
လက်ရှိကျင်းပလျက်ရှိသော New York Fashion week တွင် မြန်မာမော်ဒယ်လ် Beauty သည် ပါဝင်လျှောက်လှမ်းခွင့် ရရှိလျက်ရှိကြောင်း လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် အသိ ပေးထားသည်။ နိုင်ငံတကာရှိ မော်ဒယ်လ်အေဂျင်စီများနှင့် ချိတ်ဆက်ကာ နိုင်ငံတကာမော်ဒယ်လ် Runway တွင် လျှောက် လှမ်းလျက်ရှိသော မြန်မာမော်ဒယ်လ် Beauty သည် New York Fashion week တွင် ပထမဆုံးအကြိမ်အဖြစ် ပါဝင် လျှောက်လှမ်းခွင့်ရရှိခြင်းဖြစ်သည်။ မော်ဒယ်လ် Beauty သည် Asia’s Next Top Model ပြိုင်ပွဲတွင်လည်း မြန်မာကိုယ်စားပြုအဖြစ် ပါဝင်ခွင့်ရခဲ့ပြီး နိုင်ငံတကာမော်ဒယ်လ်များနှင့် တန်းတူ အသိအမှတ်ပြုမှုရရှိစေရန် ကြိုးပမ်းနိုင်ခဲ့သူဖြစ်သည်။
မော်ဒယ်လ် Beauty သည် ထိုင်းနိုင်ငံတွင် ဦးစွာသွား ရောက်ပြီးနောက် မော်ဒယ်လ်လုပ်ငန်း၌ ဝင်ရောက်လုပ်ကိုင်ခဲ့ကာ Asia’s Next Top Model ပြိုင်ပွဲတွင် ယှဉ်ပြိုင်ခဲ့သူဖြစ်သည်။ ယင်းနောက်တွင် နိုင်ငံတကာ မော်ဒယ်လ်အေဂျင်စီများ နှင့်ချိတ်ဆက်၍ မော်ဒယ်လ် Runway များတွင် ပါဝင်လျက်ရှိ သူဖြစ်သည်။ မော်ဒယ်လ် Beauty သည် မြန်မာနိုင်ငံတွင်လည်း ကြော်ငြာရိုက်ကူးမှုအချို့ ပြန်လည်လာရောက်လုပ်ကိုင်ခဲ့ ကြောင်း သိရသည်။
Asia’s Next Top Model သို့ မြန်မာအနုပညာရှင် ဖြစ်သည့် သရုပ်ဆောင် မော်ဒယ်လ်မေမြတ်နိုးသည်လည်း Asia’s Next Top Model မှတစ်ဆင့် တက်ရောက်ခွင့်ရရှိခဲ့ သော်လည်း မော်ဒယ်လ် Beauty မှာမူ နိုင်ငံတကာအေဂျင်စီမှတစ်ဆင့် ဖက်ရှင်ရှိုးတွင် ပါဝင်လျှောက်လှမ်းနေခြင်းဖြစ် သည်။ မော်ဒယ်လ် Beauty သည် Asia’s Next Top Model တွင် ပါဝင်ပြသလျက်ရှိသော ထိပ်တန်း Brand များ၏ ကိုယ် စားပြုမော်ဒယ်လ်အဖြစ် ဝတ်ဆင်ပြသရခြင်းဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်