Top News

ဧပြီ ၂၄ ရက် အာဆီယံအစည်းအဝေးကို ဗိုလ်ချုပ်မှူးကြီး မင်းအောင််လှိုင် တက်ရောက်မည်ဟု မလေးရှားနိုင်ငံခြားရေးဝန်ကြီး ပြောကြား
24htopnews | November 29, 2024 4:12 PM CST

ဧပြီ ၂၄ ရက် အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့တွင် ပြုလုပ်မည့် အာဆီယံခေါင်းဆောင်များ အစည်းအဝေးကို  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်မည် ဖြစ်ကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီး Datuk Seri Hishammuddin Tun Hussein က ဧပြီ ၂၀ ရက်တွင် ပြောကြားသည်။

“ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်မှာ ဖြစ်ပါတယ်” ဟု  ၄င်းက သတင်းထောက်များကို ပြောကြားသည်။

အကျပ်အတည်းတွေ ့နေသည့် နိုင်ငံပုံမှန်အနေအထား ရောက်ရန်အတွက် စောင့်ကြည့်ကူညီရန် အရှေ့တောင်အာရှ နိုင်ငံများက ကိုယ်စားလှယ်များကို မြန်မာက လက်ခံမည်ဟု မျှော်လင့်ကြောင်း ဧပြီ ၂၀ ရက်တွင် မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ပြောကြားသည်။

 “မကြာခင် ဂျာကာတာက အစည်းအဝေးတွေနဲ့အတူ မြန်မာနိုင်ငံ ပုံမှန်အနေအထား ပြန်ရောက်အောင် စောင့်ကြည့် ကူညီတာတွေလုပ်ဖို ့အာဆီယံဥက္ကဋ္ဌ ဘရူနိုင်း ဒါမှမဟုတ် ဂျာကာတာက အာဆီယံ အတွင်းရေးမှူးချုပ်ရုံးက ကိုယ်စားလှယ်တွေကို လက်ခံဖို့ မြန််မာက သဘောတူမယ်လို ့ကျွန်တော်တို ့မျှော်လင့်ပါတယ်” ဟု ဒါတက်ဆရီဟစ်ရှမ်းမတ်ဒင်တန်းဟူဆိန်က သတင်းထောက်များကို ပြောကြားခဲ့ကြောင်း ၄င်း၏ တွစ်တာတွင် တင်ထားသည့် ဗီဒီယိုအရ သိရသည်။

မြန်မာနိုင်ငံ အပါအဝင် အဖွဲ ့ဝင်နိုင်ငံတွေက အာဆီယံ အဖွဲ ့ခေါင်းဆောင်များအနေဖြင့် ဧပြီ ၂၄ ရက်တွင် ဂျာကာတာ၌ တွေ ့ဆုံရန် စီစဉ်ထားကြပြီး မလေးရှားဝန်ကြီးချုပ် မူယက်ဒင်ယာဆင်လည်း ယင်းအစည်းအဝေးကို တက်ရောက်မည် ဖြစ်ကြောင်း ၄င်းက ဖြည့်စွက် ပြောကြားခဲ့သည်။

အရှေ့တောင်အာရှ နိုင်ငံများအသင်း အာဆီယံဥက္ကဋ္ဌဖြစ်သည့် ဘရူနိုင်းအနေဖြင့် ဧပြီ ၂၄ ရက် အစည်းအဝေးကို တရားဝင် ထုတ်ပြန်ကြေညာထားပြီး ယင်းအစည်းအဝေးကို ဂျာကာတာရှိ အာဆီယံအတွင်းရေးမှူးချုပ်ရုံး၌ ကျင်းပရန် စီစဉ်ထားကြောင်း ဆိုသည်။

မြန်မာရေးကို ကိုင်တွယ်ဖြေရှင်းရာတွင် အာဆီယံအဖွဲ့အတွက် အားစမ်းမှုတစ်ခုဟု လူအများက ရှုမြင်ထားကြသည့် အစည်းအဝေးကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်မည်ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရသူ တာနီးဆန်ဂရတ်ကေ ပြာကြားကြောင်း ထိုင်းသတင်းဌာနများက ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ဖော်ပြခဲ့သည်။

သို့သော် အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာ၌ ဧပြီ ၂၄ ရက်တွင် ကျင်းပမည့် မြန်မာ့အရေး အာဆီယံ ထိပ်သီးဆွေးနွေးပွဲကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် Video Conferencing ဖြင့် တက်ရောက်ဖွယ် ရှိကြောင်း စုံစမ်းသိရှိရသည်။

အလားတူ ယင်းအာဆီယံ ထိပ်သီးအစည်းအဝေးကို မတက်ရောက်ရန် ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာ ဆုံးဖြတ်လိုက်ပြီး နိုင်ငံခြားရေးဝန်ကြီးအား စေလွှတ်သွားမည်ဟု ထိုင်းအစိုးရ သတင်းရင်းမြစ်တစ်ခုက ဧပြီ ၁၉ ရက်တွင် ပြောကြားခဲ့ကြောင်း ဘန်ကောက်ပို့စ်သတင်းစာ၌ ဖော်ပြထားသည်။

Ref: Nikkei Asia


READ NEXT
Cancel OK