
အမေရိကန်ရုပ်သံနှင့် ရုပ်ရှင်လောကတွင် နှစ်ပေါင်း ၇၅ နှစ်ကျော်ကြာ အချိန်အကြာဆုံးရပ်တည်ခဲ့သူ အသက် ၉၉ နှစ်အရွယ် မင်းသမီးကြီး ဘတ်တီဝှိုက် ဒီဇင်ဘာ ၃၁ ရက်က ကွယ်လွန်သွားပြီဖြစ်သည်။
“ဘတ်တီဟာ အသက် ၁၀၀ ပြည့်တော့ မှာဆိုပေမဲ့ သူမဟာ အမြဲတမ်းရှင်သန်နေမယ့် သူ” ဟု ဘတ်တီဝှိုက်၏အေးဂျင့်ဖြစ်သူက People မဂ္ဂဇင်းသို့ ပြောသည်။
၁၉၂၂ ခုနှစ် ဇန်နဝါရီ ၁၇ ရက်က အီလီနွိုက်စ်ပြည်နယ်တွင်မွေးဖွားခဲ့သူ ၀ိှုက် အသက် နှစ်နှစ်အရွယ်တွင် မိသားစုလိုက် LA သို့ ပြောင်းရွှေ့ခဲ့ပြီး သူမသည် ၁၉၅၀ ပြည့်နှစ်များက ရုပ်သံဌာနလက်ထောက်အဖြစ် ဝင်ရောက်မလုပ်မီ Beverly Hills ရှိ ဇာတ်ရုံတွင် အသက်မွေးဝမ်းကျောင်း စတင်ခဲ့သည်။နောက်ပိုင်း Life with Elizabeth ဆိုသည့် ကိုယ်ပိုင်ရှိုးအစီအစဉ်တစ်ခု သူမ စတင်နိုင်ခဲ့ သည်။
ရေဒီယိုနှင့် ဇာတ်ရုံအသိုင်းအဝိုင်းမှ ထိုးထွက်လာသူပီပီ ၀ိှုက်သည် ဟောလိဝုဒ်၏ ပထမဆုံးအမျိုးသမီးပရိုဂျူဆာများထဲ ပါဝင်ခဲ့သည်။ ရုပ်သံဂိမ်းအစီအစဉ်များ၊ Talk Shows နှင့် Variety Shows အစီအစဉ်များစွာရိုက်ကူးပြီး ဘတ်တီဝှိုက်သည် အမေရိကန် အနုပညာနယ်ပယ်၏ အဓိကပံ့ပိုးသူဖြစ်လာခဲ့သည်။
သူမ၏ ရှည်လျားသည့် အနုပညာလမ်းခရီးတွင် အမ်မီဆု ခုနစ်ဆု ရယူခဲ့ပြီး ၁၉၈၀ နှင့် ၁၉၉၀ ပြည့်နှစ်များက ပြသသည့် ရုပ်သံဟာသဇာတ်လမ်းတွဲ The Golden Girls သည် ၀ိှုက်ကို အအောင်မြင်ဆုံးဖြစ်စေခဲ့သည်။
၂၀၁၀ ခုနှစ်တွင် Saturday Night Live အစီအစဉ်ကို အသက်အကြီးဆုံး တင်ဆက်သူအဖြစ် ဘတ်တီဝှိုက်က ဦးဆောင်ခဲ့ပြီး ငါးနှစ်အကြာတွင် အမ်မီတစ်သက်တာထူးချွန်ဆုရရှိပြီး အမ်မီဆုရှစ်ဆုပိုင်ရှင် ဖြစ်ခဲ့သည်။
အနုပညာအလုပ်အပြင် ဘတ်တီဝှိုက်သည် တိရစ္ဆာန်အရေးတက်ကြွလှုပ်ရှားသူ လည်းဖြစ်ပြီး LA တိရစ္ဆာန်ရုံနှင့် တိရစ္ဆာန်လေးများအတွက် ဖောင်ဒေးရှင်းတစ်ခုကို အချိန်ကြာကြာ ထောက်ပံ့လာခဲ့သည်။ ထို့ပြင် စာရေးဆရာမအလုပ်ကိုလည်း သူမ လုပ်နိုင်ခဲ့သည်။
၀ိှုက်သည် အိမ်ထောင်သုံးဆက် ထူခဲ့ပြီး တတိယအိမ်ထောင် အယ်လင်လတ်ဒန်သည် သူမအတွက် အချစ်စစ်ဖြစ်ခဲ့ပြီး ၁၉၈၁ ခုနှစ်တွင် ခင်ပွန်းအယ်လင် အစာအိမ်ကင်ဆာဖြင့် ဆုံးပါးပြီးနောက်ပိုင်း သူမ အိမ်ထောင် ထပ်မပြုတော့ပေ။
ဘတ်တီဝှိုက်သည် ၁၉၈၈ ခုနှစ်တွင် ဟောလိဝုဒ် Walk of Fame ကြယ်ပွင့်ဖြင့် ဂုဏ်ပြုခံရပြီး သူမ၏ကြယ်ပွင့်က ခင်ပွန်း သည်၏ ကြယ်ပွင့်ဘေး ကပ်လျက်ဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်