Top News

■ စီးရီးအေပွဲစဉ် (၂၄) ပွဲကြိုသုံးသပ်ချက် 
24htopnews | November 26, 2024 4:13 PM CST

အမ်ပိုလီ - နာပိုလီ (မြန်မာစံတော်ချိန် ဖေဖော်ဝါရီ ၂၅ ရက် ည ၁၁:၃၀ နာရီ)

အမ်ပိုလီက သရေပွဲတွေဆက်တိုက်များနေပေမဲ့ ကစားပုံမဆိုးပါဘူး။ ပြီးခဲ့တဲ့ရာသီကလည်း နာပိုလီကို နှစ်ကျော့စလုံး အနိုင်ကစားထားတာတွေ့ရတယ်။ နာပိုလီကတော့ လက်ရှိစီးရီးအေပြိုင်ပွဲရဲ့ အကောင်းဆုံးအသင်းဖြစ်ပြီး နိုင်ပွဲတွေကို ခပ်လွယ်လွယ်ယူနေတယ်။ ဒါပေမဲ့ အမ်ပိုလီကွင်းမှာဆိုရင်တော့ နာပိုလီအသင်း ရုန်းကန်ရတတ်တယ်။ သရေကျသွားနိုင်ပြီး နာပိုလီနိုင်ရင်လည်း ဂိုးမပြတ်နိုင်ပါဘူး။



လက်ချီ - ဆာဆူအိုလို (မြန်မာစံတော်ချိန် ဖေဖော်ဝါရီ ၂၆ ရက် နံနက် ၂:၁၅ နာရီ)

ခြေစွမ်းမကွာတဲ့ (၂)သင်းထိပ်တိုက်တွေ့ဆုံတဲ့ပွဲဖြစ်ပြီး ပထမအကျော့က ဆာဆူအိုလို အနိုင်ရထားတယ်။ ဒါပေမဲ့ အိမ်ကွင်းပရိသတ်အားနဲ့ နိုင်ပွဲပြန်ရှှာဖို့ကြိုးစားမယ့် လက်ချီဘက်က ရပ်တည်သင့်ပါတယ်။


READ NEXT
Cancel OK