မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်းမြို့နယ်တွင် အသက် ၁၄ နှစ်အရွယ် မိန်းကလေးကို မုဒိမ်းကျင့်သတ်ဖြတ်ခဲ့သူအား ဖမ်းဆီးရမိခဲ့ကြောင်း မတ် ၂၃ ရက်က သတင်းရရှိသည်။
သပိတ်ကျင်းမြို့နယ်အတွင်း နေထိုင်သည့် အသက်(၄၃ နှစ်) အရွယ် အမျိုးသား(တောင်သူ)နှင့် အသက် (၃၇ နှစ်) အရွယ် ဇနီးဖြစ်သူတို့သည် မတ် ၁၅ ရက် နံနက် ၇ နာ ရီက နေအိမ်တဲမှ ရေယာဉ်ကျေးရွာရှိ ပဲခင်းသို့ ပဲကြီးကောက်ရန်သွားရောက်စဉ် နေအိမ်တွင် ယောက္ခမဖြစ်သူ အသက် (၆၉ နှစ်) အရွယ် အမျိုးသမီး၊ အသက် (၁၄ နှစ်) အရွယ်နှင့် အသက် (၆ နှစ်) အရွယ်ရှိ သမီးနှစ်ဦး၊ အသက် (၂ နှစ်) အရွယ်ရှိသားဖြစ်သူတို့ ကျန်နေခဲ့ကြောင်း၊ လင်မယားနှစ်ဦးသည် ညနေ ၅ နာရီတွင် နေအိမ်တဲသို့ ပြန်လည်ရောက်ရှိရာ ယောက္ခမဖြစ်သူက မြေးဖြစ်သူ အသက် (၁၄ နှစ်) အရွယ်မိန်းကလေးသည် မွန်းလွဲ ၂ နာရီ ခန့်က နွားရွှေ့သွားမည်ဟုပြောပြီး ထွက်သွားရာ နေအိမ်သို့ပြန်ရောက်ရှိလာခြင်းမရှိသဖြင့် မတ် ၂၁ ရက်တွင် နယ်မြေရဲစခန်း (တကောင်း)သို့ တိုင်တန်းခဲ့ကြောင်း သိရသည်။
မတ် ၂၁ ရက် မွန်းတည့် ၁၂ နာရီတွင် မကျီးကုန်းကျေးရွာအုပ်စု ရေယာဉ်ကျေးရွာအနီး ကြံခင်းနှစ်ခင်းကြား သက္ကယ်များဖြင့် ဖုံးထားသည့် လူသေအလောင်းသည် ပုပ်ပွနေကာ လောက်ကောင်များကျလျက် ယာပေါင်တွင် ပြတ်ရှဒဏ်ရာတစ်ချက်၊ ယာပေါင်ရင်းတွင် ပြတ်ရှဒဏ်ရာတစ်ချက်၊ ဝဲပေါင်ရင်း ပြတ်ရှဒဏ်ရာတစ်ချက်တို့ဖြင့် သေဆုံးနေသည့် ပျောက်ဆုံးနေသော အမျိုးသမီးငယ်အား တွေ့ရှိခဲ့ကြောင်း သတင်းရရှိသည်။
ရဲတပ်ဖွဲ့က တရားခံဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်ခဲ့ရာ သေဆုံးသည့် အမျိုးသမီးငယ်အား တွေ့ရှိသည့်နေရာ၏ အရှေ့ဘက် ကိုက် ၂၀၀ ခန့်အကွာရှိ နေအိမ်တွင် နေထိုင်သည့် မြင့်သူအောင် (၂၅ နှစ်) တောင်သူ လုပ်သူသည် ယာဘက်လက်ခလယ် လက်သည်းခွံ ညိုမဲဒဏ်ရာ၊ ယာဘက်လက်ညှိုးပြတ်ရှဒဏ်ရာနှင့် ယာလက်ကောက်ဝတ်တွင်သွားဖြင့် ကိုက်ခံရသည့် ဒဏ်ရာများရရှိထားကြောင်း သိရှိရသောကြောင့် တကောင်းမြို့ပြည်သူ့ ဆေးရုံသို့ ခေါ်ဆောင် စစ်ဆေးခဲ့သည်။
မတ် ၂၂ ရက် ည ၈ နာရီအခန့်တွင် ရဲ တပ်ဖွဲ့ဝင်များက မြင့်သူအောင်အား စစ်မေးခဲ့ရာ ၎င်းသည် မတ် ၁၅ ရက် မွန်းလွဲ ၁ နာရီခွဲခန့်က နေအိမ်အနောက်ဘက်ရှိ ကြံခင်း၏ အနောက်ဘက်လယ်ကွင်းအတွင်း ပျိုးချခြင်း၊ ပေါင်းသတ်ဆေးဖျန်းခြင်းများ ပြုလုပ်ပြီးနောက် လယ်ကွက်အတွင်းတွင် ရေကျန်၊ မကျန်လိုက်လံကြည့်ရှုစဉ် မွန်းလွဲ ၂ နာရီ မိနစ် ၂၀ တွင် ကြံခင်းနှစ်ခုကြား၌ အသက် (၁၄ နှစ်)အရွယ် မိန်းကလေးအား တွေ့ရှိရာ လမ်း၏ယာဘက်ဘေး သက်ကယ်တောအတွင်းသို့ သိုင်းဖက်ခေါ်ယူသွားခဲ့ပြီး သက်ကယ်တောပေါ်တွင် လုံးထွေးနေစဉ် မိန်းကလေးက အော်ဟစ်နေသောကြောင့် ပါးစပ်အား လက်ဖြင့်ပိတ်ထားစဉ် လက်အား အကိုက်ခံခဲ့ရကြောင်း၊ မိန်းကလေးအား မုဒိမ်းကျင့်စဉ် ယာဘက်လက်ဖြင့် ပါးစပ်အား ပိတ်ခဲ့ကြောင်း၊ ယာဘက်လက်ညှိုး၊ လက်ခလယ်တို့ကို ပါးစပ်ဖြင့်ကိုက်သဖြင့် ဝဲလက်ဖြင့်လည်ပင်းအား ဆွဲညှစ်ခဲ့ရာ မိန်းကလေးက လက်ကောက်ဝတ်အား ကိုက်ထားသောကြောင့် လည်ပင်းအား သုံးမိနစ်ခန့်ကြာအောင် ညှစ်ထားခဲ့ရာမှ ရုန်းကန်ခြင်းမပြုတော့ဘဲ အားပျော့သွားရာ မုဒိမ်းကျင့်နေမှုအား ရပ်တန့်ပြီး လှုပ်နှိုးကြည့်ရာ ခေါ်မရသဖြင့် ရေမြောင်းအတွင်းတွင် သက်ကယ်များဖြင့် ဖုံးအုပ်ကာထားရှိခဲ့ကြောင်း၊ မြင့်သူအောင်မှာ မိန်းကလေးအား သားမယားပြုကျင့်စဉ် လူသတ်မှုပါ ကျူးလွန်ခဲ့ခြင်း ဖြစ်ကြောင်း ရဲတပ်ဖွဲ့မှ သိရသည်။
နယ်မြေရဲစခန်း(တကောင်း)မှ မြင့်သူ အောင်အား (ပ)၂၀/၂၀၁၉ ၊ ရာဇသတ်ကြီး ပုဒ်မ ၃၀၂ မှ ၃၀၂/၃၆၃/၃၇၆ သို့ ပြောင်းလဲစစ်ဆေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
-
သပိတ်ကျင်းမြို့နယ်တွင် ၁၄ နှစ်အရွယ် မိန်းကလေးကို မုဒိမ်းကျင့်သတ်ဖြတ်ခဲ့သူကို ဖမ်းဆီးရမိ
-
ဘင်္ဂါလီ ၂၅ ဦးအား ရန်ကုန်သို့ပို့ဆောင်ရန် ခေါ်ဆောင်လာသူသုံးဦးအပါအဝင် စုစုပေါင်း ၂၈ ဦးအား ရေတာရှည်မြို့နယ် သာဂရ-ကိုးပင်ကားလမ်းတွင် ဖမ်းဆီးရမိ
-
ထိုင်းနိုင်ငံအတွင်း လုပ်အားခလစာတိုးမြှင့်မည့်အစီအစဉ်၌ မြန်မာလုပ်သား လေးသိန်းကျော်ရှိသည့် တာ့ခ်ခရိုင် ချန်လှပ်ခံရဟုဆို
-
ဘူးသီးတောင်မြို့ပေါ်သို့ နေရပ်စွန့်ခွာသူများ ထပ်မံရောက်ရှိလာပြီး မြို့ပေါ်ကယ်ဆယ်ရေးစခန်း နှစ်ခုတွင် စစ်ဘေးဒုက္ခသည် ၅၀၀ ကျော်အထိ တိုးလာ
-
၂၀၂၂ ခုနှစ်တွင် ထပ်မံလိုအပ်လာမည့် မဂ္ဂါဝပ် ၃၀၀၀ အတွက် LNG အသုံးပြု၍ လျှပ်စစ်ဓာတ်အား ထုတ်လုပ်သော စီမံကိန်းသုံးခုနှင့် သဘာဝဓာတ်ငွေ့သုံးစီမံကိန်းတစ်ခုကို စီမံကိန်းများစတင်ရန် စီစဉ်