Top News

၂၀၁၉ ခုနှစ်အတွက် American Cinematheque Award ကို ချားလိစ်သီယွန် ရရှိ
24htopnews | November 29, 2024 5:12 PM CST

#MeToo လှုပ်ရှားမှုမတိုင်မီ လိင်ပိုင်းဆိုင် ရာစော်ကားမှုဆန့်ကျင်ရေးလှုပ်ရှားမှု၊ အမျိုး သမီးအခွင့်အရေးလှုပ်ရှားမှုတို့တွင်ပါဝင်ခဲ့ပြီး အနုပညာသက်တမ်းတစ်လျှောက်တွင် ရဲရင့် သည့်ဇာတ်ကောင်များအဖြစ် ပါဝင်သရုပ်ဆောင် ခဲ့သည့် သရုပ်ဆောင်ချားလိစ်သီယွန်သည် American Cinematheque အဖွဲ့က ပေးအပ်သည့် ၂၀၁၉ ခုနှစ်အတွက် American Cinematheque Award ကို နိုဝင်ဘာ ၈ ရက်တွင် ဘီဗာလီ ဟေးရှိ ဘဗာလီဟီတန်တွင် လက်ခံရရှိခဲ့သည်။

ရုပ်ရှင်ဇာတ်ကားများတွင် ထူးခြားပြောင်မြောက်သည့် ဇာတ်ကောင်များဖြင့် ပံ့ပိုးပါဝင်ခဲ့ သည့် သရုပ်ဆောင်များကို ယင်းဆုပေးအပ်ခြင်း ဖြစ်ကြောင်း၊ ချားလိစ်သီယွန်သည် ယင်းဆုရရှိ သည့် (၃၃) ဦးမြောက် သရုပ်ဆောင်ဖြစ်ကြောင်း လော့စ်အိန်ဂျလိစ်အခြေစိုက် အကျိုးအမြတ် မယူသော ယဉ်ကျေးမှုအဖွဲ့အစည်း American Cinematheque က ထုတ်ပြန်ခဲ့သည်။

“သီယွန်က Monster ဇာတ်ကားမှာ ပါဝင်ခဲ့တဲ့ ကွင်းဆက်လူသတ်သမားဇာတ်ကောင်အ တွက် ၂၀၀၄ ခုနှစ် အော်စကာဆုပေးပွဲမှာ အ ကောင်းဆုံးအမျိုးသမီးသရုပ်ဆောင်ဆု ရခဲ့ တယ်။ ၂၀၀၅ ခုနှစ်က ဖြန့်ချိခဲ့တဲ့ North Country ဇာတ်ကားအတွက်လည်း အော်စကာဆန်ခါတင်စာရင်းမှာ ဖော်ပြခံခဲ့ရတယ်။ Mad Max: Fury Road၊ Atomic Blonde အစရှိတဲ့ အက် ရှင်ဇာတ်ကားတွေမှာလည်း ရက်စက်တဲ့ဇာတ်ကောင်ကို ပြသခဲ့တယ်” ဟု American Cinematheque က ထုတ်ပြန်ခဲ့သည်။

“သီယွန်က ကျွန်တော်နဲ့ လက်တွဲအလုပ် လုပ်ခဲ့တဲ့ သရုပ်ဆောင်တွေထဲမှာ အရဲရင့်ဆုံး သရုပ်ဆောင်တစ်ယောက်ဖြစ်သလို တွေ့ဆုံဖူး သမျှထဲမှာလည်း အရဲရင့်ဆုံးလူပါပဲ” ဟု သီယွန် အဓိကဇာတ်ကောင်အဖြစ်ပါဝင်ခဲ့သည့် Young Adult နှင့် Tully ဇာတ်ကားများကို ရိုက်ကူးခဲ့ သည့် ဒါရိုက်တာ Jason Reitman က ပြောကြားခဲ့သည်။ အသက် ၄၄ နှစ်အရွယ်ရှိ သီယွန်သည် ယခုနှစ် ဒီဇင်ဘာတွင် ဖြန့်ချိမည့် Bombshell ဇာတ်ကားတွင် ရုပ်သံသတင်းတင်ဆက်သူ Megyn Kelly ဇာတ်ကောင်အဖြစ် ပါဝင်မည်ဖြစ်သည်။

၁၉၇၅ ခုနှစ်တွင် တောင်အာဖရိကရှိ Benoni  မြို့တွင်မွေးဖွားခဲ့သည့် သီယွန်သည် ၁၉၉၀ ပြည့်လွန်နှစ်များတွင် လော့စ်အိန်ဂျလိစ်သို့ ရောက်ရှိခဲ့သည်။ ယင်းအချိန်တွင် ဆယ်ကျော်သက်အရွယ်သာရှိသေးသည့် သီယွန်သည် မိခင်ဘာသာစကား Afrikaans ကိုသာ ပြောကြားတတ်ပြီး အင်္ဂလိပ်ဘာသာစကားကို မတောက်တခေါက် လောက်သာပြောတတ်သည်ဟုဆိုသည်။ သီယွန်သည် ၁၉၉၅ ခုနှစ်တွင် သည်းထိတ်ရင်ဖိုဇာတ်ကား Children of the Corn III : Urban Harvest ဇာတ်ကားတွင် ပွဲဦးထွက်ပါဝင်ခဲ့ပြီး ၁၉၉၇ ခုနှစ် တွင် ကီနူးရိဗ်နှင့် အယ်လ်ပါချီနိုတို့နှင့် တွဲဖက် သရုပ်ဆောင်ထားသည့် The Devil’s Advocate ဇာတ်ကားဖြင့် ဟောလိဝုဒ်၌ ထင်ရှားလာခဲ့သည်။

 


READ NEXT
Cancel OK