
မြန်မာနိုင်ငံတွင် အနုပညာ လုပ်ငန်းများ လုပ်ကိုင်ရန်အတွက် ဗီယက်နမ် အလှမယ် ငုရင်ထရန်ဟုရန်မေသည် ဇူလိုင် ၂၂ ရက်တွင် ရန်ကုန်မြို့သို့ ရောက်ရှိမည်ဟု Myanmar Media 7 မှ သိရသည်။“ဗီယက်နမ် အလှမယ် ငုရင်ထရန်ဟုရန်မေ အနေနဲ့ ရန်ကုန်ကို တတိယအကြိမ် အဖြစ် ဇူလိုင် ၂၂ ရက်မှာ ရောက်ရှိပါမယ်။ ဒီတစ်ခေါက်လာတာက မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ် အနုပညာ လှုပ်ရှားမှုတွေ စတင် လုပ်ဆောင်တာလည်း ဖြစ်ပါတယ်။ သူ့အနေနဲ့ ဒီတစ်ခေါက်မှာ ဖက်ရှင်နဲ့ ရတနာပစ္စည်း အရောင်းဆိုင်တွေ အတွက် တီဗီကြော်ငြာနဲ့ ဓာတ်ပုံ ကြော်ငြာတွေ လာရောက် ရိုက်ကူးတာပါ။ ဒီအတွက် ကျွန်တော်တို့ Myanmar Media 7 က ချိတ်ဆက်ပေးတာပါ” ဟု Myanmar Media 7 ဥက္ကဋ္ဌ ကိုဝေမင်းမောင်က ဆိုသည်။ဗီယက်နမ် အလှမယ် ငုရင်ထရန်ဟုရန်မေသည် ဇူလိုင် ၂၂ ရက် ညပိုင်းတွင် ရန်ကုန်မြို့သို့ ဗီယက်နမ် လေကြောင်းလိုင်းဖြင့် ရောက်ရှိလာမည် ဖြစ်ကာ ၂၄ ရက် ညပိုင်းတွင် ပြန်လည် ထွက်ခွာမည်ဟု သိရသည်။ ငုရင်ထရန်ဟုရန်မေသည် ၂၀၁၆ ခုနှစ်အတွင်း Myanmar Media 7 မှ ရိုက်ကူးမည့် ရုပ်ရှင်ဇာတ်ကား အတွက် မြန်မာနိုင်ငံသို့ ၂၀၁၅ ခုနှစ် ဒီဇင်ဘာ အတွင်းက မြန်မာနိုင်ငံသို့ ပထမဆုံး အကြိမ် ရောက်ရှိခဲ့ပြီး မီဒီယာများနှင့် တွေ့ဆုံခဲ့သည်။ ၂၀၁၆ ခုနှစ် ဇွန်လအတွင်း ဒုတိယအကြိမ် ရောက်ရှိခဲ့ပြီးနောက် မြန်မာအနုပညာရှင်များနှင့် ရိုက်ကူးမည့် ဇာတ်ကားအတွက် ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။ ယခုအကြိမ်တွင်မူ မြန်မာနိုင်ငံ၌ ပထမဆုံး အကြိမ် အနုပညာ လှုပ်ရှားမှုများ ပြုလုပ်ရန် အတွက် ရောက်ရှိလာမည် ဖြစ်ကြောင်း သိရသည်။Myanmar Media 7 က စီစဉ်သည့် ရုပ်ရှင်ဇာတ်ကားတွင် အကယ်ဒမီ နေတိုးနှင့် ဗီယက်နမ် အလှမယ် ငုရင်ထရန်ဟုရန်မေတို့ အဓိက ပါဝင် သရုပ်ဆောင်မည်ဖြစ်ကာ ၂၀၁၇ ခုနှစ် မေလတွင် ရိုက်ကူးရန် စီစဉ်ထားခြင်း ဖြစ်သည်။ ယင်းဇာတ်ကားအတွက် ဇာတ်ညွှန်းကို သည်ခေတ်နေက ရေးသားထားပြီး ဒါရိုက်တာ သြရသက ရိုက်ကူးသွားမည်ဟု သိရသည်။ ယင်းဇာတ်ကားတွင် နေတိုး၊ ငုရင်ထရန်ဟုရန်မေတို့နှင့်အတူ ထွန်းထွန်း၊ ခင်ဝင့်ဝါတို့ ပါဝင်မည်ဟု သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်