Top News

နစက ဥက္ကဋ္ဌနှင့် ထိုင်းနိုင်ငံဝန်ကြီးချုပ် တွေ့ဆုံခဲ့ပြီး နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊ နယ်စပ်ကုန်သွယ်ရေးနှင့် အလုပ်သမားဆိုင်ရာကိစ္စရပ်များ ဆွေးနွေး
24htopnews | November 29, 2024 3:12 PM CST

နစက ဥက္ကဋ္ဌနှင့် ထိုင်းနိုင်ငံဝန်ကြီးချုပ် တွေ့ဆုံခဲ့ပြီး နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊ နယ်စပ်ကုန်သွယ်ရေးနှင့် အလုပ်သမားဆိုင်ရာကိစ္စရပ်များ ဆွေးနွေးခဲ့ကြောင်း သိရသည်။

နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် နိုဝင်ဘာ ၇ ရက်မွန်းလွဲပိုင်းတွင် တရုတ်နိုင်ငံ၊ ကူမင်းမြို့၌ ကျင်းပပြုလုပ်သည့် အဋ္ဌမအကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲ ထိပ်သီး အစည်းအဝေးအပါအဝင် ထိပ်သီးအစည်းအဝေးများသို့ တက်ရောက်လာသည့် ထိုင်းနိုင်ငံဝန်ကြီးချုပ် H.E. Ms. Paetongtarn Shinawatra နှင့် ကူမင်းမြို့ရှိ Wyndham Grand ဟိုတယ်၌ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

ထိုသို့ တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့သည် ခွဲခြား၍ မရသည့် အိမ်နီးချင်း မိတ်ဆွေကောင်းနိုင်ငံများဖြစ်ပြီး တစ်နိုင်ငံ၏အရေးကိစ္စသည် တစ်နိုင်ငံအပေါ် သက်ရောက်မှုရှိသည့် အခြေအနေများ၊ နှစ်နိုင်ငံနယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များ၊ နိုင်ငံဖြတ်ကျော် မှုခင်းတိုက်ဖျက်ရေး၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးနှင့် အွန်လိုင်းလောင်းကစားမှု တိုက်ဖျက်ရေးဆိုင်ရာကိစ္စရပ်များ၊ နယ်စပ်ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေး မြှင့်တင်ဆောင်ရွက်သွားနိုင်မည့်အခြေအနေများ၊ အလုပ်သမားဆိုင်ရာကိစ္စရပ်များ၊ နှစ်နိုင်ငံ ဝန်ကြီးဌာနအချင်းချင်းနှင့်ဌာနဆိုင်ရာအချင်းချင်းတို့အကြား ပူးပေါင်း ဆောင် ရွက်မှုများ မြှင့်တင်ဆောင်ရွက်နိုင်မည့် အခြေအနေများ၊ မြန်မာနိုင်ငံ၏ နိုင်ငံရေး ဖြစ်ပေါ်ပြောင်းလဲမှုနှင့် ချမှတ်ထားသည့် ဦးတည်ချက်များအတိုင်း အကောင်အထည် ဖော်ဆောင်ရွက်နေမှု အခြေအနေများ၊ လွတ်လပ်၍ တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်နေ မှု အခြေအနေများနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။


READ NEXT
Cancel OK