အစ္စရေးနှင့်ဟားမာ့စ်တို့၏ပဋိပက္ခသည် အခြားနိုင်ငံများကို ပျံနှံ့သွားမည်ဆိုပါက အရှေ့အလယ်ပိုင်း၌ အလွန်ဆိုးရွားသော အခြေအနေတစ်ရပ်ဖြစ်လာမည်ဟု အောက်တိုဘာ ၁၇ ရက်တွင် ဂျော်ဒန်ဘုရင် အဗ္ဗဒူလာ II က သတိပေးပြောကြားလိုက်သည်။
“အရှေ့အလယ်ပိုင်းဒေသတစ်ခုလုံးဟာ အသူတစ်ရာနက်တဲ့ချောက်ထဲ ထိုးကျလုဆဲဆဲဖြစ်နေပါတယ်”ဟု ဘာလင်မြို့တွင် ဂျာမနီဝန်ကြီးချုပ်အိုလက်ဖ်ရှိုးလ်နှင့်တွေ့ဆုံခဲ့ပြီး နောက် ဂျော်ဒန်ဘုရင်က ပြောကြားသည်။
“အဲဒီချောက်ထဲကျမသွား အောင်လုပ်ဖို့ ကျွန်တော်တို့အားလုံးရဲ့ကြိုးပမ်းအား ထုတ်မှုတွေ လိုအပ်နေပါတယ်”ဟု ၎င်းက ပြောသည်။
အောက်တိုဘာ ၁၇ ရက်တွင် အစ္စရေးကို ရောက်လာသည့် ဂျာမနီဝန်ကြီးချုပ် ရှိုးလ်က အစ္စရေး-ဟားမာ့စ်ပဋိပက္ခနှင့်စပ်လျဉ်း၍ သတိပေးပြောဆိုထားသည်။
“ကျွန်တော်တို့ဟာ အရှေ့အလယ်ပိုင်း မှာမီးတောက်လောင်တာကို တားဆီးဖို့ဆိုတဲ့ ရည်မှန်းချက်ရှိထားပါတယ်”ဟု ရှိုးလ်က ပြောသည်။
အစ္စရေးနိုင်ငံ၏ သက်တမ်း ၇၅ နှစ်ရှိ သောသမိုင်းတွင် ဟားမာ့စ်၏အောက်တိုဘာ ၇ ရက် တိုက်ခိုက်မှုဖြစ်ပွားပြီးနောက်ပိုင်း ရှိုးလ်သည် အစ္စရေးနိုင်ငံကိုလာသည့် ပထမ ဆုံး နိုင်ငံတော်အကြီးအကဲဖြစ်လာသည်။
“ဒီပဋိပက္ခမှာ ဟစ်ဇဘိုလာနဲ့အီရန်တို့ ကြားဝင်ပါတာမျိုးမလုပ်ကြဖို့ ဒီတစ်ကြိမ်မှာလည်း ကျွန်တော် သေသေချာချာသတိပေးပါတယ်”ဟု ဂျာမနီဝန်ကြီးချုပ်က ပြောကြားသည်။
အောက်တိုဘာ ၇ ရက်တွင် ဟားမာ့စ်စစ်သွေးကြွအုပ်စု၏ တိုက်ခိုက်မှုအတွက် လက်စားချေရန် ကြိုးပမ်းနေသော အစ္စရေးက ပါလက်စတိုင်းစစ်သွေးကြွအုပ်စု ဟားမာ့စ်ကို စစ်ကြေညာကာ ဂါဇာကို အဆက်အပြတ် ဗုံးကြဲတိုက်ခိုက်မှုများလုပ်ဆောင်ခဲ့ပြီး အစ္စရေးစစ်သားများကမြေပြင်ကျူးကျော်မှု လုပ်ဆောင်ရန် ပြင်ဆင်လျက်ရှိသည်။ ထို့ကြောင့် အစ္စရေး၏ မြေပြင်ဝင်ရောက်ကျူး ကျော်မှုမတိုင်မီ ဂါဇာမြောက်ပိုင်းက ပြည်သူတစ်သန်းကျော်ကိုဂါဇာတောင်ပိုင်းသို့ ပြောင်းရွှေ့ရန် သတိပေးထားသည်။
ဟားမာ့စ်တိုက်ခိုက်မှုအတွင်း ဟားမာ့စ်တိုက်ခိုက်ရေးသမားများက ပစ်ခတ်ခြင်း၊ ဓားဖြင့်ထိုးခြင်း၊ မီးရှို့သတ်ခြင်းတို့ကြောင့် လူ ၁,၄၀၀ ကျော်သေဆုံးခဲ့ရပြီး သေဆုံးသူအများစုမှာ အစ္စရေးအရပ်သားများဖြစ်သည်။ ရက်ပိုင်းအတွင်း အစ္စရေး၏ ကလဲ့စားချေ တိုက်ခိုက်မှုကြောင့် ဂါဇာတွင် အနည်းဆုံးလူ ၂,ရဝဝနီးပါး သေဆုံးခဲ့ပြီး သေဆုံးသူအများစုမှာ သာမန်ပါလက်စတိုင်းအရပ်သားများ ဖြစ်သည်ဟုသိရသည်။
အစ္စရေးက လက်နက်ပစ္စည်းကိရိယာ အစုံအလင်ဖြင့် မြေပြင်ထိုးစစ်ကို အင်ပြည့် အားပြည့်လုပ်ဆောင်ရန်ပြင်ဆင်သည့်အနေဖြင့် စစ်သားအများအပြားကို နယ်စပ်တွင် ဖြန့်ကြက်ထားသည်။
မြေပြင်ကျူးကျော်ဝင်ရောက်မှု မပြုလုပ်မီ အစ္စရေးက တင့်ကားများကို ဂါဇာကမ်းမြောင်အနီးတွင် စုထားလိုက်ပြီဖြစ်သောကြောင့် ဂါဇာအရပ်သားအားလုံး ၂၄ နာရီ အတွင်းမြို့၏တောင်ပိုင်းသို့ရွှေ့ရန် အောက်တိုဘာ ၁၃ ရက်တွင် အစ္စရေးစစ်တပ်က ထုတ်ပြန်ထားသည်။
ထို့ကြောင့် ဂါဇာ-အီဂျစ် နယ်စပ်ဖြတ်သန်းရေးဂိတ်ရာဖာတွင် လူထောင်ပေါင်းများ စွာရောက်ရှိနေသည်။ အဆိုပါဂိတ်သည် အစ္စရေးထိန်းချုပ်ခြင်းမရှိသော တစ်ခုတည်း သောဂိတ်ဖြစ်သည်။
Ref: AFP
-
လက်စတာအသင်း၏ နည်းပြသစ်လျာထားစာရင်းတွင် နစ္စတယ်ရွိုင်း ပါဝင်နေ
-
အသင်းလက်မဲ့ ဖြစ်နေသည့် ရီးယဲလ်နောက်ခံလူဟောင်း ရာမို့စ်ကို (၁၈)လစာချုပ်ဖြင့် ခေါ်ယူရန် နယူးကာဆယ်အသင်း စီစဉ်နေ
-
■ ဂျက်ဆင်ရဲ့အသွင်ပြောင်းဇာတ်လမ်း
-
အနာဂတ်မရေမရာဖြစ်နေခြင်းက ဆာလာကို စိတ်အနှောင့်အယှက်မဖြစ်စေဘဲ ပိုကောင်းအောင်တွန်းအားပေးခြင်းဖြစ်နိုင်ကြောင်း လီဗာပူးလ်နည်းပြ အာနယ်ဆလော့ ပြောကြား
-
ချန်ပီယံလိဂ်သမိုင်းတွင် ပွဲချိန် (၇၅) မိနစ်အထိ (၃-၀) ဂိုးဖြင့် ဦးဆောင်နေပြီးမှ ပွဲအပြီးတွင် အနိုင်မရသည့် ပထမဆုံးအသင်းအဖြစ် မန်စီးတီးအသင်း မှတ်တမ်းဝင်