ပေါ်တူဂီ ဂန္ထဝင်ကစားသမားဟောင်း လူးဝစ်ဖီဂိုက ဘောလုံးသမားတစ်ဦးအတွက် အသက်အရွယ်ကြီးရင့် လာခြင်း၏ အဓိကပြဿနာမှာ အမြန်နှုန်းနှင့် ကြံ့ခိုင်မှုဖြစ် ပြီး စီရော်နယ်လ်ဒိုသည် ယင်းအပိုင်းတွင် ပြဿနာမရှိသ ဖြင့် နှစ်ပေါင်းများစွာ ဂိုးများသွင်းယူနိုင်ဦးမည်ဖြစ်ကြောင်း သုံးသပ်ပြောကြားခဲ့သည်။
စီရော်နယ်လ်ဒိုသည် ပြင်သစ်အသင်းနှင့်ကစားသည့် ပွဲများတွင် (၆)ပွဲဆက် ဂိုးပေါက်ပျောက်ခဲ့ခြင်းအတွက် ဆို ရှယ်မီဒီယာပေါ်တွင် လှောင်ပြောင်မှုများနှင့် ရင်ဆိုင်နေရ ချိန်၌ ဖီဂိုက ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ပြီး အချက်အ လက်အရဆိုရလျှင် အတိတ်က ဂိုးများသွင်းခဲ့ခြင်း၊ မသွင်းခဲ့ ခြင်းမှာ အနာဂတ်တွင်ကစားမည့်ပွဲအတွက် အရေးမပါ ကြောင်းလည်း ပြောကြားခဲ့သည်။ ထို့ပြင် စီရော်နယ်လ်ဒို၏ အသက်အရွယ်က သူ့အတွက် ပြဿနာမရှိသည့်အတွက် ဂိုးပေါင်းများစွာကို နှစ်ပေါင်းများစွာသွင်းယူနိုင်စွမ်းရှိပြီး နိုင်ငံ လက်ရွေးစင်အသင်းသမိုင်းတစ်လျှောက် ဂိုးအများဆုံးကစား သမားဖြစ်သည့် အလီဒါယီ၏စံချိန်ကို သေချာပေါက် ကျော် ဖြတ်နိုင်လိမ့်မည်ဟုလည်း ပြောကြားခဲ့သည်။
ဖီဂိုက ''အသက် (၃၅)နှစ်အရွယ်မှာတောင် အခုလို ခြေစွမ်းမျိုးနဲ့ ကစားနေနိုင်တဲ့ သူ့ကို ကျွန်တော်သိပ်တော့ မအံ့သြပါဘူး။ စီရော်နယ်လ်ဒိုရဲ့ ပရော်ဖက်ရှင်နယ်ပီသမှု ကို ကျွန်တော် သိနေလို့ပါ။ သူသာ ဒဏ်ရာပြဿနာ ကင်း စင်နေမယ်ဆိုရင် ဂိုးတွေဆက်သွင်းဦးမှာပါ။ ဘာကြောင့်လဲ ဆိုတော့ ဒါက သူ့ရဲ့ မွေးရာပါ ပါရမီဖြစ်နေလို့ပါပဲ။ သူကံ ကောင်းတာက သူပိုင်ဆိုင်ထားတဲ့ ခန္ဓာကိုယ်တည်ဆောက် ပုံဖြစ်တယ်။ ယုတ္တိကျကျပြောရရင် အသက်အရွယ်ကြီး လာတာနဲ့အမျှ အမြန်နှုန်းနဲ့ ကြံ့ခိုင်မှု လျော့ကျလာနိုင်ပါ တယ်။ ဒါပေမဲ့ ဂိုးသွင်းရမဲ့နေရာရောက်ရင် သူက သူ့ရဲ့ ပါရမီကို အသုံးချပြီး သွင်းနေဦးမှာပဲ။ ပြီးတော့ လက်ရှိ စီ ရော်နယ်လ်ဒိုရဲ့ ကြံ့ခိုင်မှုကလည်း အကောင်းဆုံးပုံစံမှာ ရှိ နေပါသေးတယ်။ စီရော်နယ်လ်ဒိုက နောက်ထပ် နှစ်ပေါင်း များစွာ ဂိုးတွေသွင်းနေဦးမှာပါ။ ကမ္ဘာ့ဘောလုံးသမိုင်းမှာ လက်ရွေးစင်သွင်းဂိုးအများဆုံး ကစားသမားလည်းဖြစ်လာ ပါလိမ့်မယ်'' ဟု ပြောကြားခဲ့သည်။
-
အာဖရိကတွင် ဗိုင်းရပ်စ်တိုက်ဖျက်နိုင်ရေးအတွက် အီသီယိုးပီးယားဝန်ကြီးချုပ်က ဂျီ ၂၀ ခေါင်းဆောင်များထံ အကူအညီတောင်း
-
အိန္ဒိယက ဗိုင်းရပ်စ်ပျံ့နှံ့မှုတိုက်ဖျက်ရေးကို အရှိန်မြှင့်ရန် ပြည်တွင်းလေကြောင်းခရီးစဉ်အားလုံး ရပ်ဆိုင်းမည်
-
ထိုင်းတွင် ဗိုင်းရပ်စ်တိုက်ဖျက်ရန် တစ်လကြာ အရေးပေါ်အခြေအနေကြေညာမည်
-
အင်ဒိုနီးရှားတွင် တစ်ရက်အတွင်း ကူးစက်မှုသစ် အများဆုံးဖြစ်ပွားခဲ့ပြီး ကူးစက်မှုစုစုပေါင်း ၇၀၀ နီးပါးရှိလာ
-
ဖိလစ်ပိုင်တွင် COVID- 19 ကူးစက်မှုသစ် ၃၉ မှု ဖြစ်ပွားခဲ့ပြီး ကူးစက်မှုစုစုပေါင်း ၅၀၀ ကျော် ရှိလာ