
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည် မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့ (SSPP/SSA) တို့ ၂၀၂၁ ခုနှစ်၊ ဧပြီ ၈ ရက်တွင် SSPP/SSA ဌာနချုပ်တည်ရှိရာ ဝမ်ဟိုင်းတွင် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေး အဖွဲ့၏ အဖွဲ့ခေါင်းဆောင်ဖြစ်သူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောကြားသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့၏ သတင်းစာရှင်းလင်းပွဲကို ဧပြီ ၉ ရက် မွန်းလွဲ ပိုင်းတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ပြီး အဆိုပါ သတင်းစာ ရှင်းလင်းပွဲတွင် ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ထိုသို့ ပြောကြားသည်။
“ဒီငြိမ်းချမ်းရေးဆွေးနွေးမှုလုပ်ငန်းစဉ်တွေကို ကျွန်တေ်ာတို့ လုပ်ခဲ့ပါတယ်။ လုပ်ခဲ့တဲ့နေရာမှာလည်း အောင်မြင်မှုရှိတယ်လို့ပဲ ကျွန်တော် ဒီလောက်ပဲ ပြောချင်ပါတယ်”ဟု SSPP/SSA အဖွဲ့နှင့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေးခဲ့မှုနှင့် ပတ်သက်၍ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောကြားသည်။
ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့၏ ဝမ်ဟိုင်းခရီးစဉ်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရဟတ်ယာဉ် တစ်စီးကို SSPP/SSA အဖွဲ့က သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်းလည်း ၎င်းက ဆိုသည်။
“အဓိကကတော့ အဲဒီရဟတ်ယာဉ်က ကျွန်တော်တို့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် သွားတဲ့ ရဟတ်ယာဉ်ဖြစ်တယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် သွားနေတာ ဖြစ်တယ်။ သူက SSPP နဲ့ ဒီ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရဲ့ ကျွန်တော်တို့ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့နဲ့ မနေ့က တွေ့ဆုံခဲ့ပါတယ်။ ကျွန်တော် ပြောချင်တာကတော့ အခြေအနေ ကောင်းပါတယ်”ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ သွားရောက်ဆောင်ရွက်ရာတွင် အောက်ခြေတွင် သိရှိမှုနည်းပါးသည့်အတွက် ရဟတ်ယာဉ်က ဝမ်ဟိုင်းတွင် အနိမ့်ပျံသည့်အခါ SSPP/SSA အဖွဲ့က ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း၊ ထိုသို့ ပစ်ခတ်ခဲ့မှုအပေါ် SSPP/SSA အဖွဲ့က ဝန်ခံခဲ့ကြောင်းနှင့် အဆိုပါ ဖြစ်ရပ်အတွက် တောင်းပန်ခဲ့ကြောင်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောကြားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်