
Marvel Cinematic Universe ( MCU) သည် စူပါဟီးရိုး ဇာတ်ကား နှစ်ဒါဇင်နီးပါး ဖြန့်ချိခဲ့ပြီး ကမ္ဘာတစ်ဝန်း လက်မှတ်ရောင်းချမှု ဝင်ငွေ ဒေါ်လာ ဘီလျံများစွာရရှိခဲ့ပြီးနောက် စူပါဟီးရိုးအဖွဲ့ Avengers သည် နောက်ဆုံး ဇာတ်ကားအတွက် အဆင်သင့်ဖြစ်နေပြီဖြစ်သည်။ Avengers အဖွဲ့၏ နောက်ဆုံး စွန့်စားခန်းဇာတ်ကား Avengers: Endgame သည် လက်မှတ်ရောင်းချမှု စံချိန်အားလုံးကို ချိုး ဖျက်နိုင်ခြေရှိသည်ဆိုသော ခန့်မှန်းချက်များလည်း ထွက်ရှိခဲ့သည်။
ယင်းဇာတ်ကားကို ဧပြီ ၂၂ရက်တွင် အမေရိကန်၌ ပွဲဦးထွက် မိတ်ဆက်ပြသခဲ့ပြီး အာရှနှင့် ဥရောပနိုင်ငံအချို့၌ ဧပြီ ၂၄ ရက်တွင် ဖြန့်ချိခဲ့သည်။ အမေရိကန်နှင့် ကနေဒါတွင် ဧပြီ ၂၆ ရက်၌ ဖြန့်ချိမည် ဖြစ်သည်။
စူပါဟီးရိုး ဇာတ်ကောင်များစွာပါဝင်သည့် ယင်းဇာတ်ကားသည် ရုပ်ရှင်သမိုင်းတစ်လျှောက်တွင် ပွဲဦးထွက်ဝင်ငွေ ဒေါ်လာ ဘီလျံနှင့်ချီ ပထမဆုံးရရှိမှုနှင့်အတူ စံချိန်များကို ချိုးဖျက်နိုင်ခြေရှိသည်ဟု ပညာရှင်များက ခန့်မှန်းခဲ့ကြသည်။
Avengers: Endgame သည် ပြီးခဲ့သည့်နှစ်က ပရိသတ် စစ်တမ်းကောက်ခံမှုတွင် ၂၀၁၉ ခုနှစ်အတွက် မျှော်လင့်စောင့်စားမှု အများဆုံးဇာတ်ကားလည်း ဖြစ်သည်။
MCU ၏ ၂၂ ကားမြောက် ဇာတ်ကားဖြစ်သော ယင်းဇာတ်ကားသည် လက်မှတ်ရောင်းချမှု ဝင်ငွေစာရင်းတွင် စံချိန်တင်ထားသည့် Avengers: Infinity War ကို အလွယ်တကူ ချိုးဖျက်နိုင်ခြေရှိသည်။
၂၀၁၈ ခုနှစ်က ဖြန့်ချိခဲ့သည့် Avengers: Infinity War သည် ပထမဆုံးဖြန့်ချိသည့် သီတင်းပတ်တွင် လက်မှတ်ရောင်းချမှုဝင်ငွေ ဒေါ်လာ ၆၄၀.၅ သန်း ရရှိခဲ့သည်။
ဧပြီ ၂၂ ရက်တွင် ပွဲဦးထွက်မိတ်ဆက် ပြသခဲ့ပြီးနောက် မူလ Avengers ဇာတ်ကောင် ခြောက်ဦးဖြစ်သည့် ရောဘတ်ဒေါင်းနင်းဂျူနီယာ (Iron Man) ၊ခရစ်အီဗန် (Captain America)၊ ခရစ်ဟမ်းစ်ဝါ့သ် (Thor)၊ စကားလက်ဂျိုဟန်ဆန်( Black Window)၊ မက်ရက်ဖလို (Hulk ) နှင့် တ Jeremy Renner (Hawkeye) သည် ဧပြီ ၂၃ ရက် တွင် အထင်ကရ TCL Chinese Theatre သို့ စုဝေးရောက်ရှိခဲ့ပြီး အင်္ဂတေတုံးများ၌ လက် မှတ်ရေးထိုးခဲ့ပြီး လက်ရာများ ခတ်နှိပ်ခဲ့ကြသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်