Top News

အက်ရှင်အသားပေးဇာတ်ကားအဖြစ်ဖန်တီးထားသည့် ‘တတိယမြောက်ဆုံမှတ်’ ရုပ်သံဇာတ်လမ်းတွဲ မေလဆန်းတွင် ထုတ်လွှင့်ပြသမည်
24htopnews | November 28, 2024 5:12 PM CST

အက်ရှင်အသားပေးဇာတ်ကားအဖြစ် ဖန်တီးထားသည့် ‘တတိယမြောက်ဆုံမှတ်ရုပ်သံဇာတ်လမ်းတွဲကို မေလဆန်းတွင် စတင်ထုတ်လွှင့်ပြသရန် စီစဉ်ထားသည်ဟု သိရသည်။ ယင်းရုပ်သံဇာတ်လမ်းတွဲတွင် ဟိန်းထက်၊ ရှင်မွေလ၊ မြတ်သူသူဇင်၊ မေမီကိုကို၊ ဂျာဆိုင်းအိန်၊ စောမင်းယျာ၊ အင်ကြင်းထူး၊ အကယ်ဒမီမင်းဦး၊ နေမျိုးအောင်၊ ညီနန္ဒ၊ ပြေဇင်၊ ထူးခြား၊ အကယ်ဒမီအောင်ခိုင်၊ ပွင့်နဒီမောင်၊ မြနှင်းရည်လွင်၊ သန်းသန်းစိုး၊ ကိုကိုဦးနှင့်သရုပ်ဆောင်များစွာ ပါဝင်ထားသည်။

မေမီရဲ့ဇာတ်လမ်းတွဲအသစ်ကို ကြည့်ရှုအားပေးလိုတဲ့ ပရိသတ်တွေအတွက် ဇာတ်လမ်းတွဲအသစ်လေး ပြသဖို့ရှိပါတယ်။ မေလဆန်းမှာပြသဖို့ စီစဉ်တယ်လို့တော့ သိရပါတယ်။ တတိယမြောက်ဆုံမှတ်လို့ နာမည်ပေးထားတဲ့ ဒီဇာတ်လမ်းတွဲက အက်ရှင်ဒရာမာ ဇာတ်ကားပါ။ အက်ရှင်တိုက်ခိုက်မှုတွေပါသလို ခံစားမှုကို ပုံဖော်ထားတာတွေလည်း ပါပါတယ်။ မေမီကတော့ဒီဇာတ်ကားမှာ ဒုရဲအုပ်ရဲမေတစ်ယောက်အဖြစ် တွေ့ရပါမယ်။ ရှေ့ဇာတ်ကားတွေနဲ့ ကွဲပြားသွားတဲ့ ဇာတ်ရုပ်အနေနဲ့မြင်တွေ့ရမှာပါ။ ဒီဇာတ်လမ်းလေးမှာ မေမီတို့ အားလုံးသေချာလေးကြိုးစားထားသလို အက်ရှင်အကြမ်းအရမ်းကြိုက်တဲ့ ပရိသတ်တွေအတွက်တော့ ကျေနပ်မယ့်ဇာတ်လမ်းမျိုးလေး ဖြစ်မှာပါ။ ဒီဇာတ်လမ်းတွဲလေး ထုတ်လွှင့်ပြသရင်လည်း အားပေးကြပါဦးလို့လည်း ပြောချင်ပါတယ်”ဟု သရုပ်ဆောင် မေမီကိုကိုက ဆိုသည်။

တတိယမြောက်ဆုံမှတ်ရုပ်သံဇာတ်ကားမှာ မကောင်းမှုဒုစရိုက်လုပ်ငန်းများအား လုပ်ကိုင်နေသူများကို နှိမ်နင်းနိုင်ရန်ကြိုးပမ်းပုံကို အခြေခံကာပုံဖော်ထားသည့် အက်ရှင်အသားပေးဇာတ်ကားတစ်ကားဖြစ်ကာ ချစ်ခြင်းမေတ္တာခံစားမှုများကိုလည်း ထည့်သွင်းပုံဖော်ထားသည့် ဇာတ်ကားဖြစ်သည်။ ယင်းဇာတ်ကားကို မေလဆန်းတွင် ထုတ်လွှင့်ပြသရန်စီစဉ်ထားကြောင်း သိရသည်။ လက်ရှိပြသလျက်ရှိသော လေးစုံတွဲရုပ်သံဇာတ်လမ်းတွဲအပြီးတွင် တတိယမြောက်ဆုံမှတ်ဇာတ်ကားအား ပြသရန်စီစဉ်ထားကြောင်း သိရသည်။


READ NEXT
Cancel OK