
အမေရိကန်ပြည်ထောင်စုတွင် ဇန်နဝါရီ ၉ ရက်၌ကျင်းပမည့် ၂၀၂၂ ရွှေကမ္ဘာလုံးဆုပေးပွဲကို မည်သည့်ရုပ်သံကမျှ တိုက်ရိုက်ပြသတော့မည်မဟုတ်ဘဲ သိုသိပ်စွာပင် ကျင်းပသွားမည်ဟု ပွဲစီစဉ်သူများက တွစ်တာ စာမျက်နှာတွင် ကြေညာထားသည်။
ရွှေကမ္ဘာလုံးဆုပေးပွဲသည် အော်စကာဆုပေးပွဲမှလွဲလျှင် အမြင့်ဆုံးဆုပေးပွဲဖြစ်ပြီး ရွေးချယ်ဆုံးဖြတ်မည့်သူများထဲ လူမျိုးအစုံ မပါဝင်ထားသည့် အငြင်းပွားစရာအချက်ကြောင့် ရုပ်သံ NBC က ဆုပေးပွဲထုတ်လွှင့်မည့်အစီအစဉ်ကို ရုပ်သိမ်းထားသည်။
၂၀၂၁ ခုနှစ်အတွင်း ရုပ်ရှင်ဇာတ်ကား နှင့် ရုပ်သံနယ်ပယ်မှ အကောင်းဆုံးဇာတ်ကား၊ သရုပ်ဆောင်များကို ဂုဏ်ပြုချီးမြှင့်မည့် ၇၉ ကြိမ်မြောက် ရွှေကမ္ဘာလုံးဆုပေးပွဲအတွက် ဆန်ခါတင်ဆုစာရင်းတွင် Belfast နှင့်The Power of the Dog က ဆုခုနစ်ဆုစီဖြင့် ထိပ်ဆုံးမှဦးဆောင်နေပြီး Don’t Look Up၊ King Richard၊ Licorice Pizza၊West Side Story ဇာတ်ကားများက ဆုလေးဆုစီ လျာထားခံရသည်။
ဆုရွေးချယ်ရေးအဖွဲ့ HFPA ကြေညာချက်အရ ရွှေကမ္ဘာလုံးဆုပေးပွဲတွင် ပရိသတ်များလည်း တက်ရောက်ခွင့်မပေးထားဘဲ ကော်ဇောနီခင်းကျင်းမှုလည်း ရှိတော့မည် မဟုတ်ပေ။
ဆန်ကာတင်စာရင်းဝင်ဇာတ်ကားနှင့် ဇာတ်လမ်းတွဲများကို ပြီးခဲ့သည့်လတွင် ရက်ပ်အဆိုတော် စနု(ပ်)ဒေါ့က ကြေညာထားရာBelfast က အကောင်းဆုံးဒရာမာဇာတ်ကားဆု၊ အကောင်းဆုံးဒါရိုက်တာဆု၊ အကောင်း ဆုံးဇာတ်ညွှန်းဆုတို့ မျှော်လင့်ခံထားရပြီး သရုပ်ဆောင်ဆုများအတွက်လည်း ဆန်ကာတင်ပါဝင်ထားသည်။
အကောင်းဆုံးဒါရိုက်တာဆု၊ အကောင်းဆုံးဇာတ်ညွှန်းဆုတို့အတွက် Netflix မှပြသသည့် The Power of the Dog ဒါရိုက်တာ ဂျိန်းကမ်ပီယံက Belfast ဒါရိုက်တာနှင့် အပြိုင် လျာထားခံရသည်။
သရုပ်ဆောင်ပိုင်းအတွက် ဆုများကိုမူ အမေရိကန်တင်းနစ်အကျော်အမော် ဗီးနတ်စ် နှင့် ဆီရီနာဝီလျံတို့ညီအစ်မနှစ်ဦး၏ ဖခင် အဖြစ်King Richard ဇာတ်ကားတွင် သရုပ်ဆောင်ထားသည့် ဝယ်လ်စမစ်၊Spencer ဇာတ်ကားတွင် ဒိုင်ယာနာအဖြစ် သရုပ်ဆောင်သည့် ခရစ္စတင်စတီးဝတ်၊ House of Gucci ဇာတ်ကားမှ လေဒီဂါဂါတို့ လျာထားခံရပြီး ဂျနီဖာလော့ရန့်စ်၊ အမ်မာစတုန်း၊ လီယိုနာဒို ဒီကာပရီယို၊ နစ်ကိုးကစ်မန်းတို့လည်း လျာထားခံရသည်။
ရုပ်သံအပိုင်းတွင်မူ ဇာတ်လမ်းတွဲက ဆုငါးဆုဖြင့် ထိပ်ဆုံးမှဦးဆောင်နေပြီး The Moring Show နှင့် Ted Lasso တို့က ဆုလေးဆုစီဖြင့် ဆန်ကာတင် ပါဝင်ထားသည်။
ဇန်နဝါရီလကုန်တွင်ကျင်းပမည့် ၆၄ ကြိမ်မြောက် ဂရမ်မီဆုပေးပွဲကိုမူ အိုမီခရွန် ဗိုင်းရပ်စ်မျိုးကွဲအန္တရာယ်ကြောင့် ရက်အကန့် အသတ်မရှိ ရွှေ့ဆိုင်းလိုက်ပြီဖြစ်သည်။
CBS ရုပ်သံမှ တိုက်ရိုက်ထုတ်လွှင့်ပြသမည့် အဆိုပါဂီတထူးချွန်ဆုပေးပွဲကို မူလက ဇန်နဝါရီ ၃၁ ရက်တွင်ကျင်းပရန် စီစဉ်ထားခြင်းဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်