
Netflix ၏ နာမည်ကျော် ကိုရီးယားဒရာမာဇာတ်လမ်းတွဲ Squid Game ကြောင့် ဟောလိဝုဒ်ရုပ်ရှင်လောက၏ အာရုံစိုက်မှုကို ရရှိခဲ့သည့် တောင်ကိုရီးယားသရုပ်ဆောင် လီဂျွန်ဂျေးသည် အမေရိကန်၏အကြီးမားဆုံး ဖျော်ဖြေရေးအေဂျင်စီမှတစ်ခုဖြစ်သည့် Creative Artist Agency (CAA) နှင့်စာချုပ် တစ်ခုတွင် လက်မှတ်ရေးထိုးခဲ့သည်။
သရုပ်ဆောင် လီဂျွန်ဂျေးသည် CAA နှင့် စာချုပ်ချုပ်ဆိုခဲ့ပြီး ဒါရိုက်တာ၊ ထုတ်လုပ်သူနှင့် သရုပ်ဆောင်တစ်ဦးအဖြစ် ဆောင်ရွက်သွားလိမ့်မည်ဖြစ်ကြောင်း အမေရိကန်မီဒီယာ Deadline တွင် ဖေဖော်ဝါရီ ၂၅ ရက်က ဖော်ပြထားသည်။
ဖျော်ဖြေရေးနှင့် အားကစားအေဂျင်စီ ဖြစ်သည့် CAA သည် ကယ်လီဖိုးနီးယားပြည်နယ် လေ့ာစ်အိန်ဂျလိစ်မြို့တွင် အခြေစိုက်ပြီး တွမ်ဟန့်စ်၊ စတီဗင် စပီးလ်ဘာဂျ့်၊ ဇန်ဒါရာ နှင့် ရီဆီ ဝှစ်သာစပွန်းကဲ့သို့ နာမည်ကြီးသရုပ်ဆောင်များနှင့် ဒါရိုက်တာများဖြင့် ပူးပေါင်း လုပ်ကိုင်နေသည့် အေဂျင်စီဖြစ်သည်။
ထိုစဉ် လီဂျွန်ဂျေးသည် ဂျောင်ဟိုယွန်း နှင့် ပတ်ဟေးဆူးကဲ့သို့ Squid Game မှသ ရုပ်ဆောင်များနှင့်အတူ ဖေဖော်ဝါရီ ၂၇ ရက် တွင် ပြုလုပ်ကျင်းပမည့် Screen Actors Guild Awards (SAG) အခမ်းအနားကိုလည်း တက်ရောက်သွားမည်ဖြစ်သည်။
Squid Game သည် SAG ၏အမြင့်ဆုံးဂုဏ်ထူးဆောင်ဆု၊ ရုပ်မြင်ဒရာမာဇာတ်လမ်းတွဲသရုပ်ဆောင်များ ထူးချွန်ဆု၊လူများ၏ အာရုံစိုက်ရန် တီထွင်ကြံဆမှုပိုင်းဆိုင်ရာ ထူးချွန်ဆု၊ အကောင်းဆုံးအမျိုးသားသရုပ် ဆောင်ဆု(လီဂျွန်ဂျေး)နှင့်အကောင်းဆုံးအမျိုးသမီးသရုပ်ဆောင်ဆု(ဂျောင်ဟိုယွန်း)အစရှိသည့် ဆုလေးဆုအတွက် ဆန်ခါတင်စာရင်းဝင်ထားသည်။
“CAA ရဲ့ ကမ္ဘာလုံးဆိုင်ရာကွန်ရက်နဲ့အတူ လီဂျွန်ဂျေးဟာ အမေရိကန်အပါအဝင် ကမ္ဘာလုံးဆိုင်ရာ စျေးကွက်မှာ အနုပညာလုပ်ငန်းတွေကို လုပ်ဆောင်လာနိုင်မှာ ဖြစ်ပါတယ်”ဟု Artist Company က ထုတ်ပြန်ခဲ့ သည်။
“သူဟာ သရုပ်ဆောင်တစ်ယောက်အနေနဲ့တင်သာမက ထုတ်လုပ်သူတစ်ယောက် အဖြစ်ရော ဒါရိုက်တာတစ်ယောက်အဖြစ်ပါ အနုပညာအလုပ်တွေကို လုပ်ဆောင်သွားမှာ ပါ”ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
လီဂျွန်ဂျေးသည် ကိုရီးယားတွင်နှစ်ပေါင်းများစွာကြာ A စာရင်းဝင် သရုပ်ဆောင်တစ်ဦးဖြစ်သော်လည်း အလွန်အောင်မြင် ကျော်ကြားခဲ့သော Squid Game ဇာတ်လမ်းတွဲကြောင့် သူသည် မကြာသေးမီက နိုင်ငံတ ကာ၏ အာရုံစိုက်မှုကို ရရှိခဲ့ပြီး ယင်းဇာတ်လမ်းတွဲဖြင့် ဆုပေါင်းများစွာ ရရှိခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်