Top News

မီးမီးမွှေး production ရဲ့ CEO ကိုမျိုးမျိုးပြောတဲ့ ထုတ်လုပ်ရေးအကြောင်း
24htopnews | November 30, 2024 8:12 PM CST

'ကျွန်တော် က ကိုဂျွန်လွင် တပည့်ပါ။ ၂၀၁၅ ခုနှစ် မှာ ဆရာဂျွန်လွင် နဲ့ လက်တွဲ ပြီး ပွဲတွေစီစဉ်ခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်မှာ မီးမီးမွှေး production ကို စတင်တည်ထောင်ခဲ့ပါတယ်။ Production ရဲ့ အနုပညာ လှုပ်ရှားမှုတွေကတော့ Music Video ၅၀ ခန့် ရိုက်ကူးခဲ့ပြီး TV series များ.ရုပ်ရှင်ရိုက်ကူးရေးများ ကိုဆောင်ရွက်ခဲ့ပါတယ်။

TV series အနေနဲ့ဂယက်ဆိုင် (channel k ရုပ်သံလိုင်းတွင်ပြသ) ၊ ညီမလေးတစ်ယောက်ကောက်ရထားသည် (fortune TVတွင်ပြသ) ၊ စိမ့်စမ်းခ (channel kတွင်ပြသ) လျက်ရှိပါတယ်။

ထပ်မံရိုက်ကူးမယ့် ဇာတ်လမ်းတွဲတွေကတော့ second Hand ၊ နတ်သမီးတိုက်ပွဲ ဆည်းဆာ၊ ပြည့်ဝချမ်းသာ စတဲ့ဇာတ်လမ်းတွဲတွေပဲ ဖြစ်ပါတယ်။

ဒီကာလမှာ ဘာကြောင့်ဇာတ်လမ်းတွဲတွေကို ထုတ်လုပ်ရိုက်ကူး ပြသလျက်ရှိနေရတာလဲဆိုရင် ဒီဇာတ်လမ်းတွေက တည်ထားတာ ကြာပြီ ။ ၂၀၁၇ ကတည်းကပါ။  ရင်းနှီးထားရတဲ့ ငွေတွေ ရှိတာကြောင့် ရော  ၂၀၁၇ ကတည်း ကတည်းက ထားတဲ့ အလုပ်တွေ ဖြစ်တာရောကြောင့် ပြန်လုပ်တာပါ။ အခုချိန် မှာ ဆုံးရှုံးမှုကတော့ လူတိုင်းမှာရှိပါတယ်။ ကျွန်တော့ ရှေ့မှာ ဝါရင့် ပရိုဂျူဆာတွေ အများကြီးရှိပါတယ်။ ကျွန်တော် က ဂျူနီယာပါ. မြန်မာ ဇာတ်ကားတွေကို ကြည့်ချင်တဲ့ ပရိသတ်ရှိသလို သရုပ်ဆောင် အသစ်တွေကလည်း ထွက်မလာနိုင်တော့ဘူး။ ကျွန်တော်က ၂၀၁၉ က တည်ထားတဲ့ ရိုက်လက်စ ဇာတ်ကားတွေရှိတယ်။ နောက်ဆုတ်လို့ကလည်း မရတော့ ရှေ့ဆက်ပြန်လုပ်မယ်ဆိုပြီး လုပ်တာပါ

အကျိုးအမြတ် ကို ဘယ်လောက်ထိ မျော်လင့်ထားလဲဆိုရင် ဘယ်လို မှမျော်လင့်လို့မရတဲ့ အခြေအနေပါ

သရုပ်ဆောင် အသစ်တွေလည်းပေါ်စေချင်တယ်။ ဒီအချိန်မှာ စားဝတ်နေရေး အတွက် အလုပ်ရှိမှ ဖြစ်မယ် ဆိုတဲ့ မှီခိုနေရတဲ့ မိသားစုဝင်တွေရဲ့ စားဝတ်နေရေး ကို တစ်ဖက်တစ်လမ်းကနေ ပြေလည်စေချင်တယ်. ဒါကြောင့် အလုပ်ကို ပြန်လုပ်ရတာလည်းပါတယ် ဆိုတဲ့ မီးမီးမွှေး Production ရဲ့ CEO &Owner ကိုမျိုးမျိုး(TGI)@myo win Oo


READ NEXT
Cancel OK