Top News

ဆယ်လ်မန်ခန် မြွေကိုက်ခံရပြီး ဆေးရုံတွင် တစ်ည နေလိုက်ရ
24htopnews | November 30, 2024 9:12 PM CST

ဆယ်လ်မန်ခန်သည် မဟာရက်ရှ်ထရာပြည်နယ် ပန်ဗယ်မြို့ရှိ ၎င်းပိုင် လယ်တောအိမ်အတွင်း  ဒီဇင်ဘာ ၂၅ ရက်ညပိုင်းက မြွေကိုက် ခံလိုက်ရပြီး မွမ်ဘိုင်းဆေးရုံတစ်ရုံသို့ အမြန်သွားပြခဲ့ရသည်။

ကံကောင်းသဖြင့် ကိုက်သည့် မြွေက အဆိပ်မရှိသည့်အတွက် ဆယ်လ်မန်မှာ အသက်အန္တရာယ်မရှိခဲ့ဘဲ ဆေးရုံတွင် ခြောက်နာရီနေပြီးနောက် လယ်တောအိမ်သို့ ပြန်လာကာ အနားယူလျက်ရှိသည်။

ဆယ်လ်မန်ခန်သည် ဒီဇင်ဘာ ၂၇ ရက်တွင် ကျရောက်သည့် အသက် ၅၆ နှစ်ပြည့် မွေးနေ့ဆင်နွှဲရန် ၎င်း၏လယ်ဝင်းသို့ ရောက်နေချိန် ပထမဆုံးအကြိမ် မြွေကိုက်ခံလိုက်ရ ခြင်းဖြစ်သည်။ မွေးနေ့အတွက် မိသားစုနှင့်  မိတ်ဆွေ အပေါင်းအသင်းအချို့ကိုလည်း ဖိတ်ကြားထားသည်။

လယ်တောအိမ်သည် သစ်တောမြေအတွင်း တည်ရှိပြီး ဒေသရင်းအပင်တိရစ္ဆာန်များနှင့် ငှက်မျိုးပေါင်းစုံလည်းရှိပြီး ဆယ်လ်မန်ခန်က မြွေကိုက်ခံရသည့်ဖြစ်စဉ်ကို ANI သတင်းဌာနသို့ ပြန်ပြောပြခဲ့သည်။ ၎င်း၏လယ်တောအိမ်ထဲသို့ ဝင်လာသည့်မြွေကို ဆယ်မန်က တုတ်ချောင်းဖြင့် အပြင်သို့ ဆွဲ ထုတ်စဉ် မြွေက တဖြည်းဖြည်း ၄င်းလက်ပေါ်သို့ တက်လာပြီး ဖမ်းဆုပ်လိုက်ချိန်တွင် သုံးကြိမ် ကိုက်သွားသည်ဟု ဆိုသည်။

မြွေကိုက်ခံရပြီး နောက်မနက် ဆေးရုံမှ ပြန်ဆင်းလာပြီး ဆယ်လ်မန်သည် လယ်တောအိမ်သို့ပင် ပြန်လာကာ မွေးနေ့ကျင်းပခဲ့သည်။ များသောအားဖြင့် ဆယ်လ်မန်သည် ၎င်းမွေးနေ့ကို ထိုအိမ်တွင်သာ မိသားစု၊ အရင်းနှီးဆုံး သူငယ်ချင်းများနှင့် ကျင်းပလေ့ရှိသည်။ ဆယ်လ်မန် ကိတ်မုန့်ခွဲနေသည့် ပုံများ ၊ ဗီဒီယို များလည်း အွန်လိုင်းတွင် တက်လာခဲ့သည်။

ဆယ်လ်မန်သည် အပြင်ဘက်တွင် စောင့်နေသည့် ပါပါရာဇီများကိုတွေ့ရန် ထွက်လာလိုက်သေးသည်။ ဓာတ်ပုံလည်း အရိုက်ခံခဲ့သည်။ ထို့နောက် မြွေကိုက်ခံရသည့် အကြောင်းကို ပြောပြသွားခဲ့သည်။

သတင်းရင်းမြစ်တစ်ဦး၏ အဆိုအရ ဆယ်လ်မန်သည် ၎င်းလယ်တောအနီးတစ်ဝိုက်တွင် မြွေများစွာ မြင်ထားသည့်အတွက် အစောင့်များကို အထူးသတိရှိကြရန်လည်း အမြဲမှာလေ့ရှိသည်။ ယခု မြွေကိုက်ခံရခြင်း သည် ပထမဆုံးအကြိမ်ဖြစ်သည်။

ဆယ်လ်မန်ခန်သည် လူကြိုက်များ အောင်မြင်ခဲ့သည့် ၂၀၁၅ ဒရာမာရုပ်ရှင် Bajrangi Bhaijann ဇာတ်ကားကို နောက်ဆက်တွဲရိုက်ကူးမည်ဟု ကြေညာထားသည်။ မူလရုပ်ရှင်တွင် ကရီနာကပူးရ်လည်း ပါဝင် သရုပ်ဆောင်ထားသည်။

သူလျှိုအက်ရှင်ဇာတ်ကား ွှငါနမ ၃ တွင် လည်း ဆယ်လ်မန်ခန် ခေါင်းဆောင်ပါဝင် သရုပ်ဆောင်ထားပြီး မင်းသမီးကတ်ထရီနာ ကတ်ဖ်နှင့် တွဲဖက်မြင်ရမည့် ၎င်းင်းဇာတ်ကား ကြီးသည် ၂၀၂၂ ခုနှစ် ခရစ္စမတ်မှ ပိတ်ကား ထက်ပေါ်ရောက်လာမည်ဖြစ်သည်။


READ NEXT
Cancel OK