Top News

Coldplay အဆိုတော်ခရစ္စမာတင် Malibu ရှိအိမ်ကို ရောင်းချမှုမှ ဒေါ်လာနှစ်သန်းမြတ်ခဲ့
24htopnews | November 30, 2024 9:12 PM CST

ဗြိတိန်ရော့ခ်ဂီတအဖွဲ့ Coldplay မှ ခေါင်းဆောင်အဆိုတော် ခရစ္စမာတင်က ကယ်လီဖိုးနီးယားပြည်နယ် Malibu ကမ်းခြေမြို့ရှိအိမ်ကို အမေရိကန်ဒေါ်လာ ၁၄.၄ သန်းဖြင့် ရောင်းလိုက်ပြီဖြစ်သည်။

၎င်းအိမ်ကို ခရစ္စမာတင်က ၂၀၂၀ ခု နှစ်၊ အောက်တိုဘာတွင် အမေရိကန်ဒေါ်လာ ၁၂.၅ သန်းဖြင့် ဝယ်ယူခဲ့သည့်အတွက်  ယခုအိမ်ရောင်းလိုက်မှုမှ ဒေါ်လာနှစ်သန်းနီးပါး အမြတ်ကျန်ခဲ့သည်။

အိမ်ထဲတွင် ရေကူးကန်တစ်ကန်၊ အိမ်ကြည့်ရုပ်ရှင်ရုံ ၊ နှစ်ထပ်ဧည့်ဆောင်၊ ဂိမ်းကစားခန်းတစ်ခန်း၊ ဧည့်ခန်းတစ်ခန်းနှင့် မီးဖိုချောင်တစ်ခန်းတို့ပါဝင်ပြီး အိပ်ခန်းခြောက်ခန်းနှင့် ရေချိုးခန်း ကိုးခန်းတို့ပါသည်။ သို့သော် ခရစ္စမာတင်က ဘလောက်အနည်းငယ်အကွာတွင်ရှိသည့် နောက်တစ်အိမ်က ၎င်းအတွက် လုံခြုံမှုပိုပေးသည့်အတွက် အိမ်သစ်ဝယ်ရန် ဆုံးဖြတ်လိုက်သည်။

ခရစ္စမာတင်က အသံတိုးတက်အောင် အော်ပရာအဆိုပိုင်းကိုလည်း လေ့ကျင့်နေသည်ဟု ပြောဆိုထားသည်။ အဆိုပိုင်းပိုတိုးတက်လာအောင် ကိုဗစ်ကပ်ဘေးကာလအတွင် ပိုလေ့ကျင့်ဖြစ်ခြင်းဖြစ်ပြီး သူ့တွင်အရင်ကတည်းက ဆရာရှိထားသည်။

ယခုအလွန်တော်သည့် Coldplay အဆိုတော်ဖြစ်နေပြီဖြစ်ပြီး အော်ပရာပိုင်းက ညံ့နေသေးသည့်အတွက် ကြိုးစားနေသည် ဟုလည်း ခရစ္စမာတင်က ဆိုသည်။

ခရစ္စမာတင်က  ၂၀၂၅ ခုနှစ်တွင် ၎င်းတို့အဖွဲ့၏ သီချင်းသစ်များ ထွက်တော့မည်မဟုတ်ကြောင်းလည်း ကြေညာထားသည်။

ထိုအကြောင်းကို ခရစ္စမတ်အထူးအစီအစဉ်အဖြစ် ဘိီဘီစီရေဒီယိုအစီအစဉ်တင်ဆက်သူတစ်ဦးနှင့် အင်တာဗျူးတွင် မာတင်က ထည့်ပြောသွားခြင်းဖြစ်သည်။

“ကျွန်တော်တို့ရဲ့ နောက်ဆုံးမြောက်အခွေဟာ ၂၀၂၅ ခုနှစ်မှာ ထွက်ပါလိမ့်မယ်။ အဲဒါပြီးရင်တော့ ကျွန်တော်တို့ နယ်လှည့်ဖျော်ဖြေမှုတွေပဲ လုပ်ဖြစ်လိမ့်မယ်ထင်တယ်” ဟု ခရစ္စမာတင်က ဆိုသည်။

၎င်းတို့ချင်း ပူးပေါင်းမှုများလုပ်လျှင်လုပ်ဖြစ်နိုင်သော်လည်း ယခင်လို  Coldplay ဂီတအဖွဲ့အနေဖြင့် ဖန်တီးမှုကတော့ ပြီးသွားလိမ့်မည်ဟုလည်း ဆိုသည်။

Coldplay သီချင်းခွေသစ်ထွက်မှု ရပ်တော့မည့်အကြောင်း မာတင်က ယခင်အင်တာဗျူးများကတည်းက သွယ်ဝိုက်ပြောခဲ့သည်များရှိသော်လည်း ရပ်မည့်အချိန်ကို အတိအကျ မပြောခဲ့ဖူးပေ။

ဗြိတိန်အနုပညာမဂ္ဂဇင်း NME နှင့် အောက်တိုဘာအင်တာဗျူးတွင် မာတင်က ၎င်းတို့အဖွဲ့ သီချင်းခွေ ၁၂ ခွေထွက်ရန် ရည်ရွယ်ထားကြောင်း ပြောဆိုခဲ့ပြီး အောက်တိုဘာ ၁၅ ရက်တွင် ကိုးခွေမြောက် Music of the Spheres အခွေထွက်ထားသည်။ Coldplay သည် ၂၀၂၂ ခုနှစ်တွင် ကမ္ဘာလှည့်ဖျော်ဖြေမှုများ စတင်မည်ဖြစ်သည်။ ခရစ္စမာတင်သည် Fifty Shades ဇာတ်ကားများဖြင့် နာမည်ကျော်ခဲ့သူ အမေရိကန်ရုပ်ရှင်မင်းသမီး ဒါကိုတာဂျွန်ဆင်နှင့် လက်ရှိတွဲနေသည်။


READ NEXT
Cancel OK