Top News

ရန်ကုန်မြို့တွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အား မြန်မာနိုင်ငံလျှို့ဝှက်အက်ဥပဒေဖြင့် တရားစွဲဆိုထားမှုအတွက် ယနေ့(ဧပြီ ၂၂ ရက်) ရုံးချိန်းတွင် ရှေ့နေပါဝါတင်ပြခဲ့ပြီး မေ ၆ ရက်သို့ ရုံးချိန်းပြန်လည်ချိန်းဆို
24htopnews | November 29, 2024 4:12 PM CST

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား မြန်မာနိုင်ငံလျှို့ဝှက်အက်ဥပဒေဖြင့် ရန်ကုန်မြို့တွင် တရားစွဲဆိုထားသည့်အမှုအတွက် ယနေ့(ဧပြီ ၂၂ ရက်) ရုံးချိန်းတွင် ရှေ့နေပါဝါတင်ပြခဲ့ပြီး မေ ၆ ရက်သို့ ရုံးချိန်းပြန်လည် ချိန်းဆိုထားကြောင်း အဆိုပါအမှုကို လိုက်ပါဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေ ဒေါ်စန်းမာလာညွှန့်က ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင်တရားရုံးတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အား မြန်မာနိုင်ငံလျှို့ဝှက်အက်ဥပဒေပုဒ်မ ၃(၁)(ဂ)/၉ ဖြင့် တရားစွဲဆိုထားသည့် အမှုအား ယနေ့(ဧပြီ ၂၂ ရက်)တွင် စစ်ဆေးရန်အတွက် ရုံးချိန်းချိန်းဆိုထားခြင်းဖြစ်ကြောင်း သိရသည်။

'' ရုံးချိန်းရှိပါတယ်။ အစ်မတို့ကတော့ ဒီနေ့ဒေါ်အောင်ဆန်းစုကြည်အတွက် ရှေ့နေ ကိုယ်စားလှယ်စာတင်တာလေ။ ပါဝါတင်တာပေါ့။ ပါဝါရှိပြီ။ ဟိုတစ်ပတ် နေပြည်တော်က ပြန်တည်းကရတာ။ ရှေ့နေကိုယ်စားလှယ်လွှဲစာတင်တာ ဒီနေ့'' ဟု တရားလွှတ်တော်ရှေ့နေ ဒေါ်စန်းမာလာညွှန့်က ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင်တရားရုံးတွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အား မြန်မာနိုင်ငံလျှို့ဝှက်အက်ဥပဒေဖြင့် တရားစွဲဆိုထားသည့် အမှုနှင့်ပတ်သက်သည့် အကြောင်းအရာများကို သိရှိရခြင်းမရှိသေးကြောင်း တရားလွှတ်တော်ရှေ့နေ ဒေါ်စန်းမာလာညွှန့်က ပြောကြားသည်။

တရားလွှတ်တော်ရှေ့နေ ဒေါ်စန်းမာလာညွှန့်က ''အမှုနဲ့ပတ်သက်ပြီးတော့ အစ်မတော့ ဘာမှတော့ မသိရသေးဘူး။ အစ်မတို့က အန်တီအတွက်ပဲ ဒီနေ့ ပါဝါတင်တယ်။ အန်တီနဲ့တွေ့ဖို့ လျှောက်ထားတယ်'' ဟု ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင်တရားရုံးတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် အပါအဝင် လူပုဂ္ဂိုလ်ငါးဦးကို မြန်မာနိုင်ငံလျှို့ဝှက်အက်ဥပဒေဖြင့် တရားစွဲဆိုထားခြင်းဖြစ်ကြောင်း သိရသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အား နေပြည်တော် ဇမ္ဗူသီရိမြို့နယ်တရားရုံးတွင် တရားစွဲဆိုထားသည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅ ဖြင့် တရားစွဲထားသည့် အမှုနှစ်မှုအပါအဝင် ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ(၈)၊ ဆက်သွယ်ရေးဥပဒေပုဒ်မ(၆၇)၊ ပုဒ်မ ၅၀၅(ခ) စသည့် အမှုများနှင့်ပတ်သက်၍ Video Conferencing ဖြင့် စစ်ဆေးရန်အတွက် ဧပြီ ၂၆ ရက်တွင် ရုံးချိန်းချိန်းဆိုထားကြောင်း သိရသည်။

 


READ NEXT
Cancel OK