Top News

အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာရောက် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးသံတမန်နှင့် စင်ကာပူနိုင်ငံခြားရေးဝန်ကြီးတို့ တွေ့ဆုံ
24htopnews | November 29, 2024 4:12 PM CST

စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဗီဗီယန်ဘာလာခရှစ်နန်သည် အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာသို့ရောက်ရှိလာသည့် မြန်မာနိုင်ငံ ဆိုင်ရာကုလသမဂ္ဂအထူးသံတမန် ခရစ္စတင်းဘာဂနာနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ၎င်း၏ Facebook တွင်ဧပြီ၂၃ ရက်နှောင်းပိုင်းက ဖော်ပြခဲ့သည်။

မစ္စစ်ဘာဂနာနှင့် တွေ့ဆုံရာတွင်  မြန် မာနိုင်ငံ၌တည်ငြိမ်အေးချမ်းရေးနှင့် နဂိုပုံမှန် အခြေအနေပြန်လည်ဖြစ်လာအောင် နိုင်ငံတ ကာအသိုင်းအဝိုင်းက အပြုသဘောဆောင် သည့် အခန်းကဏ္ဍမှ ပါဝင်ရေးကို ဆွေးနွေးခဲ့ ကြသည်ဟု မစ္စတာဗီဗီယန်က ဆိုသည်။ 

မြန်မာ့အရေးဆွေးနွေးရန် ဧပြီ ၂၄ ရက် ၌ ဂျကာတာတွင်ပြုလုပ်မည့် အာဆီယံခေါင်း ဆောင်များအစည်းအဝေးကို ထိုင်းဝန်ကြီး ချုပ် ပရာယွတ်ချန်အိုချာနှင့် ဖိလစ်ပိုင်သမ္မတ ဒူတာတေးတက်ရောက်မည်မဟုတ်ဘဲ ၎င်းင်းတို့ ကိုယ်စားနိုင်ငံခြားရေးဝန်ကြီးများသာတက် ရောက်မည်ဖြစ်သည်။

စင်ကာပူန်ကြီးချုပ် လီရှန်လွန်းသည်အစည်းအဝေးသို့ တက်ရောက်ပြောကြားမည် ဟုလည်း မစ္စတာဗီဗီယန်က ဆိုသည်။ 

မြန်မာ့နိုင်ငံရေးဖြစ်စဉ်များနှင့်ပတ် သက်ပြီး မတ် ၂ ရက်ကလည်း အာဆီယံနိုင် ငံခြားရေးဝန်ကြီးများအစည်းအဝေးတစ်ရပ် ကို အွန်လိုင်းမှ  ပြုလုပ်ထားသည်။

မြန်မာနိုင်ငံမှ စိတ်မကောင်းဖွယ်ရာ ဖြစ်စဉ်များသည် မြန်မာအတွက်သာမက အာဆီယံနှင့် ဒေသတွင်းအတွက်ပါ ပြင်းထန်သည့် အကျိုးဆက်များရှိနေပြီး စင်ကာပူ သည် မြန်မာပြည်သူများ၏ အချိန်ကြာမြင့်စွာတည်ရှိလာသည့်မိတ်ဆွေဖြစ်ကာအ ကောင်းဆုံးကိုမျှော်လင့်သည်ဟု နိုင်ငံခြား ရေးဝန်ကြီးက ဖော်ပြခဲ့သည်။

 


READ NEXT
Cancel OK