
ကနေဒါအဆိုတော် စလင်းဒီယွန်သည် အယ်လ်ဘမ်သစ် ဖြန့်ချိရန်အသင့် ဖြစ်နေပြီး ယင်းအယ်လ်ဘမ်တွင် ပြင်သစ်နာမည်ကြီးများ ပူးပေါင်း ပါဝင်ထားသည်ဟု ၎င်း၏ တေးသံသွင်းကုမ္ပဏီက ဇူလိုင် ၁၈ ရက်တွင် ထုတ်ပြန်ခဲ့သည်။ စလင်းဒီယွန်သည် ခင်ပွန်းသည် သေဆုံးပြီးနောက် ပထမဆုံးဖြန့်ချိမည့် အယ်လ်ဘမ်သစ်ကို Encore Un Soir ဟု အမည်ပေးထားပြီး သြဂုတ် ၂၆ ရက်တွင် ဖြန့်ချိရန် စီစဉ်ထားသည်။
ယင်း အယ်လ်ဘမ်၏ ခေါင်းစီးသီချင်း Encore Un Soir (One More Night) ကို မေလက ဖြန့်ချိခဲ့သည်။
ပြင်သစ် နာမည်ကြီး ပေါ့ပ်စတာ Jean Jacques Goldman က ရေးစပ်ပေးခဲ့သည့် ယင်းသီချင်းသည် ကွယ်လွန်သူ ခင်ပွန်း ရီနီအိန်ဂျလီကို ရည်စူးသည့် အချစ်သီချင်းဟု အသက် ၄၈ နှစ်အရွယ်ရှိ ဒီယွန်ကဆိုသည်။
ယင်အယ်လ်ဘမ်တွင် နာမည်ကျော် ပြင်သစ်ရော့ခ် အဆိုတော်များဖြစ်သည့် Francis Cabrel နှင့် Serge Lama တို့ ရေးစပ်ပေးသည့် သီချင်းတစ်ပုဒ်လည်း ပါဝင်သည်ဟု Sony Music က ထုတ်ပြန်ခဲ့သည်။
ဒီယွန်သည် ၁၉၉၀ ပြည့်လွန်နှစ်များတွင် အိန်ဂျလီ၏ အကူအညီဖြင့် ဂီတလောကတွင် အောင်မြင်သည့် အဆိုတော်တစ်ဦး ဖြစ်လာခဲ့ပြီး ၁၉၉၄ ခုနှစ်တွင် အိန်ဂျလီနှင့် လက်ထပ်ခဲ့သည်။
စလင်းဒီယွန်ကို အဆိုတော်ဖြစ်အောင် ကူညီပေးခဲ့သာမက ၎င်း၏ အနုပညာလုပ်ငန်းများကို စီမံခန့်ခွဲပေးခဲ့သည့် အသက် ၇၃ နှစ်အရွယ်ရှိ အိန်ဂျလီသည် ကာလကြာ ခံစားနေရသည့် ကင်ဆာရောဂါ ဖြင့် ဇန်နဝါရီ ၁၄ ရက်တွင် ကွယ်လွန်ခဲ့သည်။
အိန်ဂျလီသည် ကျန်းမာရေး အခြေအနေကြောင့် ၂၀၁၄ ခုနှစ်တွင် ဒီယွန်၏ မန်နေဂျာအဖြစ် နုတ်ထွက်ခဲ့ပြီး ၎င်း၏သူငယ်ချင်းကို အစားထိုးခန့်အပ်ခဲ့သည်။ စလင်းဒီယွန်သည် တစ်သက်တာရောင်းအား အကောင်းဆုံး အဆိုတော်တစ်ဦးဖြစ်ပြီး ဂီတသက်တမ်း ၃၆ နှစ်အတွင်း အယ်လ်ဘမ်ချပ်ရေ သန်း ၂၂၀ ကျော် ရောင်းချနိုင်ခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်