Top News

■ ပရီးမီးယားလိဂ်ပွဲစဉ် (၂၅) ပွဲကြိုသုံးသပ်ချက်
24htopnews | November 26, 2024 4:13 PM CST

အဲဗာတန် - အက်စတွန်ဗီလာ (မြန်မာစံတော်ချိန် ဖေဖော်ဝါရီ ၂၅ ရက် ည ၉:၃၀ နာရီ)

အဲဗာတန်က ရှောင်ဒိုက်လက်ထက် (၃)ပွဲမှာ (၂)ပွဲ နိုင်ခဲ့ပြီး တန်းဆင်းဇုန်ထဲကနေ ပြန်တက်လာတယ်။ အသင်းလိုက် ခြေစွမ်းလည်း လမ်းပတ်လက်ထက်ကထက် ပိုမာကျောပါတယ်။ ဒါပေမဲ့ အဲဗာတန်ရဲ့ ခြေစွမ်းက ယုံကြည်လို့ရတဲ့ခြေစွမ်းမျိုး မဟုတ်ဘူး။ စိတ်ဓာတ်နဲ့ပဲ ကစားနေပြီး ခြေအရည်အသွေးက အားနည်းပါတယ်။ ဗီလာက အဲဗာတန်ထက် ကစားပုံပိုကောင်းသလို၊ တိုက်စစ်လည်း ပိုကောင်းတယ်။ ဒါပေမဲ့ အဲဗာတန်ကွင်းမှာတော့ သရေကျဖို့ များတယ်။ 



လိဒ်စ် - ဆောက်သမ်တန် (မြန်မာစံတော်ချိန် ဖေဖော်ဝါရီ ၂၅ ရက် ည ၉:၃၀ နာရီ)

ပရီးမီးယားလိဂ်ရဲ့တန်းဆင်းဇုန်တိုက်ပွဲက တော်တော်လေး စိတ်ဝင်စားစရာကောင်းတယ်။ တကယ်တော့ အောက်ဆုံးအသင်း ဆောက်သမ်တန်၊ အဆင့် (၁၉)က အသင်း လိဒ်စ်ယူနို်က်တက်တို့ဆိုတာ အဆိပ်ရှိတဲ့အသင်းတွေဖြစ်ပြီး၊ သူတို့ အပေါ်က အသင်းတွေကို အချိန်မရွေး ဆွဲချသွားနိုင်ခြေလည်း ရှိတယ်။ ဒီနှစ်သင်းရဲ့ ထိပ်တိုက်တွေ့ဆုံမှုကလည်း အမှတ်ယူနိုင်ဖို့ တော်တော်အရေးပါပါတယ်။ အိမ်ကွင်းကိုပဲ ယုံကြည်ရမှာဖြစ်ပြီး လိဒ်စ်ကို ကြိုက်တယ်။ 



လက်စတာ - အာဆင်နယ် (မြန်မာစံတော်ချိန် ဖေဖော်ဝါရီ ၂၅ ရက် ည ၉:၃၀ နာရီ)

အာဆင်နယ်က အက်စတွန်ဗီလာကို အနိုင်ကစားခဲ့တာက အသင်းရဲ့ စိတ်ပိုင်းဆိုင်ရာအတွက် တွန်းအားတစ်ခု ဖြစ်ခဲ့တယ်။ မန်စီးတီးကလည်း နော်တင်ဟမ်ဖောရက်စ်ကို မထင်မှတ်ဘဲ သရေကျခဲ့တော့ အာဆင်နယ် မန်စီးတီးကို ရှုံးခဲ့တာက  ပြဿနာမဟုတ်တော့ဘူးလို့ပဲပြောရမယ်။ အမှတ်ကွာဟချက်က အရင်အတိုင်းနီးပါး ဖြစ်သွားတယ်။ အခြေအနေက အာဆင်နယ်ကို တွန်းအားပေးနေတဲ့ အခြေအနေဖြစ်ပြီး အာဆင်နယ်ရဲ့ ယုံကြည်မှုကလည်း တော်တော်လေး ပြန်မြင့်တက်လာတယ်။ သူတို့ ဗီလာကို မနိုင်ခင်မှာ (၃)ပွဲဆက် ရလဒ်တိမ်းပါးခဲ့ပေမဲ့ တစ်ပွဲလျော့၊ (၂)မှတ်သာနေဆဲဆိုတဲ့ အနေအထားက ကျေနပ်စရာ ကောင်းတယ်။ အာဆင်နယ်မှာ ဒဏ်ရာပြဿနာတချို့ရှိပေမဲ့ ပြီးခဲ့တဲ့ ဇန်နဝါရီမှာ ဂျော်ဂျင်ဟိုကို ခေါ်လိုက်နိုင်တာက ဒီအချိန်မှာ အကျိုးရှိလာတယ်။ ပါတေးနေရာအတွက် တိုက်ရိုက်အစားထိုးလို့ရသွားပြီး အာဆင်နယ်ကို ဂျော်ဂျင်ဟိုက ထိန်းကစားပေးနိုင်တယ်။ လက်စတာ အိမ်ကွင်းဆိုပေမဲ ့ အာဆင်နယ်ပဲ နိုင်လိမ့်မယ်။ 



ဝက်စ်ဟမ်း - နော်တင်ဟမ်ဖောရက်စ် (မြန်မာစံတော်ချိန် ဖေဖော်ဝါရီ ၂၅ ရက် ည ၉:၃၀ နာရီ)

နော်တင်ဟမ်ဖောရက်စ်က နောက်ပိုင်းပွဲတွေမှာ အံ့အားသင့်စရာပုံစံကို ပြနေတာမှန်ပေမဲ့ တကယ်တမ်းကျတော့ တန်းဆင်းဇုန်နဲ့ အဝေးကြီးမှာ မဟုတ်ဘူး။ ဝက်စ်ဟမ်းက အဆင့် (၁၈) နေရာ ရောက်နေပေမဲ့ ဒီပွဲကိုသာ အနိုင်ကစးခဲ့ရင် အဆင့် (၁၃)နေရာက နော်တင်ဟမ်ဖောရက်စ်နဲ့ (၂)မှတ်ပဲ ကွာတော့မှာ ဖြစ်တယ်။ ဖောရက်စ်က မန်စီးတီးကို စိတ်ဓာတ်ကြောင့်ရော၊ ကံကောင်းတာကြောင့်ရော နိုင်ခဲ့တာဖြစ်ပြီး သူတို့လုပ်နိုင်တာထက် ပိုလုပ်နိုင်ခဲ့တာလို့ ပြောလို့ရတယ်။ ဝက်စ်ဟမ်းပဲ ကြိုက်တယ်။



ဘုန်းမောက် - မန်စီးတီး (မြန်မာစံတော်ချိန် ဖေဖော်ဝါရီ ၂၅ ရက် ည ၉:၃၀ နာရီ)

မန်စီးတီးက နော်တင်ဟမ်ဖောရက်စ်နဲ့ ပွဲမှာ သရေကျခဲ့တာ အရမ်းနစ်နာတယ်။ အာဆင်နယ်ကို ဆက်တိုက်ဖိအားပေး၊ တုန်လှုပ်အောင်လုပ်ပြီး ကျော်တက်ရမယ်အစား သူတို့က မထင်မှတ်ဘဲ ခြေချော်သွားခဲ့တယ်။ အဓိကကစားသမားတွေနဲ့ ခြေကုန်ထုတ်ကစားနေရင်း သရေကျခဲ့တာလည်းဖြစ်တယ်။ ဒီပွဲမတိုင်ခင် ချန်ပီယံလိဂ်ကစားထားရပေမဲ့ မန်စီးတီးလူစာရင်းက ပြဿနာတော့သိပ်မရှိပါဘူး။ ဒါပေမဲ့ ဘုန်းမောက်ကွင်းမှာ ဂိုးတွေအများကြီးနဲ့ နိုင်တာမျိုးတော့မဖြစ်နို်င်ဘူး။ 



ခရစ္စတယ်ပဲလေ့စ် - လီဗာပူးလ် (မြန်မာစံတော်ချိန် ဖေဖော်ဝါရီ ၂၆ ရက် နံနက် ၂:၁၅ နာရီ)

လီဗာပူးလ်က အဲဗာတန်၊ နယူးကာဆယ်တို့ကို ဆက်တိုက်အနိုင်ကစားခဲ့ပြီးတဲ့နောက် ပရီးမီးယားလိဂ် (၃)ပွဲဆက်နိုင်ပွဲကို မျှော်လင့်နေလိမ့်မယ်။ တကယ်တော့ လက်ရှိ အမှတ်ကွာဟမှုအရဆိုရင် လီဗာပူးလ်က တော်တော်လေး မျှော်လင့်ချက်ရှိလာပါတယ်။ အဆင့် (၄)နေရာက စပါးက ရမှတ် (၄၂)မှတ် ရထားချိန်မှာ လီဗာပူးလ်ကလည်း စပါးထက် လျော့နေတဲ့ နှစ်ပွဲကိုသာ အနို်င်ကစားနိုင်ရင် (၄၁)မှတ်အထိ ရောက်လာမယ့် အနေအထားဖြစ်တယ်။  ချန်ပီယံလိဂ်မှာ ရီးယဲလ်ကိုဂိုးပြတ် ရှုံးသွားတာက ပရီးမီးယား လိဂ်ကို ပိုအာရုံစိုက်ဖို့ အခွင့်အရေးလည်း ဖြစ်တယ်။ လီဗာပူးလ် နို်င်ပွဲယူလိမ့်မယ်။ 


READ NEXT
Cancel OK