အစ္စရေးက ဗုံးကြဲတိုက်ခိုက်မှုများ အဆက်မပြတ် လုပ်ဆောင်နေခြင်းနှင့် ဟားမာ့စ်အဖွဲ့၏ တပ်မှူးများကို ပစ်မှတ်ထား၍ မြေပြင်ထိုးစစ်ဆင်မည်ဟု သတိပေးမှုများထွက်ပေါ်လာပြီးနောက် ပြီးခဲ့သည့်သီတင်းပတ်တွင် ဂါဇာဒေသမှ အိုးအိမ်စွန့်ခွာထွက်ပြေးသူ တစ်သန်းကျော်ရှိခဲ့သည်ဟု ကုလသမဂ္ဂက အောက်တိုဘာ ၁၅ ရက်တွင် ပြောကြားခဲ့သည်။
အောက်တိုဘာ ၇ ရက်က အစ္စလာမ္မစ်စစ်သွေးကြွအုပ်စုဖြစ်သည့် ဟားမာ့စ်တိုက် ခိုက်ရေးသမားများသည် အခိုင်အမာခံစစ် ပြင်ဆင်ထားသည့် နယ်စပ်ကို ထိုးဖောက်၍ အစ္စရေးပိုင်နက်ထဲသို့ ဝင်ရောက်ကာ အရပ် သားအများစု အပါအဝင် လူပေါင်း ၁,၄၀၀ ကျော်ကို သတ်ဖြတ်ခဲ့ပြီးနောက် အစ္စရေးက ဟားမာ့စ်အဖွဲ့ကို စစ်ကြေညာထားသည်။
အစ္စရေးက ဟားမာ့စ်တို့ ထိန်းချုပ်ထားသည့် ဂါဇာကမ်းမြောင်ဒေသကို အပြင်းအထန် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် ဂါဇာဒေသခံ တစ်သန်းကျော် အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရသည်။
အစ္စရေး၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဂါဇာတွင် အရပ်သားအများစုအပါအဝင် လူပေါင်း ၂,၆၇၀ ဦးထက်မနည်း သေဆုံးခဲ့ပြီး လူနေရပ်ကွက်များ အလုံးစုံဖျက်ဆီးခံခဲ့ရသည်။
အစ္စရေးက ၎င်းတို့၏သမိုင်းတွင် အဆိုးရွားဆုံး တိုက်ခိုက်မှုကို လက်တုံ့ပြန်ရန် ကြိုးပမ်းနေစဉ် အာရပ်အဖွဲ့ချုပ်နှင့် အာဖရိကသမဂ္ဂတို့က အစ္စရေး၏ ကျူးကျော်မှုသည် မကြုံဖူးလောက်သည့် လူမျိုးတုံးသတ်ဖြတ်မှု အတိုင်းအတာတစ်ခုဆီသို့ ဦးတည်သွားနိုင်သည်ဟု သတိပေးထားသည်။
ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေး၏ လုပ်ဆောင်ချက်များသည် မိမိကိုယ်ကိုယ်ကာ ကွယ်မှုအတိုင်းအတာထက် ကျော်လွန်နေကြောင်းနှင့် အစ္စရေးအစိုးရအနေနှင့် ဂါဇာဒေသခံများကို ရောနှောအပြစ်ပေးနေမှုကို ရပ်တန့်ရမည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ပြောကြားခဲ့ကြောင်း အောက်တိုဘာ ၁၅ ရက်က ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။
အစ္စရေးသည် ဂါဇာဒေသတွင် ဟားမာ့စ်အဖွဲ့ကို မြေပြင်ထိုးစစ်ဆင်နွှဲရန်ပြင်ဆင်နေချိန်တွင် ဝမ်က ဆော်ဒီအာရေဗျ နိုင်ငံခြားရေးဝန်ကြီး မင်းသား ဖိုင်ဆယ်ဘင်ဖာဟန်နှင့် အောက်တိုဘာ ၁၄ ရက်က ဖုန်းဆက်သွယ်ပြောဆိုမှုတွင် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
“အစ္စရေးရဲ့ လုပ်ဆောင်ချက်တွေဟာ ကိုယ့်ကိုယ်ကိုယ်ကာကွယ်မှုအတိုင်းအတာ ထက်ကျော်လွန်ခဲ့ပါတယ်။ အစ္စရေးအနေနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ တောင်းဆိုချက်တွေကို အလေးအနက်ထားပြီး နားထောင်သင့်ပါတယ်။ပြီးတော့ ဂါဇာဒေသခံတွေကို ရောနှောပြီး အပြစ်ပေးနေတာကို ရပ်တန့်သင့်ပါတယ်”ဟု ဝမ်က ပြောကြားခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
လူဦးရေထူထပ်သည့် ဂါဇာဒေသတွင် မြေပြင်ထိုးစစ်ဆင်နွှဲခြင်းကြောင့် ပိုမိုကျယ်ပြန့်သော လုံခြုံရေးဆိုင်ရာ ဂယက်ရိုက်မှုများ ဖြစ်ပေါ်လာနိုင်သည့် အခြေအနေနှင့်ပတ်သက်၍လည်း စိုးရိမ်တကြီး သတိပေးမှုများ ထွက်ပေါ်လာခဲ့သည်။
“အစ္စရေးဟာ ဂါဇာဒေသဆီ တပ်ဖွဲ့ဝင်တွေ စေလွှတ်မယ်ဆိုရင် ပဋိပက္ခပိုမိုကျယ်ပြန့် မလာအောင်နဲ့ အခြေအနေကို ထိန်းချုပ်နိုင်ရေးနဲ့ပတ်သက်ပြီး ဘယ်သူမှအာမခံနိုင်မှာ မဟုတ်ပါဘူး”ဟု အီရန်နိုင်ငံခြားရေးဝန်ကြီး ဟော့စိန် အမီယာ-အက်ဘ်ဒိုလာဟီယန်က ပြောကြားခဲ့သည်။ အီရန်သည် အစ္စရေး၏ အဓိကရန်သူတော်ဖြစ်ပြီး ဟားမာ့စ်အဖွဲ့နှင့် ဟစ်ဇ်ဘိုလာအဖွဲ့တို့ကို ကျောထောက်နောက် ခံပေးထားသည်။
Ref: AFP
-
လက်စတာအသင်း၏ နည်းပြသစ်လျာထားစာရင်းတွင် နစ္စတယ်ရွိုင်း ပါဝင်နေ
-
အသင်းလက်မဲ့ ဖြစ်နေသည့် ရီးယဲလ်နောက်ခံလူဟောင်း ရာမို့စ်ကို (၁၈)လစာချုပ်ဖြင့် ခေါ်ယူရန် နယူးကာဆယ်အသင်း စီစဉ်နေ
-
■ ဂျက်ဆင်ရဲ့အသွင်ပြောင်းဇာတ်လမ်း
-
အနာဂတ်မရေမရာဖြစ်နေခြင်းက ဆာလာကို စိတ်အနှောင့်အယှက်မဖြစ်စေဘဲ ပိုကောင်းအောင်တွန်းအားပေးခြင်းဖြစ်နိုင်ကြောင်း လီဗာပူးလ်နည်းပြ အာနယ်ဆလော့ ပြောကြား
-
ချန်ပီယံလိဂ်သမိုင်းတွင် ပွဲချိန် (၇၅) မိနစ်အထိ (၃-၀) ဂိုးဖြင့် ဦးဆောင်နေပြီးမှ ပွဲအပြီးတွင် အနိုင်မရသည့် ပထမဆုံးအသင်းအဖြစ် မန်စီးတီးအသင်း မှတ်တမ်းဝင်