အစ္စရေးနှင့် တညီတညွတ်တည်းရှိမှုကို ပြသသည့်အနေဖြင့် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်သည် အောက်တိုဘာ ၁၈ ရက်တွင် အစ္စရေးသို့ သွားရောက်မည်ဟု နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်က ပြောကြားခဲ့သည်။
ဂါဇာဒေသရှိ အရပ်သားများကို အကူအညီပေးရေးအတွက် လုပ်ဆောင်သွားရန် အစ္စရေးက သဘောတူညီခဲ့သည်ဟုလည်း ဘလင်ကင်က ကြေညာခဲ့သည်။
အောက်တိုဘာ ၇ ရက်တွင် ဟားမာ့စ်တို့က အစ္စရေးကို တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း အစ္စရေးသို့ ဒုတိယအကြိမ် လာရောက်ခဲ့သည့် ခရီးစဉ်အတွင်း ဘလင်ကင်သည် အစ္စရေးကာကွယ်ရေးဝန်ကြီးဌာန၌ ဝန်ကြီးချုပ် ဘန်ဂျမင် နေတန်ယာဟုနှင့် ရှစ်နာရီနီးပါး တွေ့ဆုံဆွေးနွေးပြီးနောက်တွင် ယင်းသို့ပြောကြားခဲ့ခြင်းဖြစ်သည်။
“သမ္မတကြီးဟာ အမေရိကန်အနေနဲ့ အစ္စရေးနဲ့ တညီတညွတ်တည်းရှိမှုနဲ့ အစ္စရေးရဲ့လုံခြုံရေးအတွက် အမေရိကန်ရဲ့ ခိုင်မာမြဲမြံတဲ့ ကတိကဝတ်တွေကို ထပ်လောင်းအတည်ပြုသွားမှာဖြစ်တယ်”ဟု အောက်တိုဘာ ၁၇ ရက် အစောပိုင်းက တဲအဗစ်မြို့တွင် ဘလင်ကင်က ပြောကြားခဲ့သည်။
“အစ္စရေးဟာ သူတို့ပြည်သူတွေကို ဟားမာ့စ်တွေနဲ့ တခြားအကြမ်းဖက်တွေရဲ့ ရန်ကနေ ကာကွယ်စောင့်ရှောက်ဖို့နဲ့ နောင်မှာဖြစ်ပေါ်လာနိုင်တဲ့ တိုက်ခိုက်မှုတွေကို တားဆီးဖို့အခွင့်အရေးတွေ၊ တာဝန်တွေရှိနေတယ်”ဟု ဘလင်ကင်က ဆိုသည်။
သမ္မတဘိုင်ဒင်အနေဖြင့် အစ္စရေးပြည်သူများကို ကာကွယ်စောင့်ရှောက်ရေးအတွက် လိုအပ်သည်များကိုလည်း နားထောင်သွားမည်ဖြစ်ကာ မိမိတို့အနေဖြင့်လည်း ယင်းလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် ကွန် ဂရက်နှင့် ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဘလင်ကင်က ထပ်မံပြောကြားခဲ့သည်။
သမ္မတဘိုင်ဒင်သည် တဲအဗစ်မြို့သို့ သွားရောက်မည်ဖြစ်ကြောင်း အမျိုးသားလုံခြုံရေးကောင်စီပြောခွင့်ရ ဂျွန်ကာဘီကလည်း ပြောကြားခဲ့သည်။ ထို့အပြင် သမ္မတကြီးသည် ဂျော်ဒန်နိုင်ငံသို့လည်း သွားရောက်မည်ဖြစ် ပြီး ဂျော်ဒန်ဘုရင် အဗ္ဗဒူလာ-၂၊ ပါလက်စတိုင်းခေါင်းဆောင် မာမွတ်အဘက်စ်၊ အီဂျစ်သမ္မတ အက်ဘ်ဒယ် ဖာတာ အယ်-စီစီတို့နှင့် တွေ့ဆုံသွားမည်ဟုလည်း ၎င်းက ဆိုသည်။
အစ္စရေးက ဟားမာ့စ်တို့ အုပ်ချုပ်နေသည့် ဂါဇာဒေသကို မြေပြင်ထိုးစစ်ဆင်ရန် ပြင်ဆင်နေစဉ် ချွတ်ခြုံကျနေသည့် ပိတ်ဆို့ခံဂါဇာဒေသသို့ ပြည်ပအကူအညီများ ပေးအပ်ရန် စီစဉ်ဆောင်ရွက်ရေးနှင့် ပတ်သက်ပြီးအစ္စရေးထံမှ အာမခံချက်များ ရရှိထားပြီးဖြစ်ကြောင်း ဘလင်ကင်က ပြောကြားခဲ့သည်။
အမေရိကန်၏ လူသားချင်းစာနာမှု အကူအညီပေးရေးဆိုင်ရာ ညှိနှိုင်းရေးမှူး ဒေးဗစ်ဆက်တာဖီးလ်ကလည်း ပိုမိုခိုင်မာသေချာသော အစီအမံများဖော်ဆောင်ရန် အစ္စရေးနှင့် လက်တွဲအလုပ်လုပ်သွားမည်ဟု အမေရိ ကန်အစိုးရ တာဝန်ရှိသူများက ပြောကြားခဲ့သည်။
အရပ်သားများ ထိခိုက်သေဆုံးမှု အနည်းဆုံးနှင့် ဟားမာ့စ်တို့ကို အကျိုးမပြုစေဘဲ ဂါဇာဒေသမှ အရပ်သားများဆီသို့ လူသားချင်းစာနာမှု အကူအညီများ ရောက်ရှိနိုင်ရေးအတွက် သေချာစေမည့်ပုံစံဖြင့် အစ္စရေးက စစ်ဆင်ရေးများ မည်သို့မည်ပုံလုပ်ဆောင်မည်ကို သမ္မတဘိုင်ဒင်က နားထောင်သွားမည်ဟု သိရသည်။
အရပ်သားများကို ဘေးကင်းစွာထားရှိနိုင်ရေးအတွက် အထောက်အကူဖြစ်စေမည့် နေရာများကို ဖန်တီးပေးနိုင်မည့် အခွင့်အလမ်းများနှင့် ပတ်သက်၍လည်း နှစ်ဖက်ဆွေးနွေးမှုများ ပြုလုပ်နေသည်ဟု ဘလင်ကင်က ပြောကြားခဲ့သည်။
Ref: AFP
-
လက်စတာအသင်း၏ နည်းပြသစ်လျာထားစာရင်းတွင် နစ္စတယ်ရွိုင်း ပါဝင်နေ
-
အသင်းလက်မဲ့ ဖြစ်နေသည့် ရီးယဲလ်နောက်ခံလူဟောင်း ရာမို့စ်ကို (၁၈)လစာချုပ်ဖြင့် ခေါ်ယူရန် နယူးကာဆယ်အသင်း စီစဉ်နေ
-
■ ဂျက်ဆင်ရဲ့အသွင်ပြောင်းဇာတ်လမ်း
-
အနာဂတ်မရေမရာဖြစ်နေခြင်းက ဆာလာကို စိတ်အနှောင့်အယှက်မဖြစ်စေဘဲ ပိုကောင်းအောင်တွန်းအားပေးခြင်းဖြစ်နိုင်ကြောင်း လီဗာပူးလ်နည်းပြ အာနယ်ဆလော့ ပြောကြား
-
ချန်ပီယံလိဂ်သမိုင်းတွင် ပွဲချိန် (၇၅) မိနစ်အထိ (၃-၀) ဂိုးဖြင့် ဦးဆောင်နေပြီးမှ ပွဲအပြီးတွင် အနိုင်မရသည့် ပထမဆုံးအသင်းအဖြစ် မန်စီးတီးအသင်း မှတ်တမ်းဝင်