
လက်ရှိဘဏ္ဍာနှစ် ငါးလကျော်အတွင်း ပြည်ပမှ စက်သုံးဆီတင်သွင်းမှုတန်ဖိုး ဒေါ်လာ ၁ ဒသမ ၃ ဘီလျံအထိရှိပြီး ယခင်နှစ် ကာလတူထက် ဒေါ်လာသန်း ၂၅၀ ကျော် လျော့ကျခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။
“စက်သုံးဆီတင်သွင်းမှုက ယခင်နှစ် ကာလတူထက်လျော့တယ်။ ဒီဇယ်တင်သွင်းမှုကတော့ ဒေါ်လာသန်း ၂၂ဝလျော့ကျတယ်။ ဓာတ်ဆီတင်သွင်းမှုမှာက ဒေါ်လာ ၃၂ သန်းပေါ့ စုစုပေါင်းဒေါ်လာ ၂၅၂ သန်း တင်သွင်းမှုလျော့ကျထားတယ်”ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန လက်ထောက်အတွင်းဝန်း ဦးခင်မောင်လွင်က ပြောကြားသည်။
၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အောက်တို ဘာ ၁ ရက်မှ မတ် ၁ ရက်အထိ ငါးလကျော်အတွင်း ပြည်ပမှ ဒီဇယ်တင်သွင်းမှုသည် အမေရိကန်ဒေါ်လာ ၈၅၉ သန်းရှိပြီး ယခင်နှစ် ကာလတူတွင် အမေရိကန်ဒေါ်လာ ၁၀၇၉ သန်းအထိ တင်သွင်းထားသဖြင့် ယခုဘဏ္ဍာ နှစ် ငါးလကျော်တွင် ဒီဇယ်တင်သွင်းမှုသည် ယခင်နှစ်ကာလတူထက် အမေရိကန်ဒေါ်လာသန်း ၂၂၀ အထိ လျော့ကျနေခြင်းဖြစ်သည်။
ထို့အတူ ဓာတ်ဆီတင်သွင်းမှုသည် အမေရိကန်ဒေါ်လာ ၄၉၅ သန်းရှိပြီး ယခင်နှစ် ကာလတူတွင် အမေရိကန်ဒေါ်လာ ၅၂၇ သန်းအထိ တင်သွင်းထားသဖြင့် ယခုုဘဏ္ဍာ နှစ်ငါးလကျော်အတွင်း ဓာတ်ဆီတင်သွင်းမှုသည် ယခင်နှစ်ကာလတူထက် အမေရိကန် ဒေါ်လာ ၃၂ သန်းအထိလျော့ကျနေခြင်း ဖြစ်သည်။
၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ငါးလကျော်အတွင်း ပြည်ပမှ ဒီဇယ်နှင့် ဓာတ်ဆီစုစုပေါင်း တင်သွင်းမှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁ ဒသမ ၃၅၄ ဘီလျံအထိရှိသည်။
ပြီးခဲ့သည့် ဘဏ္ဍာနှစ်ကာလတူတွင် ဒီဇယ်နှင့်ဓာတ်ဆီ စုစုပေါင်းတန်ဖိုး အမေရိကန်ဒေါ်လာ ၁ ဒသမ ၆၀၆ ဘီလျံအထိရှိသဖြင့် ယခုဘဏ္ဍာနှစ်ငါးလအတွင်း ဒီဇယ်နှင့် ဓာတ်ဆီတင်သွင်းမှုမှာ ယခင်နှစ်ကာလတူထက် တန်ဖိုးအမေရိကန်ဒေါ်လာ သန်း ၂၅၀ အထိလျော့ကျနေကြောင်း သိရသည်။
ဒေါ်လာစျေး အကျပိုင်းရောက်နေသော်လည်း ကမ္ဘာ့ရေနံစျေးမြင့်နေဆဲဖြစ်သောကြောင့် ပြည်တွင်းစက်သုံးဆီစျေးနှုန်းသည် ဇန်နဝါရီလဆန်းထက် (နှစ်လကျော်အတွင်း) တစ်လီတာ ကျပ် ၇၀ မှ ၁၀၅ ကျပ်အထိမြင့်တက်လာကြောင်း စက်သုံးဆီအရောင်းဆိုင်များထံမှ သိရသည်။
၂၀၁၇ ခုနှစ် အောက်တိုဘာဒုတိယပတ်မှစတင်၍ ကမ္ဘာ့ရေနံစျေးနှုန်း သိသိသာသာ စတင်မြင့်တက်ခဲ့ပြီး ၂၀၁၇ ခုနှစ် သြဂုတ်လဆန်းပိုင်းက ၄၉ ဒေါ်လာဝန်းကျင်ရှိသော ကမ္ဘာ့ရေနံစျေးနှုန်းသည် တဖြည်းဖြည်းဆက်တိုက်မြင့်တက်ခဲ့ရာ ၂၀၁၈ ခုနှစ် အောက်တိုဘာ ၃ ရက်တွင် ၇၆ ဒေါ်လာအထိ မြင့်တက်ခဲ့သည်။ ထို့နောက် ရေနံစျေးနှုန်း များပြန်လည်ကျဆင်းခဲ့ရာ ဒီဇင်ဘာ ၂၄ ရက် တွင် ၄၂ ဒေါ်လာဝန်းကျင်အထိ ကျဆင်းခဲ့ပြီး ဇန်နဝါရီ ၁ ရက်တွင် ၄၅ ဒေါ်လာဝန်းကျင်၊ ဇန်နဝါရီ ၂၁ ရက်တွင် ၅၄ ဒေါ်လာဝန်းကျင်၊ ဇန်နဝါရီ ၂၉ ရက်တွင် ၅၂ ဒေါ်လာ၊ ဖေဖော်ဝါရီ ၂၂ ရက်တွင် ၅၇ ဒေါ်လာဝန်းကျင်အထိ ပြန်တက်ခဲ့ကာ မတ် ၇ ရက်တွင် ၅၆ ဒေါ်လာဝန်းကျင် ရှိနေသည်။
ဒေါ်လာစျေးနှင့် ကမ္ဘာ့ရေနံစျေးနှုန်း အပြိုင်မြင့်တက်ခဲ့သည့် ၂၀၁၈ ခုနှစ် ဇွန်မှ အောက်တိုဘာအထိ လေးလကျော်အတွင်း ပြည်တွင်းစက်သုံးဆီစျေးနှုန်း ၂၁ ရာခိုင်နှုန်း ကျော်အထိ မြင့်တက်ခဲ့ပြီး တစ်လီတာ စံချိန်တင်စျေးနှုန်းများအနေဖြင့် ၂၀၁၈ ခုနှစ် အောက်တိုဘာ ၁၀ ရက်တွင် 92 Ron ၁၀၆၅ ကျပ်၊ 95 Ron ၁၁၁၅ ကျပ်၊ ဒီဇယ် ၁၀၉၅ ကျပ်၊ ပရီမီယံဒီဇယ် ၁၁၀၅ ကျပ်အထိ ဆက်လက်မြင့်တက်ခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်