
အော်စကာဆုပေးပွဲထုတ်လွှင့်ပြသချိန်ကို ချုံ့သည့်အနေဖြင့် အခမ်းအနားကို ထုတ်လွှင့်မပြသမီ ဆုရှစ်ဆုကိုကြိုတင်ပေးအပ် မှတ်တမ်းတင်ထားမည်ဖြစ်သည်။
မတ် ၂၇ ရက်တွင်ကျင်းပမည့် ၉၄ ကြိမ် မြောက် အော်စကာထူးချွန်ဆုပေးပွဲကို ABC ရုပ်သံကတိုက်ရိုက်ထုတ်လွှင့်ပြသပေးမည်ဖြစ်ပြီး ထိုသို့မထုတ်လွှင့်မီ ရုပ်ရှင်တည်း ဖြတ်ဆု ၊ထုတ်လုပ်ရေးဒီဇိုင်းဆု ၊အသံဆု၊ မိတ်ကပ်နှင့်ဆံပင်ထုံးဖွဲ့မှုဆု ၊ ဂီတ(မူရင်း တေးသွား)ဆု ၊ ဇာတ်လမ်းတိုအတွက်ပေး အပ်သည့် documentary ဆု၊ live-action ဆုနှင့် အန်နီမေးရှင်းဆုတို့ကို တိုက်ရိုက် ထုတ်လွှင့်မှုမစမီ ကြိုတင်ပေးအပ်မည့်အကြောင်း အော်စကာဆုပေးအပ်ရေးအဖွဲ့ ဥက္ကဌဒေးဗစ်ရူဘင်က အဖွဲ့ဝင်များထံစာ ပေးပို့အကြောင်းကြားထားသည်။
အခမ်းအနားစတင်ချိန်ကနေ ထုတ်လွှင့်ပြသမည့်အစား အခမ်းအနားစတင်ပြီး နောက်တစ်နာရီကြာတော့မှ တိုက်ရိုက်ထုတ်လွှင့်မှုကို စမည်ဖြစ်သည်။ သို့သော်ဆုရှစ်ဆု ပေးအပ်မှုများနှင့် သူတို့၏ဝမ်းသာပီတိ စကားသံများကို တည်းဖြတ်ထားပြီး ဆုရသူများ၏အော်စကာအခိုက်အတန့်ကို တန်ဖိုးထားသည့်အနေဖြင့် တည်းဖြတ်ထားသည်များကို သုံးနာရီကြာတိုက်ရိုက်ထုတ်လွှင့်ချိန်အတွင်း ပြန်ပြသမည်ဖြစ်သည်။
လတ်တလောနှစ်များအတွင်း ရုပ်ရှင် ထူးချွန်ဆုပေးအပ်မှုများထဲအမြင့်ဆုံးဖြစ်သည့် အော်စကာဆုပေးပွဲကို ကြည့်ရှုအားပေးသူအရေအတွက် ကျဆင်းလာခဲ့ပြီး ကို ဗစ်ကပ်ရောဂါကြောင့် အပြောင်းအလဲများစွာဖြင့် ပြင်ဆင်ခဲ့ရသည့် မနှစ်ကအော်စကာ ပွဲကို ဖမ်းယူကြည့်ရှုသူ ၉.၈၅ သန်းအထိထိုး ကျခဲ့သည်။ ၂၀၁၈ ခုနှစ်ကမူကြည့်ရှုသူ၂၉.၆ သန်းရှိခဲ့သေးသည်။
ကြည့်ရှုသူပြန်များလာအောင် ဆွဲ ဆောင်သည့်အနေဖြင့် ယခုနှစ်ပွဲတွင် တွစ်တာသုံးစွဲသူများမဲပေးရွေးချယ်မှုဖြင့် ပရိသတ်အကြိုက်ဆုံးဇာတ်ကားဆုကို ထပ်တိုး ပေးအပ်သွားမည်ဟု ပွဲကျင်းပသူများက ကြေညာထားသည်။ ရုံတင်ချိန်လူကြိုက်များ ခဲ့သည့် ဂျိမ်းစ်ဘွန်းရုပ်ရှင် No Time To Die နှင့် Spider Man: No Way Home ဇာတ်ကားများ အော်စကာဆုဆန်ကာတင် စာရင်းတွင် အကောင်းဆုံးဇာတ်ကားဆု နေရာမှ ချန်လှန်ခံခဲ့ရပြီးနောက် ရုပ်ရှင်ပရိ သတ်အများစု အော်စကာပွဲကိုမကြည့် တော့မည်စိုးသဖြင့် ဆုသစ်ထပ်တိုးလိုက် ခြင်းဖြစ်သည်။
၂၀၁၈ အော်စကာပွဲအပြီး ၂၀၁၉၊ ၂၀၂၀ နှင့်၂၀၂၁ ခုနှစ်ပွဲများတွင် အစီအစဉ်မှူးမပါဝင်ခဲ့သော်လည်း လာမည့်ပွဲတွင်မူ အမျိုးသမီးဟာသသရုပ်ဆောင်သုံးဦးက အစီအစဉ်မှူးအဖြစ်ဆောင်ရွက်မည်ဖြစ် ကာ ယခင်ကျင်းပနေကျ Dolby Theatre ဇာတ်ရုံတွင်သာကျင်းပသွားမည်။ ဆန်ခါ တင်စာရင်းဝင်ဇာတ်ကားများထဲ The Power of The Dog ဇာတ်ကားက ၁၂ ဆုလျာထားခံရကာ ဆုအများဆုံးဖြင့်ဦး ဆောင်နေပြီး အကောင်းဆုံးဇာတ်ကားဆုကို ပွဲအပြီးသတ်မှပေးအပ်မည်ဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်