
New Year Countdown Iron Cross Live Show ကို မန္တလေးမြို့ရှိ မန္တလာသီရိ အားကစားကွင်း၌ ဒီဇင်ဘာ ၃၁ ရက်တွင်ပြု လုပ်မည်ဖြစ်ကြောင်း သိရသည်။ ယင်းဂီတ ဖျော်ဖြေပွဲကို Iron Cross တီးဝိုင်း၏ Facebook စာမျက်နှာမှတစ်ဆင့် အသိပေးထားခြင်းဖြစ်သည်။ New Year Countdown Iron Cross Live Show တွင် Iron Cross တီးဝိုင်းနှင့်အတူ တေးသံရှင် လေးဖြူ၊ အငဲ၊ မျိုးကြီးနှင့် ၀ိုင်ဝိုင်းတို့က တေးသီချင်းများဖြင့် တင်ဆက်မည်ဖြစ်သည်။ လက်မှတ်များအား ဒီဇင်ဘာလအတွင်း စတင်ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။ Iron Cross တီးဝိုင်းနှင့် ပင်တိုင်တေးသံရှင်များသည် နိုဝင်ဘာ ၂၃ ရက်တွင် မုံရွာမြို့၌ ဖျော်ဖြေပွဲ ပြုလုပ်မည်ဖြစ်ပြီး ယင်းဖျော်ဖြေပွဲအတွက်လက်မှတ်များအား ရောင်းချပေးလျက်ရှိသည်။
“Iron Cross ရဲ့ Countdown Show က မန္တလေးမှာလုပ်မှာပါ။ ကြေညာထားတာ တွေ့ပါတယ်။ နှစ်တိုင်းလည်း IC ရှိတဲ့နေရာတွေထိ လိုက်ပြီးအားပေးနေကျဆိုတော့ အခုနှစ်လည်း မန္တလေးမှာ new year ကိုသွားကြိုဖို့ ဆုံးဖြတ်ထားပါတယ်။ မုံရွာပွဲကတော့အား လပ်ချိန်နဲ့ အဆင်ပြေရင်အားပေးမှာပါ။ ဒီကြားထဲတော့ ရန်ကုန်မှာပွဲ မရှိလောက်သေးဘူးထင်တယ်။ ရန်ကုန်မှာ ထပ်ပြီးလုပ်ရင်တော့ အတိုင်းထက်အလွန်ပေါ့” ဟု IC ပရိသတ်တစ်ဦးက ဆိုုသည်။
New Year Countdown ဖျော်ဖြေပွဲများအား ရန်ကုန်၊ မန္တလေး၊ တောင်ကြီးနှင့် အခြားမြို့ကြီးများတွင် ပြုလုပ်လေ့ရှိပြီး ယခုဖျော်ဖြေပွဲသည်လည်း တစ်ပွဲအပါအဝင်ဖြစ်သည်။ Iron Cross ၏ ဖျော်ဖြေပွဲအပြင် အခြားထင်ရှားသည့် တီးဝိုင်းများနှင့် တေးသံရှင်များ၏ ဖျော်ဖြေပွဲများလည်း ထပ်မံပြုလုပ်ရန် စီစဉ်ထားကြောင်း သိရသည်။ Iron Cross တီးဝိုင်းနှင့် ပင်တိုင်တေးသံရှင်များသည် ပွင့်လင်းရာသီကာလအစတွင် ရန်ကုန်မြို့ Thuwunna Bhumi Event Park ၌ ဖျော်ဖြေပွဲပြုလုပ်ခဲ့ပြီး ပရိသတ်အပြည့်အလျှံ အားပေးခဲ့သည်။ ထို့နောက် မုံရွာမြို့တွင် ထပ်မံသွားရောက်ဖျော်ဖြေရန် စီစဉ်ထားကာ နှစ်သစ်ကူးအချိန်ကာလကို မန္တလေးမြို့၌ ပြုလုပ်မည်ဖြစ်ကြောင်း ကြေညာထားခြင်းဖြစ်သည်။ မန္တလေးမြို့တွင်ပြုလုပ်မည့် Iron Cross တီးဝိုင်း၏ ဖျော်ဖြေပွဲအား ည ၉ နာရီအချိန်တွင် စတင်မည်ဖြစ်ကာ ည ၁၂ နာရီ နှစ်သစ်ကူးပြောင်းချိန်အထိ တင်ဆက်မည်ဖြစ်သည်။ နှစ်သစ်ကူးပြောင်းချိန်တွင် ပရိသတ်များနှင့်အတူ countdown ရေတွက်ကာ နှစ်သစ်အား ကြိုဆိုမည်ဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်