
တတိယရင်သွေးပျက်ကျထားသည်မှာ တစ်နှစ်ကျော်ရှိနေပြီဖြစ်သည့်အမေရိကန်မော်ဒယ် ခရစ္စဆီထေဂန်က နောက်ထပ်ကိုယ်ဝန်ကို ဖန်ပြွန်သန္ဓေသားနည်းဖြင့် ကြိုးစားနေသည်ဟု ဖွင့်ဟလိုက်သည်။
ဇနီးသည် ကိုယ်ဝန်ပျက်ကျသွားကြောင်း ၂၀၂၀ ခုနှစ် ၊စက်တင်ဘာတွင် ခင်ပွန်းအဆိုတော် ဂျွန်လက်ဂျန်က ကြေညာခဲ့ပြီး ထိုစဉ်ကထေဂန်သည် သွေးထွက်လွန်ပြီး ဆေးရုံပါတက်ခဲ့ရသည်။ ထိုကိုယ်ဝန်သာ မပျက်ကျခဲ့ပါက သူတို့ဇနီးမောင်နှံက မွေးလာမည့်သားလေးကို Jack ဟု အမည်ပေးကြလိမ့်မည်ဖြစ်သည်။
ထေဂန်က ငါးနှစ်အရွယ်သမီးလေး လူနာနှင့်သုံးနှစ်သားမိုင်လ်စ်တို့ကိုလည်း ဖန်ပြွန်သန္ဓေသားနည်းဖြင့် မွေးထားခြင်းဖြစ်ပြီး ရင်သွေးဆုံးရှုံးလိုက်ရသည့် ဝေဒနာကိုမေ့ပျောက်ရန် ယခုထိတိုင်ကြိုးစားနေရဆဲဖြစ် သည်။သား၏အရိုးပြာကို ခရီးသွားလျှင် ယူဆောင်သွားလေ့ရှိသူထေဂန်က လက်ကောက်ဝတ်တွင်လည်း သားနာမည်ကိုတက် တူးထိုးထားသည်။
မကြာသေးမီက အင်စတာဂရမ်ပို့စ်တစ်ခုတွင် ထေဂန်က ဖန်ပြွန်သန္ဓေသားနည်းဖြင့် ကြိုးစားနေကြောင်း ပရိသတ်များအားအသိ ပေးလာခဲ့ပြီး ထိုးဆေးများကြောင့်ဝလာသလိုခံစားရသည်ဟုလည်းဆိုသည်။ သို့သော်သူ့ကို ကိုယ်ဝန်ရှိနေပြီလားဟု မမေးကြရန်နှင့် သဘောရိုးဖြင့်မေးသည်မှန်သော်လည်း တကယ် မဟုတ်သည့်အတွက် ကြားရသည်မှာအဆင်မပြေဟု တုံ့ပြန်ခဲ့သည်။
ထို့ပြင်မည်သူ့ကိုမဆို ထိုသို့မမေးရန် ထေဂန်က ဖော်လိုဝါများအား အနူးအညွတ်တောင်းဆိုခဲ့သည်။ ရိုင်းစိုင်းသည့်သဘောမပါသော်လည်း ရင်သွေးယူရန်အခက်အခဲဖြစ်နေသူများစွာရှိပြီး ထိုသို့အမေးခံရတိုင်းသူတို့နာကျင်မည်ကို စဉ်းစားပေးကြပါဟု ၂၀၁၉ ခုနှစ် ကလည်း မှတ်ချက်ရေးသူ တစ်ဦးကို သူတုံ့ပြန် ခဲ့ဖူးသည်။ ရင်သွေးထပ်ယူသည့်အခါ သူကိုယ်တိုင် ကိုယ်ဝန်ဆောင်မည်လား သို့မဟုတ်အ ငှားကိုယ်ဝန်ဆောင်ခိုင်းမည်လားဆိုသည်ကိုမူ သူမပြောသေးပေ။ကိုယ်ဝန်ပျက်ကျပြီးနောက် ထေဂန်က သူကိုယ်ဝန်ထပ်မဆောင်တော့ဟု ပြောထားဖူးသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်