
သည်းထိတ်ရင်ဖိုဇာတ်ကား Pet Sematary ကို ရန်ကုန်၊ မန္တလေးအပါအဝင် မြို့ကြီးအချို့ရှိ ရုပ်ရှင်ရုံများ၌ ဧပြီ ၁၇ ရက်မှ စတင်ကာ တစ်ပြိုင်တည်း ရုံတင်ပြသမည်ဟု သိရသည်။
အဆိုပါ Pet Sematary ရုပ်ရှင်ကို အမေရိကန်နိုင်ငံအပါအဝင် နိုင်ငံအများ အပြား၌ ဧပြီ ၅ ရက်မှ စတင်ကာ ရုံတင်ပြသခဲ့ခြင်းဖြစ်သည်။ ကမ္ဘာတစ်လွှားတွင် ယင်းဇာတ်ကား ပြသမှုမှရရှိသည့် ဝင်ငွေသည် ဧပြီ ၇ ရက်အထိ ဒေါ်လာ ၄၁ သန်းကျော် ရရှိခဲ့ပြီဖြစ်ကြောင်း သိရသည်။
ဒေါက်တာ Louis Creed နှင့်ဇနီး Raychel Creed တို့သည် ကလေးနှစ်ဦးနှင့်အတူ ဘော့စတွန်ရှိ ကျေးလက်ဒေသဖြစ်သည့် မိန်းပြည်နယ်သို့ ပြောင်းရွှေ့လာကြ သူများဖြစ်သည်။ သူတို့ဇနီးမောင်နှံ ပြောင်းရွှေ့နေထိုင်သည့် အိမ်အနီးရှိ တောအုပ်နက်အတွင်း၌ ပဟေဠိဆန်ပြီး ခြောက်ကပ်တိတ်ဆိတ်ကာ သွေးပျက်ကြောက်မက်ဖွယ်ကောင်းသည့် မြေမြှုပ်သချိုင်းတစ်ခုရှိနေသည်ကို အိမ်ပြောင်းရွှေ့ပြီးမှ သိရှိသွားခဲ့ကြသည်။
အိမ်သစ်၌အခြေချပြီးမကြာမီမှာပင် Louis သည် အိမ်နီးချင်းဖြစ်သူ Jud Crandall နှင့်အတူ ထိုသချုႋင်းသို့ရောက်ရှိ သွားခဲ့သည်။ ယင်းသချုႋင်းတွင် Louis သည် မကောင်းဆိုးဝါးတစ်ကောင်းအား လွတ်မြောက်စေရန် လှုံ့ဆော်မှုတစ်ခုကို မထင်မှတ်ဘဲ လုပ်မိခဲ့ပြီးနောက် ဖြစ်ပေါ်လာသည်များကို စိတ်လှုပ်ရှားဖွယ် ရိုက်ကူးထားသည့် ဇာတ်ကားဖြစ်သည်။
Pet Sematary ရုပ်ရှင်ကို ဒါရိုက်တာ Kevin Kolsch နှင့် Dennis Widmyer တို့ ရိုက်ကူးပြီး Jasson Clarke, Amy Seimetz, John Lithgow တို့က ပါဝင်သရုပ်ဆောင်ထားသည်။
ယင်းဇာတ်ကားကို ရန်ကုန်မြို့ရှိ နေပြည်တော်၊ မင်္ဂလာစံပြ၊ မင်္ဂလာ(ဂမုန်းပွင့်၊ တာမွေ၊ စိန်ဂေဟာ၊ မြောက်ဥက္ကလာ)၊ JCGV၊ ကန်သာယာနှင့် Capital (သာကေတ) ရုံများ၊ မန္တလေးရှိ မင်္ဂလာ (ဒိုင်းမွန်း၊ စင်တာပွိုင့်)၊ JCGV ရုံများနှင့်အတူ ပဲခူးမြို့ရှိ ICON CINEMA၊ မော်လမြိုင်ရှိ JCGV၊ တောင်ကြီးမြို့ရှိ City Square နှင့် မုံရွာမြို့ရှိ Mingalar Ocean ရုပ်ရှင်ရုံများ၌ ဧပြီ ၁၇ ရက်မှစတင်ကာ တပြိုင်တည်း ရုံတင်ပြသမည်ဟု သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်