
ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌဦးဘိုဘိုငယ် ကျန်းမာစွာရှိကာရိပ်သာတစ်ခုတွင်ထိန်းသိမ်းထားကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
နေပြည်တော် ပြန်ကြားရေးဝန်ကြီးဌာနတွင် ယနေ့(ဧပြီ ၉ ရက်)မွန်းလွဲပိုင်း၌ပြုလုပ်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့၏ သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်တစ်ဦးက ထိန်းသိမ်းခံထားရသည့် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ သေဆုံးသွားသည့်သတင်းထွက်ပေါ်မှုအား အတည်ပြုမေးမြန်းမှုအပေါ် ဗိုလ်ချုပ်ဇော်မင်းထွန်းက ထိုသို့ဖြေကြား ခဲ့ခြင်းဖြစ်သည်။
“ဦးဘိုဘိုငယ်ကျန်းမာစွာရှိပါတယ်။ အချုပ်ထဲမှာလည်းမဟုတ်ပါဘူး။ အချုပ်အနှောင်လည်းမခံရပါဘူး။ ရိပ်သာမှာပဲရှိပါတယ်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေနဲ့ ထိန်းသိမ်းရမယ့်သူတွေထိန်းသိမ်းတာတွေ ရှိပါတယ်။ စစ်ဆေးရမယ်သူတွေ စစ်ဆေး နေတာရှိပါတယ်။ သို့သော်ဥပဒေအရ အရေးယူခံရမယ့်သူ မဟုတ်ဘူးဆိုရင် အဲဒီလူတွေကိုချုပ်နှောင်ထားတာ ကျွန်တော်တို့ မရှိပါဘူး။ ရိပ်သာတွေမှာပဲထားပြီးတော့ စစ်ဆေးလျက်ရှိပါတယ်။ ဒါနဲ့ပတ်သက်ပြီးကျွန်တော်ပြောလိုတာက ဒီသတင်း သည်မဟုတ်ပါဘူး။ ဒါပေမဲ့တစ်ခုဂရုစိုက်ရမှာက ဘာဂရုစိုက်မှာလဲဆိုတော့ ဒီရက်ပိုင်းအတွင်းမှာ တစ်ချို့ရည်ရွယ်ချက်ရှိရှိ ဖွနေတဲ့လူမျိုးတွေရှိတယ်။ သတင်းမျိုးတွေရှိတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောကြားသည်။
ထို့ပြင် နေပြည်တော်တွင် BBC သတင်းဌာနမှ သတင်းထောက်ကိုအောင်သူရ ထိန်းသိမ်းခံရစဉ်ကလည်း သေဆုံးပြီဟု သတင်း ထွက်ပေါ်ခဲ့ကြောင်း၊ ယခုတစ်ဖန် ဦးဘိုဘိုငယ်သေဆုံးသည်ဟု သတင်း ထွက်ပေါ်လာကြောင်းနှင့် နောက်ကွယ်တွင်ရည်ရွယ်ချက် အမျိုးမျိုးရှိနိုင်ကြောင်း ၎င်းကဆိုသည်။
“ကျွန်တော်မြင်နိုင်တဲ့ရည်ရွယ်ချက်က ဘာကိုမြင်နိုင်လဲဆိုတော့ တစ်ချို့ဆန္ဒပြမှုတွေ တစ်ချို့ဆူပူမှုတွေအရှိန်ကျလာတယ်။ အရှိန် ကျလာတဲ့အချိန်မှာ ထင်ရှားတဲ့သူတစ်ယောက်ယောက် ဒါမှမဟုတ်ရင် အာရုံထားခံရတဲ့သူတစ်ယောက်ယောကကို သေပြီလို့ပြောပြီးတော့ အုံကြွလာအောင်ပဲဖြစ်ဖြစ်၊ သေပြီလို့ပြောပြီးတော့ အကျိုးသက်ရောက်မှုရလာအောင်ပဲဖြစ်ဖြစ် အစပျိုးနေတယ်လို့မြင်တယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောကြားသည်။
ဖေဖော်ဝါရီ ၁ ရက်မှစတင်ကာ ဖမ်းဆီးထိန်းသိမ်းခံရသူများတွင် ဦးဘိုဘိုငယ်လည်းပါဝင်ခဲ့ပြီး ၎င်းအားမည်သည့်အရေးယူမှုများ ပြုလုပ်ထားသည်ကို မသိရှိသေးချိန်တွင် ဧပြီ ၈ ရက်တွင် ဦးဘိုဘိုငယ် သေဆုံးသွားသည်ဆိုသည့် သတင်းများ Facebook လူမှု ကွန်ရက်တွင် ပျံ့နှံ့ခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်