
Warner Bros. မှ ထုတ်လုပ်သည့်ထိတ် လန့်ဖွယ်ရုပ်ရှင် The Curse of La Llorona သည် ပြီးခဲ့သည့် သီတင်းပတ်ကုန်ရက်က မြောက်အမေရိကဒေသတွင်း၌ ဝင်ငွေ ဒေါ် လာ ၂၆.၅ သန်းရရှိပြီး ဝင်ငွေအကောင်းဆုံး စာရင်း၏ ထိပ်ဆုံးတွင် ရပ်တည်နေသည်။ သို့သော် ယင်းရုပ်ရှင်သည် မကြာမီပြသတော့ မည့် Avengers; Endgame မတိုင်မီအထိသာ ထိပ်ဆုံးနေရာကို ယူထားနိုင်လိမ့်မည် ဖြစ်သည်။
သားသမီးများကို သတ်ပြီးနောက် လက်ရှိအချိန်အထိ ပြန်လိုက်ရှာနေသော အမျိုးသမီးတစ်ဦးအကြောင်းဖြစ်သည့် မက္ကဆီကို ဒဏ္ဍာရီအား အခြေခံရိုက်ကူးထားသော The Curse of La Llorona သည် ဝင်ငွေအများဆုံးစာရင်းတွင် Shazam! ၏ သီတင်းနှစ်ပတ်ဆက်တိုက် ဗိုလ်စွဲထားမှုကို အဆုံးသတ်နိုင်ခဲ့သည်။ ထိုကြောင့် DC မှ စူပါဟီးရိုးဇာတ်မြူးရုပ်ရှင် Shazam! သည် ပြီးခဲ့သည့် သီတင်းပတ်က ဝင်ငွေဒေါ်လာ ၁၇.၃ သန်းရရှိပြီး စာရင်း၏ ဒုတိယနေရာသို့ ဆင်းသွားခဲ့သည်။ Shazam! သည် စတင်ပြသခဲ့သည့် လွန်ခဲ့သောသီတင်းသုံးပတ်မှစပြီး ဒေသတွင်းမှာပင် ဝင်ငွေစုစုပေါင်းဒေါ်လာ ၁၂၁.၃ သန်းရရှိထားပြီဖြစ်သည်။
ဒစ္စနေလက်အောက်ရောက်သွားပြီးနောက် 20th Century Fox မှ ထုတ်လုပ်သည့် ပထမဆုံးရုပ်ရှင်ဖြစ်သော Breakthrough သည် ဝင်ငွေဒေါ်လာ ၁၁.၁ သန်းဖြင့် ပြီးခဲ့သည့်သီတင်းပတ်အတွင်းက မြောက်အမေရိက၌ တတိယမြောက်ဝင်ငွေအများ ဆုံးရုပ်ရှင်ဖြစ်လာခဲ့သည်။ ဘတ်ဂျက်အနည်းငယ်သာသုံးထားပြီး စိတ်အားတက်စေသည့် ရုပ်ရှင်အမျိုးအစားဖြစ်သော Breakthrough အတွက် ထိုပွဲဦးထွက်ဝင်ငွေပမာဏသည် လေးစားလောက်စရာဖြစ်သည်။
အလွန်အကျူး မျှော်လင့်နေကြသော Avengers; Endgame အတွက် ရုပ်ရှင်စတူဒီယိုတို့က လမ်းရှင်းပေးထားစဉ် La Llorona က ထိပ်ဆုံးသို့ရောက်ရှိလာခြင်း ဖြစ်သည်။ Rotten Tomatoes ၌ အကဲဖြတ်မှုတွင် ၃၂ ရာခိုင်နှုန်းရရှိထားသည့် La Llorona သည် ဆောင်းအကုန်မှ နွေဦးကာလအတွင်း ထွက်ရှိလာပြီး ဒေသတွင်း ဝင်ငွေအများဆုံးဖြစ်ခဲ့သည့် ထိတ်လန့်ဖွယ် ရုပ်ရှင်သုံးကားထဲမှ တစ်ကားဖြစ်သည်။ အခြားနှစ်ကားမှာ Us နှင့် Pet Sematary တို့ ဖြစ်ကြသည်။
လွန်ခဲ့သည့် သီတင်းပတ်ခုနစ်ပတ်ကတည်းက စတင်ပြသခဲ့သည့် Captain Marvel သည် ပြီးခဲ့သည့်သီတင်းပတ်အတွင်းက ဝင်ငွေဒေါ်လာ ၉.၁ သန်းရရှိပြီး စာရင်းနံပါတ် လေးနေရာတွင်ရပ်တည်နေသည်။ Captain Marvel သည် ဒေသတွင်းမှာပင် ဝင်ငွေဒေါ်လာသန်း ၄၀၀ ရရှိထားပြီဖြစ်သည်။
ဇာတ်မြူးရုပ်ရှင် Little က ဝင်ငွေဒေါ် လာ ၈.၅ သန်းရရှိပြီး စာရင်း၏ နံပါတ်ငါးနေရာတွင် ရပ်တည်နေကာ Dumbo ရုပ်ရှင်သည်လည်း နောက်ဆုံးတွင် ဝင်ငွေဒေါ်လာ သန်း ၁၀၀ ကျော်သွားပြီဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်