရုပ်ရှင်မင်းသမီး၊ မော်ဒယ် Jung Ho Yeon သည် အမေရိကန် Vogue မဂ္ဂဇင်း ကာဗာမော်ဒယ်အဖြစ် ဖော်ပြခံရသည့် ပထမဆုံးအာရှတိုက်သား၊ ပထမဆုံး ကိုရီးယားနိုင်ငံသူ ဖြစ်လာခဲ့ပြီဖြစ်သည်။
ထိုအကြောင်းကို ဇန်နဝါရီ ၆ ရက်တွင် သူမ၏အေဂျင်စီ Saram Entertainment က အတည်ပြုထားပြီး ထိုသို့ဖော်ပြခံရမှုသည် ကမ္ဘာ့ဖက်ရှင်လောကတွင် ထူးခြားသည့်အတွက် Jung Ho Yeon ၏ထင်ပေါ်မှုက မည် မျှရှိသည်ကို ခန့်မှန်းနိုင်သည်ဟုလည်း ဆိုသည်။
မဂ္ဂဇင်းအတွက် ဓာတ်ပုံများရိုက်ကူး ပြီးနောက် Jung Ho Yeon က အင်တာဗျူး လက်ခံဖြေဆိုခဲ့ပြီး Squid Game ကြောင့် အောင်မြင်လာပြီးနောက်ပိုင်း သူမ အလုပ်မည်မျှများလာသည်ကိုလည်း ပြောပြခဲ့သည်။ Squid Game ကြောင့် တစ်လအတွင်း သူမ၏ဘဝ လုံးဝပြောင်းလဲသွားရသည်ဟုလည်း ဖွင့်ဟခဲ့သည်။
အောင်မြင်လာသည့်အတွက် အနုပညာနှင့် ရုပ်ရှင်နယ်ပယ်တွင် ပိုမိုတိုးဝင်နိုင်ရန် အင်္ဂလိပ်စာလည်း လေ့လာခဲ့ပြီး ကိုယ်နေဟန်ထား၊ အသံပိုင်း ကြိုးစားလေ့ကျင့်နေသည်ဟု Jung Ho Yeon က ဆိုသည်။ Vogue မဂ္ဂဇင်းတာဝန်ရှိသူများဘက်ကလည်း Jung Ho Yeon ကို စကားလုံးတစ်လုံးတည်းဖြင့် ဖော်ပြရမည်ဆိုလျှင် လုံ့လဝီရိယ ရှိမှုဖြစ်ပြီး သူမသည် သူမလုပ်သမျှအလုပ်တိုင်းကို ဝီရိယရှိစွာ အာရုံထားလုပ်သည်ဟု ချီးကျူးထားသည်။
မိခင်ကို တောင်ကိုရီးယားသို့ အပါခေါ်နိုင်ရန် ငွေလိုသည့်အတွက် ထူးဆန်းသည့် ဂိမ်းပြိုင်ပွဲကို ဝင်ပြိုင်ခဲ့သည့် မြောက်ကိုရီးယား ပြည်ပြေးမလေး Kang Se Byeok နေရာမှ သရုပ်ဆောင်ခဲ့သူ Jung Ho Yeon သည် Squid Game ပြလိုက်ပြီးနောက် အင်စတာဂရမ်တွင် ဖော်လိုဝါအများဆုံး ကိုရီးယားမင်းသမီးဖြစ်လာခဲ့သည်။
Squid Game မပြမီကလည်း အသက် ၂၇ နှစ်အရွယ် Jung Ho Yeon သည် မော်ဒယ်လောကတွင် နာမည်ရနှင့်ပြီးသားဖြစ်ပြီး မော်ဒယ်လောကကို ၂၀၁၃ ခုနှစ်က စတင်ဝင်ရောက်လာသူ သူမသည် Korea’s Next Top Model ပြိုင်ပွဲကြီးတွင် ဒုတိယရခဲ့သည်။ သိပ်မကြာမီ ဆိုးလ်ဖက်ရှင်ရက်သတ္တပတ်တွင် သူမ၏ခြေလှမ်းများကိုမြင်လာရပြီး နိုင်ငံတကာဖက်ရှင်ပွဲများအထိ ခြေဆန့်နိုင်ခဲ့သည်။
၂၀၁၆ ခုနှစ်တွင် သူမသည်Louis Vuitton ၏ ၂၀၁၇ ဆောင်းဦး/ဆောင်းရာသီ ရှိုးအတွက် အထူးမော်ဒယ်အဖြစ် စာချုပ်ချုပ်ဆိုခဲ့ပြီး Chanel၊Gucci နှင့် Marc Jacobs စသည့် နာမည်ကျော်အမှတ်တံဆိပ်များအတွက် လျှောက်လမ်းထက်တွင် သူမကို မြင်ခဲ့ရသည်။ ၂၀၂၀ ခုနှစ်တွင်မူ Saram Entertainment က စာချုပ်ချုပ်လိုက်ပြီး ကံကြမ္မာက သူမကို Squid Game ဇာတ်ကောင် Sae-byeok လူရွေးမှုနှင့် ကြုံကြိုက်အောင်ဖန်တီးပေးလိုက်သည်။
မကြာသေးမီကလည်း Jung Ho Yeon သည် အမေရိကသို့ သွားရောက်ပြီး Spider Man မင်းသမီး ဇန်ဒယာနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံဖြစ်ခဲ့သည်။ အမေရိကတွင်LACMA Art+Film Gala ပွဲ၊ CFDA ဖက်ရှင်ဆုပေးပွဲနှင့် ဂေါ့သမ်အမေရိကန် ရုပ်ရှင်ထူးချွန်ဆုပေးပွဲတို့ကို သူမ တက်ရောက်ခဲ့ပြီး ဂေါ့သမ်ဆုပေးပွဲတွင် Squid Game က ဆုတစ်ဆုရသည့် ပထမဆုံးကိုရီးယားဇာတ်လမ်းတွဲဖြစ်လာခဲ့သည်။ သူမ၏ ဓာတ်ပုံအပြည့်အစုံနှင့် အင်တာဗျူးကို ဖေဖော်ဝါရီထုတ် Vogue မဂ္ဂဇင်းတွင် ဖော်ပြသွားမည်ဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်