
‘မုန်းစွဲ’ ရုပ်ရှင်ဇာတ်ကားကို ထိုင်းနိုင်ငံ မဟာချိုင်အပါအဝင် အခြားသောမြို့များရှိ ရုပ်ရှင်ရုံများ၌ မေလအတွင်း ပြသမည်ဟု သိရသည်။
“ထိုင်းနိုင်ငံမှာ ပြသဖို့အတွက် ‘မုန်းစွဲ’ ဇာတ်ကားကို လာပြီးကမ်းလှမ်းတာတော့ ကြာပါပြီ။ အစ်ကိုတို့ဘက်က မြန်မာအများစုရှိတဲ့ မဟာချိုင်မှာ ပြသနိုင်ဖို့ရော အခြားမြို့တွေမှာ ပြသဖို့အတွက် ညှိနှိုင်းမှုတွေရာ ဆင်ဆာကိစ္စတွေရော ကြာနေတဲ့အတွက် ပြသဖို့အတွက် အချိန်ကြာနေခဲ့တာပါ။ မေ ၉ ရက်မှာတော့ ထိုင်းနိုင်ငံ မဟာချိုင်အပါအဝင် အခြားရုံတွေမှာလည်း ‘မုန်းစွဲ’ ဇာတ်ကားကို ပြသတော့မှာပါ။ ပြသမယ့်ရုံစာရင်းကိုတော့ ပြသမယ့်ရက်နီးရင်ထပ်ပြီး ကြေညာပေးသွားမှာပါ” ဟု 7th Sense Production မှ ဒါရိုက်တာတစ်ဦးဖြစ်သည့် ကိုဝေမင်းမောင်က ဆိုသည်။
7th Sense Production မှ စီစဉ်ရိုက်ကူးသည့် ‘မုန်းစွဲ’ ဇာတ်ကားသည် ဆရာတော် အရှင်ဆန္ဒာဓိက ဟောကြားသည့် ဖြစ်ရပ်မှန် တရားတော်ကို လွင်မင်းအံ့က ဇာတ်ညွှန်းရေးသားထားပြီး ဒါရိုက်တာသြရသက ရိုက်ကူးထားသည်။ ယင်းဇာတ်ကားအတွက် DOP ကိုဝင်းလွင်ထက်က တာဝန်ယူထားပြီး အကယ်ဒမီနေတိုး၊ ကျော်ကျော်ဗိုလ်၊ မင်းသွေး၊ အကယ်ဒမီဖွေးဖွေး၊ အေးဝတ်ရည်သောင်းတို့နှင့် အနုပညာရှင်များစွာ ပါဝင်သရုပ်ဆောင်ထားသည်။ ‘မုန်းစွဲ’ ဇာတ်ကားသည် ရုံတင်ပြသချိန်ကလည်း ရက်သတ္တပတ် ၁၁ ပတ်အထိ ရုံတင်ပြသခဲ့ရသည့် ဇာတ်ကားဖြစ်သည်။ ထို့ပြင် ရုပ်ရှင်ရုံမရှိသည့် မြို့များတွင်လည်း သွားရောက်ပြသခဲ့သည်။
‘မုန်းစွဲ’ ဇာတ်ကားသည် ၂၀၁၈ ခုနှစ်အတွက် ရွေးချယ်ပေးအပ်သည့် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုတွင် အကယ်ဒမီဆုလေးဆုကို ရရှိခဲ့သည်။ အကယ်ဒမီပွဲအပြီးတွင် ‘မုန်းစွဲ’ ဇာတ်ကားအား စင်ကာပူနိုင်ငံ၌ ဧပြီ ၆ ရက်နှင့် ၇ ရက်များတွင်လည်း ပြန်လည်ပြသခဲ့သည်ဟု သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်